Professional ဆန်ဆန် အလုပ်လုပ်ကြသော အိမ်ခြံမြေအကျိုးဆောင်များ စိတ်နေစိတ်ထားနှင့် လုပ်ရပ်များ။

11-Nov-23 Knowledge
Professional ဆန်ဆန် အလုပ်လုပ်ကြသော အိမ်ခြံမြေအကျိုးဆောင်များ စိတ်နေစိတ်ထားနှင့် လုပ်ရပ်များ။

Professional ဆန်ဆန် အလုပ်လုပ်ကြသော အိမ်ခြံမြေအကျိုးဆောင်များ စိတ်နေစိတ်ထားနှင့် လုပ်ရပ်များ။

 

(၁)     အိမ်ခြံမြေ  တိုက်ခန်း  ကွန်ဒို များကို ရောင်းချကြတဲ့ အိမ်ပိုင်ရှင်တွေ အပ် ထားသည်များကို professional အကျိုးဆောင်များဟာ လုံးဝကို စျေးတင်ပြီး မခေါ်ပါဘူး ။ အိမ်ရှင်ခေါ်တဲ့ စျေးကိုသာခေါ်ကြပြီး အရောင်းအဝယ် ဖြစ်မှသာလျှင် အကျိုးဆောင်ခ ( ခေါ် ) ပွဲခကို ရယူကြရတာ ဖြစ်ပါတယ် ။ ဥပမာအနေနဲ့- အိမ်ရောင်းလိုတဲ့ ပိုင်ရှင်တစ်ယောက်က အကျိုးဆောင် တစ်ယောက်ကို အရောင်းအပ်လိုက်တဲ့အခါ

 

           ထိုအကျိုးဆောင်က ပွဲညွှန့်ပြီး စျေးခေါ်လိုက်ပါတယ် ။ အဲဒါကို ပိုင်ရှင်က သိသွားတဲ့အခါ သူ့အိမ်ကို စျေးအမျိုးမျိုးခေါ်လို့ စျေးပျက်ရတယ် ဆိုပြီး ပြောလာခဲ့ပါတယ် ။

ဒီကိစ္စနဲ့ ဆန့်ကျင်ဘက်တစ်ခု ကလည်းရှိပါသေးတယ် ။ အိမ်အရောင်းအပ်တဲ့သူက အကျိုးဆောင်တွေအများကြီး ဆီမှာအရောင်းအပ်ထားပြီး

အကျိုးဆောင် တစ်ယောက်ချင်းစီကို စျေးတစ်ခုပြီး တစ်ခုပြောပြီး ခေါ်တဲ့အခါ professional သမားတွေလည်း ပွဲညွှန့်တင်တယ် ဆိုပြီး ဖြစ်ကုန်တဲ့ကိစ္စရပ် လည်းရှိပါတယ် ။

ဘာပဲပြောပြော professional သမားတွေကတော့ လုံးဝကို ပွဲညွှန့်တင်ပြီး မခေါ်ပါဘူး။

 

(၂)      အဝယ်သမားတွေက အိမ်ခြံ မြေ နှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို မေးမြန်းလာတဲ့ အခါမှာဆိုရင်လည်း ၊  ရောင်းနေတဲ့ အိမ်ခြံမြေရဲ့ မြင်ကွင်း ဓာတ်ပုံ ၊ လမ်းအနေအထား ၊ အနီးအနားက မြင်ကွင်းပတ်ဝန်းကျင် ၊ ပိုင်ဆိုင်မှု့ပြ စာရွက်စာတမ်း ၊ ရေမီးရရှိမှု့ ၊ စျေးနှုန်းမှန်ကန်မှု့

စတာတွေကို တိကျစွာနဲ့ ပြပေးပါတယ် ။ အခုခေတ်က internet ပေါ်မှာမြင်ပြီးမှ မြေပြင်ကို လာရောက်ကြည့်ရှု့ကြတဲ့ခေတ်ဆိုတော့

internet မှာတိကျစွာပြပြီးမှ ကြိုက်တယ် ဆိုကာ မှ မြေပြင်မှာ လိုက်ကြည့် တဲ့အခါ နှစ်ဦးနှစ်ဖက် စလုံးအတွက် အဆင်ပြေကြ ခြင်းကြောင့်

professional သမားတွေကတော့ ဒီလိုပဲအမြဲလုပ်ပါတယ် ။

 

(၄)      ကိုယ်တိုင်လုပ်တဲ့ အိမ်ခြံမြေ အကျိုးဆောင် အလုပ်အပေါ် မှာတန်ဖိုးထားပြီး customer များအပေါ်မှာလည်း စေတနာအပြည့်အဝ ထားကြပါတယ် ။ထို့အတွက်ကြောင့် မိမိဆီကနေ အရောင်းအဝယ် ဖြစ်သွားပြီး နောင်တစ်ချိန်စာရွက်စာတမ်း နှင့် ပတ်သက်ပြီး ဖြေရှင်းပေးစရာများ ရှိရင်လည်း တစ်ခါစားဆိုတဲ့ စိတ်မထားဘဲ ဝင်ရောက် ကူညီဖြေရှင်းပေးကြပါတယ် ။ သူတို့တွေဟာ ဘယ်တော့အခါမှ မခိုင်မာတာတွေ နှင့် အရှုပ်အရှင်း ဖြစ်နေတာတွေကို မရောင်းပေးပါဘူး။

professional အကျိုးဆောင် အလုပ်လုပ်တဲ့သူတွေ များစွာရှိတဲ့အတွက်ကြောင့် အိမ်ခြံမြေများကို ဝယ်ယူကြမယ့် မိတ်ဆွေ အဝယ်တော်များအနေဖြင့်လည်း ရောင်းမှားဝယ်မှားမဖြစ်ဘဲ သေချာရွေးချယ် နုင်ကြပါစေ ။

 

        professional အိမ်ခြံမြေ အကျိုးဆောင်များလည်း ဝယ်လက်တိုးလို့ ရောင်းပန်းပွင့်ပါစေ။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate