အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ

17-Mar-23 Knowledge
အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ

အမက ဆီဖိုး 5000 ပေးမှ လိုက်ပြမှာ……………….
              ဒီနေ့မနက် ရုံးရောက်ရောက်ချင်း laptopလေးဖွင့်ပြီး facebookထဲသွားတော့ new feed မှာ ပထမဆုံး တွေ့လိုက်ရတဲ့ post လေးကို ကြည့်ပြီး စိတ်ထဲမှာ တကယ်ကို?ရီရမလို ငိုရမလို? ပါပဲ။ ပထမတော့ ကိုယ်လဲ မြင်မြင်ချင်း ဟ…..ဘယ်လိုပွဲစားလဲ ဆိုပြီး ခွက်ထိုးခွက်လန် ရယ်မိသေးတယ် ရယ်ပြီးတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အေးအေးဆေးဆေး ဆက်လုပ်နေတာပါပဲ (မလုပ်လို့လဲ မရဘူးလေ ကျွန်တော်က အမျိုးသမီးမျက်နှာ တစ်ကမ္ဘာ လိုနေတဲ့ ကောင်ဆိုတော့ အိမ်သူသက်ထား ချစ်ဇနီးလေး ရွှေစိတ်တော် မညိုးပဲ အချစ်တိုးအောင် ကြိုးစားဖို့က ကျွန်တော့်အဓိက တာဝန်ကိုဗျ? ) အိမ်သူသက်ထားကို မျက်နှာတစ်ကမ္ဘာလုပ်တာ ခနထားပြီး အဓိကပြောချင်တဲ့ အကြောင်းအရာလေးကို ပြန်သွားမယ်နော် အဲ့တာနဲ့ အလုပ်လုပ်နေရင်း အကြောင်းအရာတစ်ခုက ကျွန်တော့် အတွေးထဲကို မဖိတ်ခေါ်ဘဲ ဝင်ရောက် စိုးမိုးခဲ့ပါတယ် အက်ဒီ အတွေးဟာ ဘာလဲဆိုရင် ကျွန်တော်မပြောလဲ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ မနက်ကတွေ့လိုက်ရတဲ့ Post အကြောင်း မဟုတ်ပါဘူး ?အပေါ့သွားချင်တာပါ မိုးအေးရင် ဆီးက ခနခန သွားချင်တယ် လေနော် ဟဲဟဲ…..ပြောင်တာပါဗျ


        တကယ်တော့ အဲအချိန် အပေါ့မသွားပဲ အောင့်ထားခဲ့တာပါ ဒီလိုနဲ့ အလုပ်ဆက်လုပ်နေရင်း တကယ့်ကို မနက်က ဖတ်မိလိုက်တဲ့ “အမ ဆီဖိုး5000ပေးမှ လိုက်ပြမှာ “ ဆိုတဲ့ Post အကြောင်းက ခေါင်းထဲရောက်လာခဲ့ပါတယ်….ထိုအတွေးထဲသို့ နစ်မြုပ်နေစဉ် ကျွန်တော်ထင်မြင် မိသည်မှာ ထို post ကိုအပေါ်ယံအားဖြင့် အိမ် ခြံ မြေလောက ထဲကမဟုတ်သော သာမာန်လူတစ်ယောက် ဖတ်မိလျှင် ဟာသတစ်ခုလို့ မြင်ပါလိမ့်မည် အိမ် ခြံ မြေဝယ်ယူမည့် customer ဖက်က ကြည့်လိုက်မယ်ဆိုရင်တော့ ပွဲစားလုပ်နေပြီး ပုံကလဲ မပို့နိုင် လိုက်ပြဆိုတော့လဲ အမဆီဖိုး 5000 ထောင်ပေးမှတဲ့ ကဲဗျာ ဘယ်လောက်တောင် မခံမရပ်နိုင်စရာ ကောင်းလိုက်သလဲ အဲ့ဒီ အချိန် customer ရဲ့ စိတ်ထဲမှာ ဒီပွဲစားတော်တော် လူပါးဝတယ် သူတို့ပွဲစားလုပ်တာ ဘာပင်ပန်းလို့လဲ ပါးစပ်လေးပဲ စိုက်ရတာကို စသဖြင့် အတွေးပေါင်းများစွာ ဝင်ကောင်း ဝင်နေပါလိမ့်မယ် ။ အကျိုးဆောင် တွေကတော့ အေ့လေ့ သူပြောတာလဲ ဟုတ်တာပဲ ငါတို့လဲနောက်တစ်ခါ သူလိုလုပ်ရင် ကောင်းမလား ဆိုပြီး တွေးကိုတွေးကြမှာ မြေကြီးလက်မလွဲပဲဗျို့… အကျိုးဆောင်တွေမို့လို့ သူဖက်ကလိုက် ပြောကြတယ်လို့ ထင်ကြပါလိမ့်မယ် သို့ပေတည်း ဒီကိစ္စဟာ အကျိုးဆောင်တိုင်းလိုလို တွေ့ကြုံရတက်တဲ့ အဓိက ပြသာနာတစ်ရပ်ပါ။

