ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ဝယ်မည်ဆိုလျှင် ရွာမြေ ဆို တာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။

ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ဝယ်မည်ဆိုလျှင် ရွာမြေ ဆို တာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။

ရွာမြေ၊ ဥယျာဉ် ခြံမြေတို့ကို ဝယ်မည်ဆိုလျှင်
ရွာမြေ ဆို တာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိသလား။ တချို့ကလည်း ဥယျာဉ် ခြံမြေလို့ ပြောကြတယ်။
အဲ့နှစ်ခုဘာကွာပါသလဲ?
''လွယ်လွယ်နဲ့ ခပ်ရှင်းရှင်း ပြောရရင်တော့ ရွာမြေ ဆိုတာ လူနေရပ်ကွက်အတွင်းမှာရှိနေတဲ့ ရွာမြေ ကွက် ကို ရွာမြေလို့လွယ်လွယ်ကူကူခေါ်လိုက်ကြတာဘဲ”
နိုင်ငံတော်က တရားဝင်ချပေးထားတဲ့ မြေအဆင့်တော့ မရောက်သေးဘူး ပေါ့။ ဒါပေမယ့် တစ်နေ့တော့ဂရန် မြေ ဖြစ်လာနိုင်တာပေါ့လေ”
ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်လို့ နိုင်ငံတော်က ပြန်လည်သိမ်းတာ၊ နှင်တာတွေ မဖြစ်နိုင်ဘူးပေါ့နော်'
''စိတ်ချရတဲ့  သဘောတော့ ရှိတာပေါ့ကွာ၊ တရားဝင် နေထိုင်ခွင့်ရနိုင်တဲ့ မြေလို့  ပြောရမှာပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေအားလုံးကတော့ နိုင်ငံတော်ပိုင်  မြေဖြစ်တယ်။
လူနေမြေမဟုတ်ဘဲနဲ့ လယ်ယာမြေအဖြစ် သတ်မှတ်အကျုံးဝင်တဲ့ မြေတွေလည်း ရှိသေးတယ်''
၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေ  ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊  နှစ်ရှည်ပင်စိုက်ပျိုးသော မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက်ပန်းမန်  စိုက်ပျိုးသည့် ခြံမြေ၊ မြေနုကျွန်းမြေ ဟု သတ်မှတ်သည့် မြေများကို  ဆိုလိုတယ်။
ယင်းစကားရပ်တွင်  မြို့နယ်နိမိတ်၊ ကျေးရွာနယ်နမိတ် အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေး  အဆောက်အအုံနှင့် ပရဝုဏ်များ မပါဝင်ရဟု သတ်မှတ်ထားပါတယ်။
ဒါကြောင့် ဥယျာဉ်ခြံမြေတွေက လယ်ယာမြေထဲမှာ ပါဝင်ပြီး လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေ၊ ရွာမြေတွေကတော့ လယ်ယာမြေ အမျိုးအစားထဲမှာ မပါဝင်ဘူး''
'တချို့လည်း ဥယျာဉ် ခြံမြေတွေ အရောင်းအဝယ်ဖြစ်နေကြတာပဲ မဟုတ်လား''
မြေစာရင်းဌာနမှာ ဥယျာဉ် ခြံမြေလို့ အမည်ပေါက်နေပေမယ့် လူနေရပ်ကွက်အတွင်း ရောက်နေတဲ့ မြေကွက်တွေလည်းရှိတယ်။
ရှင်းပြရမယ်ဆိုရင်  ဒေါ်ကြည်ကြည် (၎င်း၏ အခွင့်ရ ကိုုယ်စားလှယ် ဦးမင်းဟန်)နှင့် ဦးကင်စူး  (၄င်း၏ အထူးကိုယ်စား လှယ်စာရသူ ဒေါ်ဖြူဖြူဝင်း) ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ  စီရင်ထုံး စာမျက်နှာ ၁ဝ၉ အမှုမှာအချင်းဖြစ်မြေသည် မြေစာရင်းဦးစီးဌာန၌ ဥယျာဉ်ခြံမြေဟု အမည်ပေါက်ဆဲ ဖြစ်သော်လည်းအချင်းဖြစ်မြေကွက်တည်ရှိရာ  မော်လမြိုင်မြို့ စျေးကြိုရပ်ကွက်သည် မြို့နယ်စည်ပင်သာယာရေး  နယ်နိမိတ်အတွင်း တည်ရှိပြီး၊ လူနေရပ်ကွက်ဖြစ်ကြောင်း သက်သေခံချက်များအရ  ပေါ်ပေါက်သည်။
ထို့ပြင် ဦးကင်စူး အမည်ဖြင့် စည်ပင်သာယာမှ အိမ်ခွန်စည်းကြပ်ထားသည်ကိုလည်း တွေ့ရသဖြင့် အချင်းဖြစ် မြေသည် လယ်ယာမြေတွင် အကျုံးမဝင်ဟု ဆုံးဖြတ်ထားတာကို တွေ့ရတယ်။
ဒါကြောင့် မြို့ရွာရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေ တွေ ကတော့ အရောင်းအဝယ် ပြုလုပ်နေကြတာ ဖြစ်တယ်''
ဘာပဲဖြစ်ဖြစ်  မြေကွက် ဝယ်မယ်ဆိုရင် မြေစာရင်းဦးစီးဌာနကို အရင်စုံစမ်းဖို့ လိုမယ်။  လယ်ယာမြေ အဖြစ် သတ်မှတ်ထားခြင်း ရှိ၊မရှိ ဦးစွာ စုံစမ်းရမယ်။''
 စာရင်းဦးစီးဌာနမှာ ဝယ်မယ့် မြေကွက်အနေနဲ့ မြို့ရွာ ရပ်ကွက်အတွင်းရှိ  မြို့မြေစာရင်းထဲမှာ ပါနေပြီဆိုရင်တော့ ဝယ်သင့်တယ်လို့ ပြောရမှာဘဲ။
မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေထဲ ပါနေရင်တော့ မဝယ်တာ ပိုကောင်းမယ် ထင်တယ်နော်''
မြို့နယ် မြေစာရင်းဦးစီးဌာနမှာ လယ်ယာမြေစာရင်းထဲ ပါနေတယ်ဆိုပေမယ့်
မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှာ ဝယ်မယ့်မြေကွက်ဟာ ရပ်ကွက်ထဲ ရှိနေပြီး ဟုတ်၊မဟုတ် စုံစမ်းလို့မြို့နယ်ရပ်ကွက်အတွင်းရှိပြီး အဆောက်အအုံပါရှိမယ် ဆိုရင်တော့ ဝယ်သင့်တဲ့ မြေနဲ့ အိမ် လို့ပဲ
အကြံပေးချင်တယ်”
ထီယု(ဥပဒေအတိုင်ပင်ခံ)

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate