တိုက်ခန်း ကို (1500) နဲ့ရောင်းမယ်ဆိုပြီး ကျွန်တော့်ဆီကို ပြီးခဲ့လ (၂) လပိုင်းလောက်တုန်းက အန်ကယ်တစ်ယောက် အရောင်း အပ်ထားခဲ့ပါတယ်။

တိုက်ခန်း ကို (1500) နဲ့ရောင်းမယ်ဆိုပြီး  ကျွန်တော့်ဆီကို ပြီးခဲ့လ (၂) လပိုင်းလောက်တုန်းက အန်ကယ်တစ်ယောက် အရောင်း အပ်ထားခဲ့ပါတယ်။

တိုက်ခန်း ကို (1500) နဲ့ ရောင်းမယ်ဆိုပြီး 
ကျွန်တော့်ဆီကို ပြီးခဲ့လ (၂) လ ပိုင်းလောက်တုန်းက
အန်ကယ် တစ်ယောက် အရောင်း အပ်ထားခဲ့ပါတယ်။
  “စျေးကတော့ 1500 အပိတ်စျေးပဲကွာ ၊ အဲလောက်
ရရင်တော့ရောင်းမယ်”
ဆိုပြီး ကျွန်တော့်ကို ပြောထားခဲ့ပါတယ်။
(၇) လ ပိုင်းလောက် ကြာတဲ့အခါမှာတော့ 
အရောင်းအပ်ထားတဲ့ အန်ကယ် အိမ် ကို 
ကြိုက်တဲ့သူ လာပါတော့တယ်။
အဆင်ပြေ ချောမွေ့စွာနဲ့ (၁၅၀၀) သိန်းနဲ့ပဲ 
စရံစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အပြီးအပိုင်ပေးချေဖို ချိန်းဆိုထားတဲ့
ရက်ရောက်လာတဲ့အခါမှာတော့ 
“(၁၅၀၀) သိန်း နဲ့ မရောင်းနိုင်ဘူး၊
(၂၀၀၀) ရမှ ရောင်းပါမယ်”
ဆိုပြီး ချုပ်ဆိုခဲ့တဲ့ ပဠိညာဉ်စာချုပ်ကို 
မေ့လျှော့နေကာ ထင်တိုင်းကြဲပါတော့တယ်။
ဗဟုသုတ မကြွယ် ငွေမျက်နှာပဲကြည့်တဲ့ အိမ်ရှင်ဟာ 
ပြဿနာကို မီးထွန်းရှာနေတာနဲ့ တူတူပါပဲ။
နောက်တော့ ဝယ်တဲ့သူက ပဠိညာဉ်စာချုပ်
ဖောက်ဖျက်မှု နဲ့ တရားစွဲဆိုလိုက်တာ စရံငွေ နှစ်ဆ
ပေးလျှော်ရတဲ့ အထိဖြစ်သွားခဲ့ပါတယ်။
ကိုယ်က ရောင်းသူဆိုရင်လည်း မပေါ့ဆကြပါနဲ့။
စရံစာချုပ် ချုပ်ဆိုပြီး အပိုင်းပိုင်ပေးချေတဲ့နေ့မှာ 
ဝယ်သူ ဖြစ်ဖြစ် ၊ ရောင်းသူ ဖြစ်ဖြစ် ချုပ်ဆိုခဲ့တဲ့ 
စရံစာချုပ်ပါ အကြောင်းအရာကို 
ဖောက်ဖျက်ခဲ့မယ် ဆိုရင်တော့ 
ပျက်ကွက်သူဘက်က ဆုံးရှုးနိုင်တယ်ဆိုတာကို 
အိမ် ခြံ မြေ နှင့်ပတ်သက် ဆက်နွယ်နေသူတိုင်း 
သိထားကြပြီးသား ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ငွေအတွက် နှင့် 
အမှားပါသွားနိုင်တာကြောင့်
အိမ် ခြံ မြေ ဝယ်ရောင်းလုပ်တဲ့ 
အခါ သတိအကြီးကြီး ထားစေလိုပါတယ်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate