မြေငှား ဂရန်မိတ္တူဖြင့် အရောင်းအဝယ် ပြုကြသည့်ကိစ္စ' အကြောင်း ဗဟုသုတ အနေနဲ့ ဖော်ပြပေးချင်ပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့် မြေငှား ဂရန်မူရင်း ပျောက်ဆုံး

မြေငှား ဂရန်မိတ္တူဖြင့် အရောင်းအဝယ် ပြုကြသည့်ကိစ္စ' အကြောင်း ဗဟုသုတ အနေနဲ့ဖော်ပြပေးချင်ပါတယ်။
အကြောင်းအမျိုးမျိုး ကြောင့် မြေငှား ဂရန်မူရင်း ပျောက်ဆုံးသွားပါက သက်ဆိုင်ရာ မြို့ပြ မြေယာဌာနတွင် မြေငှားဂရန်
မိတ္တူ ထုတ်ပေးရန် လျှောက်ထားနိုင်သည်။ ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနတွင် လည်းကောင်း လျှောက်ထား
နိုင်ပါသည်။
ထိုကဲ့သို့ မြေငှားဂရန် မိတ္တူ လျှောက်ထားရာတွင်
- အမည်ပေါက် ကိုယ်တိုင် လျှောက်ထားရမည် ဖြစ်ပြီး ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် စာတမ်းများ ၊
- ရဲစခန်း တိုင်တန်းချက်တို့နှင့်အတူ သက်ဆိုင်ရာသို့ လျှောက်ထားရသည်။
အကယ်၍ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားပါက
- တရားရုံး၏ အမိန့်ဒီဂရီ အရ ဖြစ်စေ ၊ အမွေထိန်းစာတို့ အရ ဖြစ်စေ မြေငှားဂရန် မိတ္တူကို လျှောက်ထားနိုင်ပေသည်။
အဆိုပါ လျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာန သို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
က သတ်မှတ်ထားသော လျှောက်လွှာပုံစံ နှင့် ပိုင်ဆိုင်မှု အထောက်အထားများကို ပြည့်စုံမှု ရှိ ၊ မရှိ စီစစ်ပြီး
လက်ခံ ဆောင်ရွက်ပေး ပါလိမ့်မည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ မြေငှားဂရန်မိတ္တူ ထုတ်ပေးနိုင်ရန် အတွက် ကန့်ကွက်လိုပါက
ကန့်ကွက်နိုင်ရန် နေ့စဉ်ထုတ် သတင်းစာ တစ်စောင်တွင် ကြော်ငြာတစ်လ ထုတ်ပြန် ပါသည်။ကြော်ငြာ တစ်လ ထုတ်ပြန်ပြီး ကန့်ကွက်သူမရှိပါက မြေစာရင်းနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ၊ စာချုပ်စာတမ်းများ ၊ တရားရုံး၏ အမိန့်ဒီဂရီများကို စီစစ်ကာ သက်ဆိုင်ရာမှ
လျှောက်ထားသူအား မူလဂရန် အမည်ပေါက်ဖြင့် ဂရန်မိတ္တူကို ထုတ်ပေးပါသည်။
ဤတွင် ဖြစ်တတ်သည်မှာ ရောင်းသူ အနေဖြင့် မြေငှားဂရန် မူရင်းကို ပေါင်နှံထားပြီး ပျောက်ဆုံးသည်ဟုဆိုကာ ဂရန်မိတ္တူကို
လိမ်လည် လျှောက်ထား ရယူတတ်ကြ သဖြင့် အထူး ဂရုပြုဖို့ လိုအပ်ပေသည်။
ကြုံရသည့် အတွေ့အကြုံတစ်ခုကို ပြောပြရမယ်ဆိုရင် ရောင်းချသော မြေကွက်၏ မူရင်းဂရန်ကို ရောင်းချသူ မြေရှင်က ဘဏ်တွင်ပေါင်နှံ ထားသည်။
- မိတ်ဆွေက ပေါင်နှံထားမှန်း မသိဘဲ မြေရှင် ပြသသည့် ဂရန်မိတ္တူပေါ် အခြေတည်၍ မြေကွက်နှင့် အဆောက်အအုံကို ဝယ်လိုက် သည်။နောက်ပိုင်း ဘဏ်က ချေးငွေ အကြွေး မပေးဆပ်သဖြင့် မြေကွက်ကို ဝရမ်းကပ်မှ အခြေအနေမှန်ကို သိရတော့သည်။
- မိတ်ဆွေသည် ရောင်းသူကို ဆက်သွယ်ရှာသော်လည်း မတွေ့တော့သဖြင့် နောက်ဆုံးတွင် ၄င်းကိုယ်တိုင်ကပင် ဘဏ်ချေးငွေကို ပေးဆပ်ခဲ့ရသည်ကို ကြုံတွေ့ရဖူးပါတယ်။ ထို့ကြောင့် မြေငှားဂရန် မိတ္တူဖြင့် အရောင်းအဝယ် ပြုပါက ဝယ်သူအနေဖြင့် အဝယ် မ မှားစေရန် သက်ဆိုင်ရာ မြေယာဌာန ( ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာ ဌာန ) သို့ မြေကွက် နှင့် စပ်လျဉ်း၍ သေချာ စုံစမ်းစီစစ်ပြီးမှ ဝယ်သင့်ပါသည်။
ထို့ပြင် အဆိုပါမြေကွက်ကို အရောင်းအဝယ် ပြုလုပ်ရန် နှစ်ဖက်သဘော တူညီကြကာ စရန်ငွေ တစ်စိတ်တစ်ပိုင်း ပေးချေ ပြီးပါက အဆိုပါ မြေကွက် အရောင်းအဝယ်ကို ကန့်ကွက်ရန် ရှိ ၊ မရှိ နေ့စဉ်ထုတ် သတင်းစာတွင် ထည့်သွင်း ကြေညာသင့်ပေသည်။
အရောင်းအဝယ်စာချုပ် ချုပ်ဆိုလျှင်လည်း အရှုပ်အရှင်း တစ်စုံတစ်ရာ ရှိပါက ရောင်းသူက ဖြေရှင်းပေးရန် နှင့် ဝယ်သူ၏ နစ်နာကြေးကို ပေးလျော်မည် ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆို သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ပါသည်။
Credit ( ဥပဒေရေးရာ)
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...