တရားဝင် မြေကွက် ခွဲစိတ် ခြင်းအတွက် ဆောင်ရွက် ချက်များ

တရားဝင် မြေကွက် ခွဲစိတ် ခြင်းအတွက် ဆောင်ရွက် ချက်များ
၁။ ဘိုးဘ ပိုင်မြေ ( မြေပိုင် မြေ ) နှင့် ဂရန်မြေ များကို အောက်ပါ အချက်များ နှင့် အညီ ခွဲစိတ် နိုင်ပါသည် ။
( က ) ခွဲစိတ် ပြီးသော မြေကွက် အတိုင်း အတာသည် မျက်နှာစာ ဘက်တွင် အနည်းဆုံး ( ၂ ) ပေရှိ ရမည် ။
( ခ ) ခွဲစိတ် ပြီးသော မြေကွက် ဧရိယာသည် အနည်းဆုံး စတုရန်းပေ ( ၁၂၀၀ ) ရှိ ရမည် ။
( ဂ ) ခွဲစိတ် ပြီးသော မြေကွက် များအားလုံးသို့ ဝင်ထွက် သွားလာ နိုင်ရန် လမ်းရှိ ရပါမည် ။ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ၏ လမ်းမ ရှိပါက ပုဂ္ဂလိကလမ်း လျာထားရန် ဖြစ်သည် ။
၂။ မြေကွက် ခွဲစိတ် ရာတွင် အောက် ဖော်ပြပါ လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည်။
( က ) မြေကွက် ခွဲရန် မြေပုံနှင့် မြေရာဇဝင်လျောက်ထားခြင်း (အပိုင်း ၂၀ နှင့် ၂၁ )
( ခ ) မြေတိုင်း လျှောက် ထားခြင်း ( အပိုင်း ၁၆ မှ ၁၉ )
( ဂ ) ပြင်ပမှ လိုင်စင်ရ အင်ဂျင်နီယာ နှင့် မိမိ နှစ်သက်သည့် အတိုင်း အဆိုပြု ခွဲစိတ်မြေပုံ ရေးဆွဲခြင်း ။
( ဃ ) အဆို ပြုခွဲစိတ် မြေပုံအား ( ၁ ) ဂရန်မြေ ဖြစ်ပါက ဌာနသို့ တင်ပြ အတည်ပြု ချက် လျှောက်ထား ခြင်းနှင့် ( ၂ )မြေပိုင် မြေ ဖြစ်ပါက ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ ဌာန ( အဆောက်အအုံ ) သို့ တင်ပြ အတည်ပြုချက် လျှောက်ထားရပါမည်။
( င ) မြေတိုင်း လျှောက်ထား ခြင်း ( အပိုင်း ၁၆ မှ ၁၉ )
( စ ) အမှားပြင် မြေပုံ နှင့် မြေရာဇဝင် လျှောက်ထားခြင်း ( အပိုဒ် ၂၀ နှင့် ၂၁ )
( ဆ ) စာချုပ် စာတမ်း များ မှတ်ပုံတင် ရုံးတွင် အမှားပြင် စာချုပ် ချုပ်ဆိုခြင်း
( ဇ ) ဂရန်မြေ ဖြစ်ပါက မြေစာရင်းတွင် ဂရန်စာချုပ် ခွဲစိတ် ပေးရန် နှင့် မြေပိုင်မြေ ဖြစ်ပါက မြေကွက် ခွဲခြင်းအား မှတ်သားပေးရန် လျှောက်ထား ခြင်း ။
လျှောက်ထား တင်ပြချက် များကို စိစစ်ပြီး ပြည့်စုံ မှန်ကန်ပါက လုပ်ထုံး လုပ်နည်း များနှင့်အညီ တိုင်းတာပြီး မြေစာရင်းတွင် တရားဝင်ခွဲစိတ် ခွင့်ပြုပါသည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...