သက်တမ်း မရှိတဲ့ SP / GP
သက်တမ်း မရှိတဲ့ SP / GP
အိမ် ခြံ မြေ တစ်ခုအား Special Power ဖြင့် ဝယ်ယူခဲ့ပြီး ကာလ ၃ နှစ်ကျော် ကြာခဲ့၍ ( Sp ) Expired ဖြစ်သွားသော အခါ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက် ရမည်နည်း
*******************************************
ယခု စာဖတ်သူ သိချင်နေတဲ့ မေးခွန်း က ၃နှစ်ကျော်သွားပြီ သက်တမ်း ကုန်သွားပြီ လို့ထင်နေတာ မဟုတ်ပါဘူး လို့ရှေးဦးစွာပြောကြား ချင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ မိတ်ဆွေ ကိုဘဲ စာချုပ် စာတမ်း ရုံးမှာ မှတ်ပုံတင် ထားပြီတဲ့..အထူး ကိုယ်စားလှယ် လွှဲစာ ( speical power ) က ၃ နှစ် ကျော်သွားရင် သုံးမရ တော့ဘူးလို့ လူအများ နားလည် နေကြပါတယ် ။ ဒီလို ထင်မြင် တာလည်း မှားတယ်လို့ မပြောနိုင် ပါဘူး ။ ဘာကြောင့် ‘‘ အမှတ်မှား’’ ကြသလဲလို့ ထင်နေကြ သလဲလို့ မေးခွန်း ထုတ်ကြည့်ရင် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြို့ပြစီမံကိန်း နဲ့ မြေစီမံခန့်ခွဲ မှု ဌာန ကစတင် သတ်မှတ် ခဲ့ တယ်လို့ဆိုရင် မှားအံ မထင်ပါ ။ အဲဒီ ဌာနမှာ စုံစမ်းမေမြန်း ဖို့ Complane Section ဖွင့်ထား ပါတယ် ။ ကျွန်ုပ်လည်း ၃ နှစ် ကန့်သတ်ချက် နဲ့ပတ်သက် လို့ စောဒက တက်ပြီးမေးမြန်း ဖူးပါတယ် ။ အဲဒီ ဌာန ကအကြီးအကဲ ကရှင်းပြတာ ကတော့ သက်တမ်း ( ၅ ) နှစ် (၁၀ ) နှစ် စသည် ဖြင့် (speical power), (general power ) ( SP, GP ) ပေးထား သူတွေမှာ အချို့က သက်ရှိ ထင်ရှားရှိ မနေကြ တော့ပါဘူး ။ သေကုန် ကြပါပြီ ။ ဒီလို GP,SP power ပေး သူသေရင် GP ,SP Power ကလည်း သူသေရင် သုံးလို့ မရတော့ဘူး ။ ပါဝါလည်း လိုက်သေသွားတယ် လို့ပြော ရမှာပေါ့။ ဒါပေမဲ့ GP ,SP ပါဝါ ရထားတဲ့သူတွေ ကပါဝါ ပေးသူ သေသွားကြတာကို ဖုံးကွယ် ထားကြ တယ်တဲ့ ။ ကာယကံရှင် ထံက GP , SP ပါဝါ ယူထားသူ အတော်များများ ဟာ ဝယ်ထား တဲ့ဂရန် မြေကွက် ကို အမည် မပြောင်းချင်ဘဲ အမည်ပေါက်ထံက GP , SP ပါဝါ ယူထား တက်ကြလို့ဘဲ ။
