မြေယာအရောင်း အဝယ်လုပ်မယ်ဆိုရင် ဘာတွေလိုမလဲ...?

မြေယာအရောင်း အဝယ်လုပ်မယ်ဆိုရင် ဘာတွေလိုမလဲ...?
မြေယာအရောင်း အဝယ်လုပ်မယ်ဆိုရင် ဘာတွေလိုမလဲ...?
ပထမဦးဆုံးအနေနဲ့ 
 မိမိဝယ်ယူလိုတဲ့မြေကွက်ကို အမည်ပေါက်ဘယ်သူလဲ၊
မြေပိုင်ဆိုင်မှုအထောက်အထား၊ 
စာရွက်စာတမ်းတွေစုံ/မစုံ၊ 
မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊ 
မြေပုံ/မြေရာဇဝင်နဲ့ 
စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲ
     ဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။
မြေခွန်၊။   အိမ်ခွန်ကြွေးကျန်     ရှိ/   မရှိနဲ့ ဂရန်သက်တမ်း ကိုလည်း စစ်ဆေးရပါမယ် 
မြေပိုင်ဆိုင်မှုအထောက်အထား စုံ/ မစုံဆိုတာမှာ 
အရင်ဆုံး မြေအမျိုးအစားကို ရှင်းလင်းစွာသိထားရပါမယ်
ဘိုးဘပိုင်မြေလား၊ ဂရန်မြေလား၊ 
မြေချမိန့်ရထားတဲ့မြေလား၊
လယ်မြေလား၊ ယာမြေလား၊ 
မီးလောင်မြေချထားမိန့်နဲ့လား၊
ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်
မြေအမျိုးအစား စိစစ်ပြီးတာနဲ့
အဆိုပါမြေကို ရောင်းချသူက ဘယ်လိုပိုင်ဆိုင်ထားသလဲ စိစစ်ရပါမယ်
အနေကြာလို့ပိုင်ဆိုင်တာလား၊ အမွေဆက်ခံပိုင်ဆိုင်ထားသလား
ပေးကမ်းရယူပိုင်ဆိုင်တာလား၊ တရားရုံးအမိန့်အရပိုင်ဆိုင်လာတာလား
ဝယ်ယူပိုင်ဆိုင်လာတာလား၊ အခြားနည်းလွှဲပြောင်းပိုင်ဆိုင်လာတာလား
အစရှိသဖြင့် ဘယ်လိုပိုင်ဆိုင်လာသလဲဆိုတာ မဖြစ်မနေစစ်ဆေးရပါမယ်
သက်တမ်းနဲ့ချပေးတဲ့မြေတွေမှာ သက်တမ်းကိုပါ စစ်ဆေးရပါမယ်
ရောင်းချသူဟာ လက်ရောက်ပိုင်ဆိုင်နေခြင်းရှိ/   မရှိဟာလည်း အရေးပါတဲ့အချက်ပါ
ရောင်းချသူ ဘယ်လိုပိုင်လာသလဲ သိရပြီဆို 
စာရွက်စာတမ်း ပြည့်စုံခြင်းရှိ/မရှိစစ်ဆေးပါ
ငွေနဲ့ပတ်သက်ရင် ဘယ်သူ့မှမယုံရတာမို့ 
မိတ်ဆွေရင်းကြီးဖြစ်ပါစေ သေချာစွာစစ်ဆေးဖို့လိုပါတယ် 
ဒါမျိုးတွေကို စရံမပေးခင်မှာ မိမိကိုယ်တိုင်ဖြစ်စေ၊ 
နားလည်တတ်ကျွမ်းသူတွေနဲ့ 
တိုင်ပင်ပြီး စနစ်တကျစစ်ဆေးမှသာ  နောင်မှာ အရှုပ် အရှင်းတွေဖြစ်ပေါ်မလာမှာဖြစ်ပါတယ်
  Credit: ကူးယူဖော်ပြပါတယ်

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များမှာ-

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း  အိမ်ခြံမြေရောင်းဝယ်ရာတွင်

"ဥပဒေအကြောင်းနဲ့မဆိုင်သော်လည်း အိမ်ခြံမြေရောင်းဝယ်ရာတွင်

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

ကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေ

အခုအခါမြေကွက်ရိုက်ရောင်းနေသောဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့နယ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate