အမွေဆိုင် အိမ် ခြံ မြေကို တစ်ဦး တစ်ယောက်တည်း သဘောဆန္ဒအရ ရောင်းချ လိုက်လျှင် အခြား အမွေဆိုင်များက မည်သို့ ဆောင်ရွက် ရမည် နည်း ။

အမွေဆိုင် အိမ် ခြံ မြေကို တစ်ဦး တစ်ယောက်တည်း သဘောဆန္ဒအရ ရောင်းချ လိုက်လျှင် အခြား အမွေဆိုင်များက မည်သို့ ဆောင်ရွက် ရမည် နည်း ။

အမွေဆိုင်များ ပိုင်ဆိုင် အိမ် ခြံ မြေကို အမွေဆိုင် တစ်ဦးက 

အခြား အမွေဆိုင်များ မသိအောင် ရောင်းချမည် ဆိုလျှင် 

အရောင်းအဝယ် မပြီးမြောက် သေးပါက အခြားအမွေဆိုင် များက 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြို့ပြစီမံကိန်းနှင့် 

မြေစီမံခန့်ခွဲမှု ဌာနတွင် အချင်းဖြစ်  မြေကွက် နှင့်ပတ်သက်ပြီး 

ကန့်ကွက်လွှာ တင်ခြင်း ဆောင်ရွက်ရမည် ဖြစ်ပါသည် ။

ထိုသို့ ရောင်းချ သောအခါ ဝယ်ယူသူမှ နိုင်ငံပိုင် သတင်းစာတွင် 

ကန့်ကွက်ရန် ရှိ / မရှိ ကြေညာချက် ထည့်သွင်း ဆောင်ရွက်မည် ဖြစ်သည် ။ 

ထိုသို့  ကြေညာချက်ကို တွေ့ရှိပြီး ကန့်ကွက်မည် ဆိုလျှင် 

သတင်းစာ ကြော်ငြာတွင် ထည့်သွင်း ဖော်ပြထားသည့် 

သတ်မှတ်ရက် မတိုင်မီ ပိုင်ဆိုင်မှု စာရွက်စာတမ်း မူရင်းများဖြင့်

 ဝယ်ယူ သူထံ သွားရောက် ကန့်ကွက်ခြင်း ၊ ကန့်ကွက် လွှာတင် 

သွင်းခြင်းများ ဆောင်ရွက် ရမည် ဖြစ်ပါသည် ။

 

ထိုအခါ အရောင်းအဝယ် သည့် ရှေ့ဆက် ဆောင်ရွက်၍ 

မရတော့ဘဲ အမွေဆိုင်များ မသိဘဲ တစ်ဦးတည်း  ရောင်းချသည့် 

ရောင်းသူမှ ဝယ်ယူသူအား စရန်ငွေ၏  ( ၂ ) ဆ ပြန်လည် ပေးလျော်ခြင်းဖြင့် 

အရောင်းအဝယ် ပျက်သွားမှာ ဖြစ်ပါသည် ။

အရောင်းအဝယ် ပြီးမြောက် ပြီးနောက်မှ ကျန်အမွေ ဆိုင်များက 

သိရှိခြင်း ဖြစ်ပါက အဆိုပါ အရောင်းအဝယ်သည် ကျန်အမွေဆိုင်များ 

မသိရှိဘဲ ရောင်းချခြင်း ဖြစ်သည့် အတွက် အရောင်းအဝယ် ပြုလုပ်ထားသည့်

 စာချုပ်ကို ဖျက်သိမ်း ပေးစေလိုမှု တရားမမှု စွဲဆိုရမှာ ဖြစ်ပါသည် ။

တရားစွဲဆိုရာတွင် သတ်မှတ် ထားသည့် ကာလ အပိုင်းအခြား 

မစေ့ရောက်မီ တရားစွဲဆိုရန် လိုအပ်မည် ဖြစ်ပါသည် ။

စာချုပ် ဖျက်သိမ်း ပေးစေလိုမှုသည် ကာလ စည်းကမ်း သတ်ဥပဒေအရ 

ဝယ်ယူသူ သတင်းစာ ကြေညာချက် ထည့်သွင်းသည့် နေ့ရက်မှ ( ၃ ) 

နှစ်အတွင်း တရားစွဲ ဆိုရမှာ ဖြစ်ပါသည် ။

 

ထိုသို့ ( ၃ )နှစ်အတွင်း တရားစွဲဆိုခဲ့ခြင်း မရှိဘဲ ကာလစည်းကမ်း သတ်ကျော် လွန်သွားခဲ့ မည်ဆိုလျှင်

 အဆိုပါ အချင်းဖြစ် အိမ် ခြံ မြေ အတွက် တရားစွဲဆို ဆောင်ရွက်လို ရမည် မဟုတ်တော့ပါ။

အခြား အမွေဆိုင် များတွင် ဥပဒေအရ ဆုံးရှုံးမှုရှိမှာ ဖြစ်တဲ့အတွက်  မိမိတွင် ပိုင်ဆိုင်မှု ၊ 

ဆက်ဆိုင်မှု များရှိပါက နိုင်ငံပိုင် သတင်းစာများကို စောင့်ကြည့် ဖတ်ရှုခြင်း ၊ 

ဆက်ဆိုင် ပိုင်ဆိုင်သည့် အိမ် ခြံ မြေ၏ သတင်း အချက်အလက်ကို နားစွင့်ထားရန်

လိုအပ်မည် ဖြစ်ပါသည် ။ သို့မှသာ မိမိပိုင်ဆိုင်မှု ဆုံးရှုံးခြင်းကို ကြိုတင် ကာကွယ်နိုင်မည် 

ဖြစ်ပါကြောင်း ဥပဒေ ဗဟုသုတ ရရှိစေရန် ရေးသား

ဖော်ပြ လိုက်ပါသည်။

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate