Professional ဆန်ဆန် အလုပ်လုပ်ကြသော အိမ်ခြံမြေအကျိုးဆောင်များ စိတ်နေစိတ်ထားနှင့် လုပ်ရပ်များ။
Professional ဆန်ဆန် အလုပ်လုပ်ကြသော အိမ်ခြံမြေအကျိုးဆောင်များ စိတ်နေစိတ်ထားနှင့် လုပ်ရပ်များ။
(၁) အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို များကို ရောင်းချကြတဲ့ အိမ်ပိုင်ရှင်တွေ အပ် ထားသည်များကို professional အကျိုးဆောင်များဟာ လုံးဝကို စျေးတင်ပြီး မခေါ်ပါဘူး ။ အိမ်ရှင်ခေါ်တဲ့ စျေးကိုသာခေါ်ကြပြီး အရောင်းအဝယ် ဖြစ်မှသာလျှင် အကျိုးဆောင်ခ ( ခေါ် ) ပွဲခကို ရယူကြရတာ ဖြစ်ပါတယ် ။ ဥပမာအနေနဲ့- အိမ်ရောင်းလိုတဲ့ ပိုင်ရှင်တစ်ယောက်က အကျိုးဆောင် တစ်ယောက်ကို အရောင်းအပ်လိုက်တဲ့အခါ
ထိုအကျိုးဆောင်က ပွဲညွှန့်ပြီး စျေးခေါ်လိုက်ပါတယ် ။ အဲဒါကို ပိုင်ရှင်က သိသွားတဲ့အခါ သူ့အိမ်ကို စျေးအမျိုးမျိုးခေါ်လို့ စျေးပျက်ရတယ် ဆိုပြီး ပြောလာခဲ့ပါတယ် ။
ဒီကိစ္စနဲ့ ဆန့်ကျင်ဘက်တစ်ခု ကလည်းရှိပါသေးတယ် ။ အိမ်အရောင်းအပ်တဲ့သူက အကျိုးဆောင်တွေအများကြီး ဆီမှာအရောင်းအပ်ထားပြီး
အကျိုးဆောင် တစ်ယောက်ချင်းစီကို စျေးတစ်ခုပြီး တစ်ခုပြောပြီး ခေါ်တဲ့အခါ professional သမားတွေလည်း ပွဲညွှန့်တင်တယ် ဆိုပြီး ဖြစ်ကုန်တဲ့ကိစ္စရပ် လည်းရှိပါတယ် ။
ဘာပဲပြောပြော professional သမားတွေကတော့ လုံးဝကို ပွဲညွှန့်တင်ပြီး မခေါ်ပါဘူး။
(၂) အဝယ်သမားတွေက အိမ်ခြံ မြေ နှင့်ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို မေးမြန်းလာတဲ့ အခါမှာဆိုရင်လည်း ၊ ရောင်းနေတဲ့ အိမ်ခြံမြေရဲ့ မြင်ကွင်း ဓာတ်ပုံ ၊ လမ်းအနေအထား ၊ အနီးအနားက မြင်ကွင်းပတ်ဝန်းကျင် ၊ ပိုင်ဆိုင်မှု့ပြ စာရွက်စာတမ်း ၊ ရေမီးရရှိမှု့ ၊ စျေးနှုန်းမှန်ကန်မှု့
စတာတွေကို တိကျစွာနဲ့ ပြပေးပါတယ် ။ အခုခေတ်က internet ပေါ်မှာမြင်ပြီးမှ မြေပြင်ကို လာရောက်ကြည့်ရှု့ကြတဲ့ခေတ်ဆိုတော့
internet မှာတိကျစွာပြပြီးမှ ကြိုက်တယ် ဆိုကာ မှ မြေပြင်မှာ လိုက်ကြည့် တဲ့အခါ နှစ်ဦးနှစ်ဖက် စလုံးအတွက် အဆင်ပြေကြ ခြင်းကြောင့်
professional သမားတွေကတော့ ဒီလိုပဲအမြဲလုပ်ပါတယ် ။
(၄) ကိုယ်တိုင်လုပ်တဲ့ အိမ်ခြံမြေ အကျိုးဆောင် အလုပ်အပေါ် မှာတန်ဖိုးထားပြီး customer များအပေါ်မှာလည်း စေတနာအပြည့်အဝ ထားကြပါတယ် ။ထို့အတွက်ကြောင့် မိမိဆီကနေ အရောင်းအဝယ် ဖြစ်သွားပြီး နောင်တစ်ချိန်စာရွက်စာတမ်း နှင့် ပတ်သက်ပြီး ဖြေရှင်းပေးစရာများ ရှိရင်လည်း တစ်ခါစားဆိုတဲ့ စိတ်မထားဘဲ ဝင်ရောက် ကူညီဖြေရှင်းပေးကြပါတယ် ။ သူတို့တွေဟာ ဘယ်တော့အခါမှ မခိုင်မာတာတွေ နှင့် အရှုပ်အရှင်း ဖြစ်နေတာတွေကို မရောင်းပေးပါဘူး။
professional အကျိုးဆောင် အလုပ်လုပ်တဲ့သူတွေ များစွာရှိတဲ့အတွက်ကြောင့် အိမ်ခြံမြေများကို ဝယ်ယူကြမယ့် မိတ်ဆွေ အဝယ်တော်များအနေဖြင့်လည်း ရောင်းမှားဝယ်မှားမဖြစ်ဘဲ သေချာရွေးချယ် နုင်ကြပါစေ ။
professional အိမ်ခြံမြေ အကျိုးဆောင်များလည်း ဝယ်လက်တိုးလို့ ရောင်းပန်းပွင့်ပါစေ။
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက် အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။ ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...