ပွဲညွှန့်တင်တာမဟုတ်ဘဲ မျက်နှာပျက်ခဲ့ရတဲ့ ကျွန်တော့်အဖြစ်

ကျွန်တော် ဆယ်စုနှစ်ကြာ အကျိုးဆောင်အလုပ်ကို
လုပ်ကိုင်နေတဲ့သူ တစ်ယောက်ပါ။
အရောင်းအပ်တဲ့သူ များလိုက် ပွဲဖြစ်လိုက်နဲ့
ကျင်လည်ရင်း နေလာခဲ့တာ
ဆယ်စုနှစ် ဆိုတာကလည်း ခဏလေးပါပဲ။
ပွဲဖြစ်တာချည်းပဲ မဟုတ်ပါဘူး
ပြဿနာတွေကို ထိုင်ရှင်းရင်း
အချိန်ကုန်ခဲ့တဲ့ လတွေလည်း ပေါတာပေါ့။
အဲဒီထဲကမှ မကြာသေးခင်က ထပ်ဖြစ်ခဲ့တဲ့
အဖြစ်အပျက်ကို ပြောပြချင်ပါတယ်။
ကျွန်တော်ဆီကို သိန်း(၁၀၀၀)တန်
အိမ်လေး အရောင်းအပ်ထားတာ။
အပ်ထားသူက အသက်လည်းကြီးပြီဖြစ်တဲ့
အန်တီကြီး တစ်ယောက်ပေါ့။
အပ်ထားတာကလည်း (၈)လလောက်ကြာပါပြီ။
ကြိုက်တဲ့သူက မတွေ့တာလည်းပါတာပေါ့။
နောက်တော့ အဲဒီအိမ်ကို ကြိုက်တယ်ဆိုပြီး
ကျွန်တော့်ဆီကနေ တစ်ခါဝယ်ဖူးကာ
ထပ်ဝယ်ချင်ပါတယ်ဆိုတဲ့ ဝယ်လက်တစ်ယောက်
ရောက်လာတယ်။
“အကိုရေ စျေးက (၁၀၀၀)လား
ကျွန်တော် ဒါလေး ဝယ်ဥထားချင်တယ်ဗျ”
“ ဟုတ်ကဲ့ ပိုင်ရှင်က (၁၀၀၀)ခေါ်ထားပါတယ်။
တကယ်လို့ သွားကြည့်မယ်ဆို
ဘယ်အချိန်ဖြစ်ဖြစ် ပြောပါဗျ(ညအချိန်က လွဲရင်ပေါ့)”
“ဟုတ်ကဲ့ ကျွန်တော် လာမယ့်
Sunday မှာ လာကြည့်ချင်ပါတယ်။
အကို တစ်ချက်အချိန်ရမလား ခင်ဗျာ”
“ ဒီနေ့က ကြာသပတေးဆို နောက်သုံးရက်
မြောက်နေ့ပေါ့ ကျွန်တော် ပြင်ဆင်ထားလိုက်ပါမယ်”
ဒီလိုနဲ့ပဲ အဲဒီအိမ်လေးလည်း ရောင်းထွက်ဖို့
ဖန်လာတော့တာပါပဲ။ ကျွန်တော်လည်း လာမယ့်
တနင်္ဂနွေမှာ ဝယ်လက်လာကြည့်မည်
ဖြစ်ကြောင်းကို ပိုင်ရှင်အန်တီ ဆီ ဖုန်းဆက်ပြီး
ပြောပါတယ်။ ပိုင်ရှင်အန်တီလည်း
အေး ခေါ်လာခဲ့ဆိုပြီးပဲ ပြောပါတယ်။
တနင်္ဂနွေနေ့ရောက်တော့ ကျွန်တော်နဲ့
ကျွန်တော့် ဝယ်လက်ဖြစ်သူက
အရောင်းအိမ်ဆီကို သွားခဲ့ပါတယ်။
ရောက်ရောက်ချင်း ကျွန်တော့်ရှေ့မှာ
ပြောလိုက်တာက
“ သိန်း (900) အပိတ်ပဲ”
ဆိုပြီး ပြောလိုက်ပါတယ်။
(၁၀၀၀)နဲ့ အရောင်းအပ်ထားလို့ (၁၀၀၀)စျေးနဲ့
ခေါ်လာပေးတဲ့ ကျွန်တော့်ရှေ့မှာ ကျွန်တော်မပြောခင်
ပြောချလိုက်တဲ့ စကားက ကျွန်တော့်အနေနဲ့
ပွဲညွှန့်တင်ရာ ရောက်နေပါတယ်။
(900) အပိတ်ဆိုတော့လည်း ကျွန်တော့်
ဝယ်လက်က (900)နဲ့ယူမလို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်နေ့ အဲဒီအရောင်းအိမ်ကို ထပ်သွားတော့
ပိုင်ရှင်အန်တီကြီးက
“ (1000) ရမှပဲ ရောင်းတော့မယ်
ပွဲခတော့ထုတ်မပေးနိုင်ပါဘူး”
ဆိုပြီး ပြောချလာတော့ ကျွန်တော့ဝယ်လက်ကလည်း
ကျွန်တော့်ကို အားနာ ၊ ကျွန်တော်လည်း
ဘာပြောရမယ်မှန်း မသိဖြစ်ပြီး
အဲဒီအိမ်ကို မယူဖြစ်လိုက်ပါဘူး။
တော်တော်နဲ့ကို ကြာမှ အကြိုက်တွေ့တတ်တဲ့
ကျွန်တော့် ဝယ်လက်လည်း
“နောက်အရောင်းပဲ ထပ်ရှာတော့မယ်၊
အိမ်အရောင်းလေးတွေ ရှိရင်လည်း
ပြောပေးပါအုံး “ ဆိုပြီးပဲ ပြောသွားခဲ့ပါတယ်။
ကျွန်တော့အတွက် ရိုးရိုးလေးပဲ ပြောရရင်
“မျက်နှာပျက်ခဲ့ရတဲ့ နေ့တစ်နေ့ ပေါ့ဗျာ”
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...