 

          ပုံနဲ့ အချက်အလက် ပြောပြပေးလိုက်ရင်ကျ တစ်ချို့ customer တွေ ကိုယ်တိုင်က အကွက်ကို မြေပြင်မှာသွားရှာပြီး info ပေးတဲ့ အကျိုးဆောင်ကို မခေါ်ဘဲ တိုက်ရိုက် သွားဝယ်တက်ကြတာတွေကလဲ ရှိသေးတာကို…။ Jarnak realtor အနေနဲ့ရော အိမ် ခြံ မြေလုပ်ငန်းကို ဆယ်စုနှစ် နီးပါးထိလုပ်လာတဲ့ အတွေ့ကြုံ တွေကို အခြေခံပြီးတော့ရော အဲ့ဒီပြသနာကို ခေါင်းစဉ်သက်သက်ပေးရမယ်ဆိုရင်တော့ “ဝယ်သူသစ္စာမရှိခြင်း”လို့ပဲ ပြောရမယ် ထင်တယ်ဗျ။ ကျွန်တော်ကိုယ်တိုင် တစ်ခါတလေကျ customerကို ထီးဖြူဖိနပ်ပါးရုံမက ခြေတိုတဲ့ထိ အားရပါးရ မမော မပန်းလိုက်ပြ အခွင့်ကြုံရင် သဘောကောင်းစွာ အအေးဘာညာ ဝယ်တိုက်သေးဗျာ ကိုရဲ့လုပ်ငန်းကလဲ service ပေးတဲ့ လုပ်ငန်းဖြစ်နေတော့ ငြိုငြင်လို့ မရဘူးလေနော် ကျွန်တော့် ပင်ကိုယ်စရိုက်ကလဲ ရုပ်ချောသဘောကောင်း တာကိုက အားနည်းချက်လို ဖြစ်နေတာကို? 

 

         အဲ့လိုနဲ့ တစ်နေကုန် သူကြိုက်လိမ့်နိုးနိးနဲ့ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်အောင် လိုက်ပြ ဒီနေ့မပြီး နောက်နေ့ထက်ပြ (3) ရက်လောက်ထိ လိုက်ပြပြီးတော့ သူကြိုက်တဲ့ အကွက်လေးတွေ့ပြီ ယူမယ်ဆိုတော့ ဝမ်းသာအားရ ပိုင်ရှင်နဲ့ ဆက်သွယ်ပြီး ရောင်းမဲ့သူ ဝယ်မဲ့သူ စုံစုံလင်လင် လက်ဖက်ရည်ဆိုင်မှာ တွေ့ကြတာပေါ့ဗျာ ( လက်ဖက်ရည်ဖိုးလဲ ကျွန်တော်ပဲ လျှာရှည်ပြီး ရှင်းခဲ့တာပါ ) မနက်ဖြန် ( ၉ )နာရီမှာ အရောင်းဝယ် စာချုပ်ချုပ်ကြမယ်ပေါ့ ။ဒီလိုနဲ့ နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့တာ မနက်ဖြန် အရောင်းဝယ်ဖြစ်မှာ ဆိုတော့ ပြန်ရောက်တာနဲ့ အိမ်ကမိသားစုဝင် တွေကိုပါ ကိုယ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြောပြပြီး ဝိုင်းဝမ်းသာနေကြတုန်း စောနကတွေ့ခဲ့တဲ့ customer ဆီက ဖုန်းပြန် ဝင်လာရော စိတ်ထဲမှာတော့ ဒီcustomer ကွာ မနက်ကမှ တွေ့လာတာ မနက်ဖြန်လဲ တွေ့ရဦးမှာကို ဖုန်းပဲဆက် နေတယ်….ငါ့များ ကြိုက်နေလားမသိပူး လို့ မတွေးပါဘူးလို့ ဟုတ် အဝယ် cancel တာမဟုတ်ပါစေနဲ့လို့ပဲ တွေးရင်း ဖုန်းကိုရင်တမမနဲ့ ကိုင်လိုက်မှပဲ ရင်ထဲကအလုံးကြီး ကျသွားတော့တယ် ဟူး……… တော်သေးတာပေါ့ဗျာ တဂာယ် cancel သွားတာ မဝယ်ဖြစ်တော့ဘူးတဲ့လေ ။အော်…….ဖြစ်တက်တာပဲလေ သူတစ်ခုခု အဆင်မပြေဖြစ်သွားလို့ နေမှာပါဆိုပြီး တရားနဲ့ပဲဖြေလိုက်ပါတယ် ။

 

           နောက်တစ်ပတ်လောက် ကြာတော့ တခြားcustomer ကို ကိုယ်က အဲ့ခြံထပ်သွားပြကာမှ သိလိုက်ရတာ ရှေ့တစ်ပတ်က ကျွန်တော် လိုက်ပြလိုက်တဲ့ ဧည့်သည်က ခြံကိုဝယ်သွားပါပြီတဲ့ ။ သူမဝယ်ဖြစ်ဘူး သူ့အကိုဝယ်တာပါဆိုပြီး ပိုင်ရှင်တိုက်ရိုက် ဝယ်သွားတာပါတဲ့ ခင်ဗျာ။ လူအများစုက အကျိုးဆောင်အလုပ်ကို သိပ်လွယ်တယ်လို့ ထင်ကြတာဗျ တကယ်တော့ ဒီအလုပ်က လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုဆိုးတာ မျှော်လင့်ချက်ပန်လေးတွေကို ပျိုးပေးလိုက် ပျိုးပေးတဲ့ လက်ကပဲ ဖျတ်ဆီးသွားလိုက်နဲ့မို့ တော်ရုံတန်ရုံ Emotion များတဲ့သူဆို ဒီအလုပ်ကို လွယ်လွယ် လက်လျော့ကုန်ကြတာများတယ်ဗျ……….ဒါကြောင့် အိမ် ခြံ မြေဝယ်ယူသူ ဘောစိများအနေနဲ့လဲ ကျတော်ရေးတဲ့ ဒီစာလေးဖတ်ပြီး အကျိုးဆောင်တွေ အပေါ် ရွှေ စိတ်တော်မညှိုးကြပါနဲ့လို့ ဂါဝရတရားရှေ့ထား ပြောကြားရင်း အကျိုးဆောင် များအားလုံးလဲ နေ့ရက်တိုင်း ရောင်းပန်း ဝယ်ပန်းများ ပွင့်လန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခဗျ ။………..။
(ရင်တွင်းဖြစ်?)

jarnak real estate မှကူးယူဖော်ပြသည်။

Related Posts

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ်  ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့

ပွဲစား မလိုဘူး ပွဲခ ပေးရ လိမ့်မယ် ဆိုတဲ့ **********************************           ✨ ခြံ ကွက် ပိုင်ရှင် တစ်ချို့  ပွဲစား နဲ့ မအပ်ဘူး…….ပွဲခ လည်း မပေးချင်ဘူး လို့ ပြောပြော နေတဲ့ စကားလေး တစ်ခွန်း  နဲ့ ပတ...

အသိုက်  အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက် အသိုက် ဆိုတာ နဲ့ ဘာကို သွားသတိ ရလဲ ?

အသိုက်      အသိုက် ဆိုတာနဲ့ ဘာကို သွားသတိ ရလဲ ?အခု ပြောမှာက သိုက်က လာတယ် ဆိုတာတဲ့ ဂဠုန် နဂါး စတာတွေ ကနေ လာတဲ့ သိုက်တော့မဟုတ်ပါဘူးမွန်ဂို လီးယား မှ အကျော် ကြားဆုံး Oviraptor ( ဒိုင်နိုဆော ) သိုက် အကြောင်း ပါ ။  ...

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်

ဘောလုံးပုံစံ ဖော်၍ လှပစွာ ဆောက်လုပ်ထားသော လီယိုနယ် မက်ဆီ၏အိမ်လီယိုနယ် မက်ဆီဟာ ကမ္ဘာကျော် ဘောလုံးဘုရင်လို့ တင်စားရလောက်အောင် ၁၀ စုနှစ်တစ်ခုထိ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအသီးသီးမှာလဲ သူ့ရဲ့ ပရိတ်သက်တွေ မရေမတွက်နိုင...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate