သုံးထပ် နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့် စာရွက်စာ တမ်းများ

သုံးထပ် နှင့် အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့် စာရွက်စာ တမ်းများ
၁ ။ ဌာန သတ်မှတ် လျှောက်လွှာ ( က ) ဆောက်လုပ်ခွင့် လျှောက်လွှာ ပုံစံ
( ခ ) အဆောက် အအုံကြီး ကြပ်ဆောက် လုပ်မည် ဖြစ်ကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ တင်ပြရန်
( ဂ ) ခွင့်ပြု ချက်မရမီ ကြိုတင် ဆောက်လုပ်ခြင်း နှင့် မြေ ပိုင်ဆိုင်မှု ပြဿနာ ပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိ တင်ပြရန်
( ဃ ) အိမ်ရှင် / အိမ်ငှား ပြဿနာ အရှုပ်အရှင်း ကင်းရှင်း ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
( င ) ဘေးကပ် လျက် မြေကွက် ပိုင်ရှင် များ၏ သဘောထား တင်ပြရန်
( စ ) အဆောက်အအုံ ခိုင်ခံ့မှု နှင့် ပတ်သက်၍ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူ ကြောင်း ခံဝန် ကတိတင်ပြရန်
( ဆ ) အဆောက်အအုံ ဟောင်းဖျက် သိမ်းခွင့် လျှောက်လွှာ ပုံစံ
( ဇ ) အဆောက်အအုံ ဟောင်းဖျက် သိမ်းရာတွင် ဘေးကပ် လျက်ရှိသော အဆောက်အအုံ ပျက်စီးမှု မရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာ နှင့် မြေရှင်တို့မှ ခံဝန်ကတိ တင်ပြရန်
( ဈ ) ကန်ထရိုက် တိုက်ပုံစံ ဖြစ်ပါက လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ ( LC ) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ တို့မှ သတ်မှတ်ထား သည့် စည်းကမ်း ချက်များအား လိုက်နာဆောင် ရွက်မည် ဖြစ်ကြောင်း ခံဝန်ကတိ တင်ပြရန်
၂ ။ လျှောက် ထားသူ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ( မြေရှင် ၊ GP / SP ) ( A4 Size တစ်မျက်နှာ တည်းတွင်အပေါ် / အောက်ကူးရန် )
၃ ။ မြေပိုင်ဆိုင်မှု အထောက်အထား မိတ္တူ
၄ ။ မိသားစု လုံးချင်း နှင့် စီးပွါးရေး လုပ်ငန်းသုံး အဆောက်အအုံ ပုံစံဖြစ်ပါက လျှောက်ထား သူနှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ် ရေးထိုး ထားသော အဆိုပြု ပုံစံ ( ၃ ) စုံ ( A3 Size )
၅ ။ ကန်ထရိုက် တိုက်ပုံစံ ဖြစ်ပါက လျှောက်ထားသူ ၊ လိုင်စင် ရကန်ထရိုက်တာ ( LC ) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ လက်မှတ် ရေးထိုး ထားသော အဆိုပြု ပုံစံ ( ၃ ) စုံ ( A3 Size )
၆ ။ ဖျက်သိမ်းမည့် အဆောက်အအုံ ဟောင်း၏ ဓါတ်ပုံ နှင့်ဘေး နှစ်ဖက်ရှိ အဆောက်အအုံ များ၏ ဓါတ်ပုံ
၇ ။ ကန်ထရိုက် တိုက်ပုံစံ နှင့် စီးပွါးရေး လုပ်ငန်းသုံး အဆောက်အအုံ ပုံစံများ ဖြစ်ပါက မီးသတ် ဦးစီးဌာန၏ အကြံပြုချက် စသည်တို့ဖြစ်ပါသည် ။
( ၄ ) ထပ်မှ ( ၈ )ထပ်အထိ အဆောက်အအုံ များဆောက်လုပ် ခွင့်လျှောက် ထားရာတွင် ပါဝင်ရမည့် စာရွက် စာတမ်းများ ပဏာမအဆို
( ၄ )ထပ်မှ ( ၈ )ထပ်အထိ အဆောက်အအုံ များဆောက် လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက် စာတမ်းများ ပဏာမအဆိုပြု ပုံစံ ( Proposal )
၁ ။ ဌာနသတ်မှတ် လျှောက်လွှာ ( က ) ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံ
( ခ ) အဆောက်အအုံ ကြီးကြပ် ဆောက်လုပ်မည် ဖြစ်ကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ တင်ပြရန်
( ဂ ) ခွင့်ပြုချက် မရမီ ကြိုတင် ဆောက်လုပ်ခြင်း နှင့် မြေပိုင်ဆိုင်မှု ပြဿနာ ပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကိုလိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိ တင်ပြရန်
( ဃ ) အိမ်ရှင် / အိမ်ငှား ပြဿနာ အရှုပ်အရှင်း ကင်းရှင်း ကြောင်း ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
( င ) ဘေးကပ်လျက် မြေကွက် ပိုင်ရှင် များ၏ သဘောထား တင်ပြရန်
( စ ) လမ်းအတွင်း ၄ထပ်နှင့် အထက် အဆောက်အအုံ မရှိပါက အဆိုပြု အဆာက်အအုံ ဆောက်လုပ်ခြင်း နှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင်များ ( ဘေးဝဲဘက် ( ၂ )ဦး ၊ ယာဘက် ( ၂ ) ဦး ၊ ရှေ့ဘက် ( ၃ ) ဦး ၊ နောက်ဘက် ( ၃ ) ဦး ၊ စုစုပေါင်း ( ၁၀ ) ဦး၏ ထောက်ခံချက် )မှ ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံချက် တင်ပြရန်
( ဆ ) စီးပွါးရေး လုပ်ငန်းသုံး အဆောက်အအုံ ဆောက်လုပ်ခြင်း နှင့်ပတ်သက်၍ ဘေးပတ်ဝန်းကျင်ရှိ မြေကွက် ပိုင်ရှင်များ ( ဘေးဝဲဘက် ( ၂ ) ဦး ၊ ယာဘက် ( ၂ ) ဦး ၊ ရှေ့ဘက် ( ၃ ) ဦး ၊ နောက်ဘက် ( ၃ ) ဦး ၊ စုစုပေါင်း ( ၁၀ ) ဦး၏ ထောက်ခံချက် ) မှ ကန့်ကွက် ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရန်
( ဇ ) အဆောက်အအုံ ဟောင်းဖျက် သိမ်းခွင့် လျှောက်လွှာပုံစံ
( ဈ ) အဆောက်အအုံ ဟောင်းဖျက် သိမ်းရာတွင် ဘေးကပ် လျက်ရှိသော အဆောက်အအုံ ပျက်စီးမှု မရှိစေရန် ဖျက်သိမ်း ပါမည့်အကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာ နှင့် မြေရှင်တို့မှ ခံဝန်ကတိ တင်ပြရန်
( ည ) မြေရှင်၏ GP / SPမှ တင်ပြမည် ဆိုပါက မြေရှင် သက်ရှိ ထင်ရှား ရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှ တင်ပြရန်
( ဋ ) အဆောက်အအုံ ခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိ တင်ပြရန် ( ပုံစံကြီးတွင် ပူးတွဲ တင်ပြရန် )
( ဌ ) အဆောက်အအုံ ဆောက်လုပ် ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ ( LC ) နှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ / ဗိသုကာတို့မှ သတ်မှတ် ထားသည့် စည်းကမ်း ချက်များအား လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း ခံဝန်ကတိ တင်ပြရန် ( ပုံစံကြီးတွင် ပူးတွဲတင်ပြရန် )
၂ ။ လျှောက်ထား သူ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ( မြေရှင် ၊ GP / SP ) ( A4 Size တစ်မျက်နှာတည်း တွင်အပေါ် / အောက်ကူးရန် )
၃ ။ သက်ဆိုင်ရာ ဌာနမှ ( ၁ ) နှစ်အတွင်း ထုတ်ပေး ထားသော အဆောက်အအုံ ဆောက်လုပ်ရန် မြေပုံ ၊ မြေရာဇဝင် မူရင်း ( C/Map )
၄ ။ ဂရန်မိတ္တူ နှင့် နယ်နိမိတ် တိုင်းတာ သတ်မှတ် သည့်မြေပုံ ( D / Map )မိတ္တူ
၅ ။ ဘေးဝဲ / ယာကပ် လျက်တွင် ၄ထပ်နှင့် အထက် အဆောက်အအုံ များရှိပါက လိုင်စင်ရ တိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံ တိုင်းတာချက် ( Theodolite Reading )
၆ ။ လျှောက် ထားသူ ၊ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ် ရေးထိုး ထားသော Foundation Plan ပါဝင်သည့် အဆိုပြု ဗိသုကာပုံစံ ( ၁ ) စုံ ( A3 Siz e)
၇ ။ ဖျက်သိမ်းမည့် အဆောက်အအုံ ဟောင်း၏ ဓါတ်ပုံ နှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံ များ၏ ဓါတ်ပုံ ပုံစံကြီး
၈ ။ မြေခံနိုင်အား စမ်းသပ်မှု ( Soil Test ) မူရင်း ( ၂ ) စုံနှင့် Soft Copy ၊ CD
၉ ။ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာမှ တွက်ချက် တင်ပြ ထားသည့် အဆောက်အအုံ ခိုင်ခံမှုဆိုင်ရာ တွက်ချက်မှု ပုံစံ ( ၁ ) စုံ
၁၀ ။ လျှောက် ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ ( LC ) ၊ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ လက်မှတ် ရေးထိုးထားသော အဆိုပြု ပုံစံ ( ၃ )စုံ ( A3 Size )
၁၁ ။ မီးသတ် ဦးစီးဌာန၏ အကြံပြုချက်
၁၂ ။ အင်ဂျင်နီယာဌာန ( ရေနှင့် သန့်ရှင်းမှု ) ၏ မိလ္လာကန် တည်ဆောက်ရန် ခွင့်ပြုမိန့် ( သို့မဟုတ် ) သဘောထား စသည်တို့ဖြစ်ပါသည် ။ ( ၉ ) ထပ်နှင့် အထက် အဆောက်အအုံများ ဆောက်လုပ်ခွင့် လျှောက်ထား ရာတွင် ပါဝင်ရမည့် စာရွက်စာတမ်း များပဏာမ အဆိုပြုပုံစံ ( Proposal )
၁ ။ ဌာန သတ်မှတ် လျှောက်လွှာ
( က ) ဆောက်လုပ်ခွင့် လျှောက်လွှာပုံစံ
( ခ ) အဆောက်အအုံ ကြီးကြပ် ဆောက်လုပ်မည် ဖြစ်ကြောင်း မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာမှ တင်ပြရန်
( ဂ ) ခွင့်ပြုချက် မရမီ ကြိုတင် ဆောက်လုပ် ခြင်း နှင့် မြေပိုင်ဆိုင်မှု ပြဿနာ ပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာ ဆောင်ရွက် မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိ တင်ပြရန်
( ဃ ) အိမ်ရှင် / အိမ်ငှား ပြဿနာ အရှုပ်အရှင်းကင်း ရှင်းကြောင်း ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ ထောက်ခံချက် တင်ပြရန်
( င ) ဘေးပတ် ဝန်းကျင်ရှိ ထိစပ် မြေကွက် ပိုင်ရှင်များ အပါအဝင် အနည်းဆုံး မြေကွက် ( ၁၀ ) ကွက်မှ ကန့်ကွက် ရန်မရှိကြောင်းထောက်ခံချက် တင်ပြရန် ( ဘေးဝဲ / ယာ ( ၂ ) ကွက်စီ ၊ ရှေ့ / နောက် ( ၃ ) ကွက်စီ ဖြင့် စုစုပေါင်း ( ၁၀ ) ကွက်၏ ထောက်ခံချက် )
( စ ) အဆောက်အအုံ ဟောင်း ဖျက်သိမ်းခွင့် လျှောက်လွှာ ပုံစံ
( ဆ ) အဆောက်အအုံ ဟောင်းဖျက် သိမ်းရာတွင် ဘေးကပ် လျက်ရှိသော အဆောက်အအုံ ပျက်စီးမှု မရှိစေရန် ဖျက်သိမ်း ပါမည့်အကြောင်း မှတ်ပုံ တင်လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာနှင့် မြေရှင်တို့မှ ခံဝန်ကတိ တင်ပြရန်
( ဇ ) မြေရှင်၏ GP / SPမှ တင်ပြမည် ဆိုပါက မြေရှင် သက်ရှိထင်ရှား ရှိကြောင်းနှင့် ကိုယ်စား လှယ်လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှ တင်ပြရန်
( ဈ ) အဆောက်အအုံ ခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ၏ တာဝန် ယူကြောင်း ခံဝန် ကတိ တင်ပြရန် ( ပုံစံကြီးတွင် ပူးတွဲတင် ပြရန် )
