အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?
အသိုက်
အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?
အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး
စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူး
မွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက်
အကြောင်း ပါ ။
မွန်တာ နာမှ ဥတောင် လို့ အမည်ရတဲ့ နေရာမှာ ရှိပါတယ် ။
အသိုက် တစ်သိုက် စီမှာ ဥပေါင်း အလုံး နှစ်ဆယ်ခန့် ရှိပါတယ် ။
( မိုက်တယ် နော် ကိုယ်တွေ မှ မဥနိုင်တာ ? )
ကျောက် ဖြစ်ရုပ် ကြွင်း အနေနဲ့ တွေ့ရတဲ့ အဲဒီ ဥတွေမှာ ဆိုရင်
ငယ် သွားတွေ ၊ ခြေရိုး လေးတွေ ၊ လမ်းတောင် မှ ကောင်းကောင်း
လမ်း မလျှောက် တတ်သေး ချိန် ကြေမွ သွားခဲ့ တာတွေ တွေ့ရ ပါတယ် ။
ဒီ ဒိုင်နိုဆော မျိုးစိတ် ဟာ မိမိ တို့ရဲ့ ရင်သွေး တွေကို တင်းကျယ်စွာ
အုပ်ထိန်း ကြောင်း သိပ္ပံပညာ ရှင်များက ကောက်ချက် ချကြတယ် ။
ကမ္ဘာ မြေ ကြီးပေါ်မှာ မျိုးသုဉ်း ပျောက်ကွယ် သွားပြီ ဖြစ်တဲ့
ဒိုင်နိုဆော တွေကို ပြန်လည် ခေါ်ယူ နိုင်ရန် အရမ်းတော် တဲ့
သိပ္ပံ ပညာရှင် တွေက ကြိုးပမ်းအား ထုတ်နေ ကြတယ် ။
ဒိုင်နိုဆော ဆိုသော စကားလုံးဟာ ဂရိဘာသာ စကားမှ ဆင်းသက် လာပြီး
ကြောက်မက် ဖွယ်ရာ ပုတ်သင်ညို ( terrible lizard ) ဟု အဓိပ္ပာယ် ရပါတယ် ။
အင်္ဂလိပ် လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက် အိုဝင်က ၁၈၄၂ ခုနှစ်တွင်
တီထွင် ခဲ့ခြင်း ဖြစ်တယ် ။
အချို့ သော သတ္တဝါများ သည် ကြက်တစ်ကောင် ၏ အရွယ်အစား ခန့်သာ ရှိကြ ပြီး
အချို့သော သတ္တဝါ များကတော့ ကမ္ဘာ ပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး
သတ္တဝါများ ဖြစ်ခဲ့ ကြတယ်။
အရင် တုန်းက ကောင်းမွန်စွာ လှည့်လည် ကျက်စား နေခဲ့ ကြသည့် မျိုးစိတ် တွေလည်း
မျိုးသုဉ်း ပျောက်ကွက် သွား လေပြီ ကိုယ့် အသိုက် ကိုယ့် အိမ် ကိုယ့်ရာ တွေလည်း
ဒိုင်နိုဆော ကဲ့သို့ ပျောက်ကွယ် မသွားရလေ အောင် ထိန်းသိမ်း ရမှာ က
ကိုယ့် တာဝန်သာ လျှင် ဖြစ်ပေ တယ် ။
သတိ မမူ လိုက်ရာ ကနေ မျိုးစိတ် တစ်ခုလုံး ပျက်စီး သွားနိုင် တယ် ။
ဒိုင်နိုဆော လိုမျိုး အခြား မျိုးစိတ် တွေလည်း မပျောက် ကွယ်ရ လေအောင်
ကမ္ဘာ မြေကြီး နဲ့ သဟဇာတ ဖြစ်ဖြစ် နေနိုင်အောင်
လူသား အားလုံး ဝိုင်းဝန်း ထိမ်းသိန်း ကြရ ပါမယ် ။
Related Posts
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့
ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ ********************************** ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့ ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း နဲ့ ပတ...
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်
ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...
Australia နိုင်ငံမှာ တစ်နှစ်တစ်ခါ ထွက်ပေါ်လာတတ်သော အကောင်ရေ သန်းနဲ့ချီ များပြားတဲ့ ချစ်စရာ ဂဏန်းလေးများ
Australia နိုင်ငံမှာ တစ်နှစ်တစ်ခါ ထွက်ပေါ်လာတတ်သော အကောင်ရေ သန်းနဲ့ချီ များပြားတဲ့ ချစ်စရာ ဂဏန်းလေးများယခုလို ခရစ္စမတ် အချိန်အခါ နီးကပ်လာတိုင်း Australiaနိုင်ငံ christmas ကျွန်းမှာနေထိုင်တဲ့ အနီရောင် ခန္ဓာကိုယ်...