နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေ လား ၊ ဥယျာဉ်ခြံမြေ လား ၊ ဘိုးဘွားပိုင်မြေလား ၊ ဂရန်မြေလား ၊ ပါမစ်မြေလား သေချာ စမ်းစစ် ကြည့်သင့်ပါတယ် ။ ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင် လေ့လာထားတာ အကောင်းဆုံးပါပဲ။
��မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ် ၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ��လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက -
�( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား ?
�( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား ? ဆိုတာပါပဲ။
� � နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေ ရပ်ကွက် အတွင်း က မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာ တော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား ၊ နှင်ထုတ်မလား ဆို တာတွေ အတွက် စိုးရိမ်စရာ မရှိပါဘူး။
��နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ် ၊ တောင်ယာ ၊ ဥယျာဉ် ၊ ဟင်းသီးဟင်းရွက် ၊ ပန်းမန် စိုက်ပျိုးရန် အတွက်သာ အကျုံးဝင်ပါတယ် ။ ဒါပေမယ့် မြို့နီး ၊ ရွာနီး ၊ လူနေရပ်ကွက်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။
��ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား?
��အရင် ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချ ခြင်း ၊ ပေါင်နှံခြင်း ၊ ငှားရမ်းခြင်း ၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ် အတည်တကျ ဆောက်လုပ် နေထိုင်ခွင့်တော့ မရသေးပါဘူး ။
ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား?
��လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက် လို့ မရနိုင်ပါဘူး။
��ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်း စစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေ မှန်ကန်ရဲ့လား ၊ ဥယျာဉ်ခြံမြေ ဆိုရင်လည်း လူနေရပ်ကွက် အသိုင်းအဝိုင်းကြားမှာ တည်ရှိ ရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြု လိုက်ပါတယ်။
ကူးယူဖော်ပြပါသည်။
#Crd to owner
Credit( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...