( ည ) အဆောက်အအုံ ဆောက်လုပ် ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ ( LC ) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်း ချက်များအား လိုက်နာ ဆောင်ရွက်မည် ဖြစ်ကြောင်း ခံဝန်ကတိ တင်ပြရန် ( ပုံစံကြီးတွင် ပူးတွဲ တင်ပြရန် )
၂ ။ လျှောက်ထား သူ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြား မိတ္တူ ( မြေရှင် ၊ GP / SP ) ( A4 Size တစ်မျက်နှာ တည်းတွင် အပေါ် / အောက်ကူးရန် )
၃ ။ သက်ဆိုင်ရာ ဌာနမှ ( ၁ ) နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံ ဆောက်လုပ်ရန် မြေပုံ ၊ မြေရာဇဝင် မူရင်း ( C/Map )
၄ ။ ဂရန် မိတ္တူ နှင့် နယ်နိမိတ် တိုင်းတာ သတ်မှတ်သည့် မြေပုံ ( D/Map ) မိတ္တူ
၅ ။ ဘေးဝဲ / ယာကပ် လျက်တွင် ၄ထပ်နှင့် အထက် အဆောက်အအုံများ ရှိပါက လိုင်စင်ရ တိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံ တိုင်းတာချက် ( Theodolite Reading )
၆ ။ လျှောက်ထားသူ ၊ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ လက်မှတ် ရေးထိုး ထားသော အဆိုပြု ဗိသုကာပုံစံ ( ၁ ) စုံ(A3 Size )
၇ ။ ဖျက်သိမ်းမည့် အဆောက်အအုံ ဟောင်း၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံ များ၏ ဓါတ်ပုံပုံစံကြီး
၈ ။ မြေခံနိုင်အား စမ်းသပ်မှု ( Soil Test ) မူရင်း ( ၂ ) စုံနှင့် Soft Copy
၉ ။ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာ တို့မှ တွက်ချက် တင်ပြထားသည့် Structural Calculation ( ၂ )စုံ ၊ M & E Calculation ( ၂ ) စုံနှင့် Soft Copy
၁၀ ။ လျှောက် ထားသူ ၊ လိုင်စင်ရ ကန်ထရိုက်တာ ( LC ) ၊ မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ / ဗိသုကာတို့မှ တွက်ချက် ရေးဆွဲထားသည့် Architectural Drawing ( ၄ )စုံ ၊ M & E Drawing ( ၄ ) စုံ၊ Pile Foundation ဖြစ်ပါက Pile Load Test ( Method of Statement ) ( ၄ )စုံ
၁၁ ။ မီးသတ် ဦးစီး ဌာန၏ အကြံပြုချက် စသည်တို့ ဖြစ်ပါသည် ။ အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ခြင်း အတွက် ပုံစံစစ် ဆေးခများမှာ မိသားစု လုံးချင်း နေအိမ် / ဘာသာရေး ဆိုင်ရာ / ဌာနဆိုင်ရာအဆောက်အအုံ များဆိုလျှင် ( တိုက် / Steel ၁ စတုရန်းပေ - ၅၅ကျပ် ) ၊ ( အုတ်ညှပ် ၁ စတုရမ်းပေ- ၃၅ကျပ် ) ၊ ( ပျဉ် ၁ စတုရန်းပေ - ၂၅ကျပ် ) ဖြစ်ပြီး ၊ အများသုံး လူနေ / စီးပွား ရေးသုံးအဆောက် အအုံများ ဆိုလျှင် ( တိုက် / Steel ၁ စတုရန်းပေ - ၈၅ကျပ် ) ၊ ( အုတ်ညှပ် ၁ စတုရမ်းပေ- ၈၅ကျပ် ) ၊ ( ပျဉ် ၁ စတုရန်းပေ- ၈၅ကျပ် ) ဖြင့် ပေးဆောင်ရမှာ ဖြစ်ပါသည် ။
( ၃ )ထပ်နှင့် အောက် အဆောက်အဦ ဆိုလျှင် သက်ဆိုင်ရာ မြို့နယ် စည်ပင်တွင် လျှောက်ထား နိုင်ပြီး ( ၄ ) ထပ်မှစ၍ အထပ်မြင့်များကို မြို့တော်ခန်းမ ၊ အဆောက် အအုံဌာနတွင် အမှုတွဲ ဖွင့်လှစ် လျှောက်ထားရမှာ ဖြစ်ပါကြောင်း ဖော်ပြလိုက် ပါသည် ။
ကူးယူ ဖော်ပြ ပါသည် ။
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...