အိမ် ခြံ မြေ အကျိုးဆောင်များ၏ ကျင့်ဝတ်

06-Jan-24 Knowledge
အိမ် ခြံ မြေ အကျိုးဆောင်များ၏ ကျင့်ဝတ်

အိမ် ခြံ မြေ နယ်ပယ်မှ လုပ်ကိုင်နေကြသော အိမ် ခြံ မြေ အကျိူးဆောင်များ ၏
ကျင့်ဝတ်ကောင်းများ ကို ဖော်ပြပေးလိုက်ပါတယ်။
အိမ်ခြံမြေ ဝယ်ယူကြမည့်သူများအနေဖြင့် များပြားတဲ့ ငွေပမာဏကို ပေးဆောင်ပြီး
မှသာလျှင် ဝယ်ယူကြရတာ ဖြစ်ပါတယ်။
အိမ် ခြံ မြေ အရောင်း တွေဟာလည်း အကျိုးဆောင်တွေဆီမှာ
သာလျှင် တစ်စုတစ်စည်းတည်း များစွာတွေ့ရှိနိုင်တာပါ။


အကျိုးဆောင်များ အနေဖြင့်အောင်မြင်တဲ့ အိမ်ခြံမြေ အကျိုးဆောင်ကောင်းတစ်ယောက် 
ဖြစ်ရန်အတွက်လုပ်သင့် လုပ်ထိုက်တာတွေများစွာ ရှိပါတယ်။
အိမ်ခြံမြေအရောင်း တွေ တစ်စုတစ်စည်းတည်းရှိတဲ့ အကျိုးဆောင်တွေရဲ့ ကျင့်ဝတ်ကောင်း
များကတော့ 
1 - အရောင်းအဝယ် ပြုလုပ်ပေးရပြီဆိုလျှင် အရောင်းအဝယ်ကိစ္စ အစအဆုံးအတွက် 
   ဝယ်ယူသူ ၊ ရောင်းချလိုသူ တို့ရဲ့ အကျိုးစီးပွားကိုသာလျှင် ဦးစားပေးခြင်း။


   ( အိမ်ခြံမြေအကျိုးဆောင် များအနေဖြင့် ဝယ်ယူသူတွေကို ဝန်ဆောင်မှု့ပေးတဲ့အခါ 
  ကိုယ့်အကျိုးစီးပွားထက် ဝယ်ယူသူရဲ့ အဆင်ပြေမှု့ကိုသာလျှင် အဓိကကြည့်တာပါ။)
2 - အိမ်ခြံမြေပိုင်ဆိုင်မှု့ များနှင့် ပတ်သက်ပြီး အချက်အလက်တွေ လွဲမှားစွာတင်ပြခြင်း၊
    ချဲ့ကားပြောဆိုခြင်း ၊ဖုံးကွယ်ထားခြင်းများ မရှိခြင်း။
     အိမ်ခြံမြေ အကျိုးဆောင်ဘဝ တိုးတက်ချင်တယ်ဆိုရင်တော့ ဖုံးကွယ်တာတွေ လုံးဝမလုပ်ကြပါဘူး။
3 - အိမ်ခြံမြေ မပြသမှီနဲ့ ပြသနေစဉ် အတောအတွင်း အရောင်းအတွက် ကြော်ငြာ ကုန်ကျစရိတ်များ
   ကို ကိုယ်တိုင်သာလျှင် ကျခံခြင်း။ ( ဥပမာ အနေဖြင့်- အသိအကျိုးဆောင် တစ်ယောက်ဆီကနေ
   ကြားဖူးတာရှိပါတယ်။ ဆီဖိုးစရိတ်ပေးမှ အိမ်လိုက်ပြပေးမယ်ဆိုတာတွေ ၊ ကြော်ငြာတင်ပေးထားတဲ့
   ဒေတာဖိုးပေးမှ အရောင်းတင်ပေးမှာတွေ ၊ သူ့ဆီကနေ အရောင်းမထွက်လည်း တခြားသူဆီကနေ
    ထွက်သွားရင် သူ့အား ပမာဏဘယ်လောက်ပေးရမှာတွေ စသဖြင့် ရှိပါတယ်။ )
4 - လာဘ်ပေးလာဘ်ယူ များလည်း မရှိခြင်း။
professional ဆန်ဆန် အလုပ်လုပ်တဲ့  အကျိုးဆောင်များဟာ လာဘ်ပေးလာဘ်ယူ ပွဲညွှန့်တင်တာတွေ လုံးဝမလုပ်ပါဘူး။
5 - အရောင်းအဝယ်အတွက် ပြုလုပ်သော စာရွက်စာတမ်း များမှာလည်း မှားယွင်းမှု့မရှိဘဲ တိကျသေချာခြင်း။
6 - ရောင်းသူ ၊ ဝယ်ယူသူ customer များအားလုံးကို တန်းတူ ဝန်ဆောင်မှု့ပေးခြင်း။
    မရောင်းချခင် ပြင်ဆင်သင့်တာတွေကိုလည်း သေချာ ပြောပြပေးတတ်ကြပါတယ်။
7- အသုံးပြုနေသော social media စာမျက်နှာတွင် အိမ်ခြံမြေအရောင်း နှင့် ပတ်သက်ပြီး
    လွဲမှားသော၊မဟုတ်မမှန်သော ကြောငြာစာသားများ မရှိခြင်း။
  ဝယ်ယူသူတွေကို သေချာစွာပြသပေးနိုင်ရန်အတွက် အချက်အလက်နဲ့ သေချာမှတ်ထားတာမျိုးတွေ လုပ်ကြပါတယ်။
8 - အိမ်ခြံမြေနှင့် ပတ်သက်သည့် ကျင့်ဝတ် ဥပဒေများစွာကို ကိုယ်တိုင်သိရှိပြီး လိုက်နာခြင်း။
9 - အိမ်ခြံမြေနှင့် ပတ်သက်ပြီး မှားယွင်းစွတ်စွဲပြောဆိုခံရမှု့များလည်း မရှိခြင်း။
10 - တခြား မသမာသူများနှင့် ပူးပေါင်းပြီးဝယ်ယူသူကို လိမ်ညာခြင်း ၊ရောင်းချသူကို လိမ်ညာခြင်းများလည်း
 မရှိခြင်း။
စတာတွေပဲ ဖြစ်ပါတယ်။
 

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate