အိမ် ခြံ မြေ အရောင်းအဝယ် ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းစာတွေမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ( ၇ ) ရက်အတွင်း ( ၁၄ ) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ၊ မကန့်ကွက်ရ

မေး။ အိမ် ခြံ မြေ အရောင်းအဝယ် ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းစာတွေမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ( ၇ ) ရက် အတွင်း ( ၁၄ ) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ၊ မကန့်ကွက်ရင် ဥပဒေနဲ့အညီ အရောင်းအဝယ်ကို ဆက်လုပ်သွားမှာ ဖြစ်ကြောင်း ကြေညာချက်တွေကို မကြာခဏ ဖတ်ရပါတယ် ။
တကယ်လို့များ ဥပဒေအရ ပိုင်ဆိုင်ခွင့်ရှိသူ တစ်ယောက်ယောက်က ဒီကြော်ငြာကို မဖတ်ဖြစ်လို့ ဒါမှမဟုတ် တစ်နယ်တစ် ကျေး ရောက်နေလို့ အရောင်းအဝယ် ဖြစ်ပြီးမှ ကန့်ကွက်မယ်ဆိုရင် တရားမဝင်တော့ဘူးလား ။ဝယ်ထားပြီးသူကို တရား စွဲရမှာလား ။ ရောင်းလိုက်တဲ့ အမွေဆိုင်ရာ တရားစွဲရမှာလား ဆိုတာ သိလိုပါတယ်?
ဖြေ။ ဒါမျိုးက ပြဿနာ ဖြစ်တတ်ပါတယ်။
ဆိုကြပါစို့ ၊ မိဘက ဆုံးသွားတဲ့ အခါမှာ သားသမီးနှစ်ယောက် ကျန်ခဲ့တယ်။ နှစ်ယောက်ရှိတာမှာ ဒီအမွေကို သူတစ်ဦး တည်း ပိုင်ပါတယ်လို့ ကျမ်းကျိန်လွှာ ဖန်တီးပြီး အခြားတစ်ယောက်ကို ရောင်းမယ်ဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာက မြေပိုင်မြေယာဆိုရင် ကူးတဲ့အခါမှာ ကန့်ကွက်ရန် ရှိ ၊ မရှိ ဆိုတာ သတင်းစာမှာ ကြေညာလေ့ ရှိပါတယ် ။
ဒီတော့ ကျန်တဲ့ တစ်ယောက်က သူလည်းပိုင်ဆိုင်တဲ့ အမွေ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လေ့လာရမယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိစ္စဆိုတော့ သတိထားရတာပေါ့ ။ ကန့်ကွက်ရန်ရှိ ၊ မရှိလို့ ကြေညာတဲ့အချိန်မှာ သူက မကန့်ကွက်ဘူးဆိုရင် အရောင်းအဝယ် ဆက်ဖြစ်နေပါမယ်။
ဒီလိုဆိုရင် နောက်ကျမှ ဒီကိစ္စကို သိတော့မှာပေါ့ ၊
နောက်မှ သိတော့လည်း ရပါတယ်။
ဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ဖျက်သိမ်းပေးဖို့ ဆိုပြီး တရားစွဲ ရပါတယ်။
စွဲပြီဆိုရင် ကာလစည်းကမ်းသတ်က ပါလာပါပြီ ။ ကန့်ကွက်ကြောင်း သတင်းစာမှာ ပါတဲ့ အချိန်ကစပြီး ၃ နှစ်အတွင်းမှာ ဒီ စာချုပ် ဖျက်သိမ်း ပေးစေလိုမှုနဲ့ တရားစွဲချင်ရင် အချိန်မှီပါတယ် ။
ကာလစည်းကမ်းသတ် ကျော်မှ တရားစွဲမယ်ဆိုရင်တော့ ကိုယ့်အခွင့်အရေး ဆုံးရှုံးသွားပါပြီ ။
ဒါကြောင့် ကိုယ့်မှာ ပစ္စည်းရှိတယ်ဆိုရင်တော့ အမြဲလေ့လာ ဖတ်ရှုနေရပါမယ်။
မသိလိုက်ရင်လည်း ကာလ စည်းကမ်းသတ်နဲ့ သတ်မှတ်ထားတဲ့ ကာလမှာ စွဲလို့ ရပါတယ်လို့ ဖြေကြားပေးချင်ပါတယ်။
( ဖြေ - ဦးကျော်ဇေယျ - ဥပဒေ ပညာရှင် )
Credit( ဥပဒေရေးရာ)
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...