ဂရန် အမည်ပေါက် ထံ က ( GP , SP ) ပါဝါ ယူထားရင် အခွန်ဆောင် စရာမလို ၊ အမည်ပြောင်း စရာမလို ဘူးပေါ့ ။ မိမိဝယ်ထားတယ် ဆိုတာလည်း အခွန်ဦးစီး ဌာန ကမသိဘူး ပေါ့ ။ ပွင့်ပွင့် လင်းလင်း ပြောရရင် အခွန်ရှောင် တာပါပဲ ။ အဲ…ဒါပေမဲ့ ‘‘ လူဘဝ ဆိုတာက ကိုယ် ဖြစ်ချင်တာမဖြစ် ၊ သူဖြစ်ချင်သလို ဖြစ်တက်တဲ့ အနတ္တ အစိုးမရတဲ့ သဘော တရားရှိတယ် ’’ မဟုတ်လား ။ မမျှော်လင့်ဘဲ …ဂရန် အမည်ပေါက် သူက ရုတ်တရက် နှုတ်မဆက် ပဲသေဆုံးသွား တဲ့အခါ ( GP,SP ) ပါဝါ ကိုင်ထားတဲ့ သူဟာ ‘‘ မျောက်မီးခဲ ကိုင်မိသလို’’ ဖြစ်တော့တာပါပဲ။ အမည်ပြောင်းဖို့ အမြန်ပြောင်းမှ ဖြစ်မယ်။ နို့မဟုတ်ရင် အမည်ပေါက် ရဲ့ဇနီး၊ ခင်ပွန်း သားသမီး များ က ဝင်နှောင့်ယှက်ရင် ဘယ်လိုလုပ်မလဲ ဟုအတွေးဝင် လာတဲ့အခါ ၊ GP, SP ပါဝါ ပေးသူမှာ ယနေ့တိုင် အသက် ထင်ရှားရှိပါကြောင်း ၊ သူပေးထားတဲ့power ဟာလည်း ယနေ့တိုင် ပြန် လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူးလို့ လိမ်လည် ကျမ်းကျိန်ပြီး …ရန်ကုန် မြို့တော် ခန်း မမှာ ‘‘အရောင်း အဝယ် စာချုပ်ရန် ’’ဆိုပြီး မြေပုံ မြေရာဇဝင် လာကူးတော့တာပဲ ။ ဌာနကလည်း အထောက်အထား ခိုင်မာတယ် ဆိုပြီး မြေအရောင်း အဝယ် စာချုပ်ချုပ်ဖို့ မြေပုံ / မြေရာဇဝင် ထုတ်ပေး လိုက်တဲ့အခါ ၊ အဲဒီမှာ ပြသာနာ ပေါ်တော့တာဘဲ ၊ ‘‘ အဲဒီ လူကြီးဝယ်ထားတဲ့ မြေနှင့် အိမ် အမည်ပေါက်ပိုင်ရှင် ဟာသေသွားတာ က ( ၅ ) နှစ် ( ၁၀ ) နှစ်ရှိပါပြီ ဆိုပြီး ၊ အသိမိတ်ဆွေ ကဖြစ်စေ ၊ အိမ်နီးနားချင်း ကဖြစ်စေ ၊ သေသူ အမည်ပေါက်ရဲ့ သားသမီး တို့ကဖြစ်စေ လာရောက် ကန့်ကွက်တဲ့ အခါ လိမ်စဉ်ကြီး ပေါ်တော့တာဘဲ ။ ဒီတော့ မြို့တော်ခန်းမမှာ နှစ်ဖက်ခေါ်ယူ ညှိနိုင်း ဖြေရှင်းပေး ရတာတွေရှိ လို့ ( ၃ ) နှစ်ကျော် ပါဝါတွေ လက်မခံဖို့ရုံးတွင် အမိန့်ထုတ်ထား တာဖြစ်တယ် လို့သိ ရပါတယ် ။
နောက် ထပ်မံ သိရတာကတော့ ကန်ထရိုက် နဲ့ မြေရှင် General Power ( အထွေထွေ ကိုယ်စားလှယ် လွှဲစာ ) ပေးတဲ့ကိစ္စပါပဲ ။ မြေရှင်နဲ့ ကန်ထရိုက် တိုက်ဆောက် တဲ့အခါ သက်မှတ် ချိန်ကာလ မပြီးတာတို့ ၊ ကန်ထရိုက်ဘက် ကအကြောင်း အမျိုးမျိုးကြောင့် ရပ်ဆိုင်းတာတို့ ဖြစ်ပေါ်လာရင် ကန်ထရိုက် တာက ( GP ) ကိုမြေရှင်ထံ ပြန်မပေးကြဘူး ။ နှစ်အကြာကြီး ကိုင်ထားတက် ကြတယ် ။ အဲဒီ အခါမှာ မြေရှင် နဲ့ ကန်ထရိုက်တာ နဲ့အငြင်းအခုံ ဖြစ်ကြတာ မပြီးနိုင်တော့ဘူး ။ သတင်းစာတွေမှာ ရှေ့နေတွေနဲ့ အပြန်အလှန် ပြောကြတာတွေ အဆွေတော် ဖတ်ဖူးမှာပါ ။ အဲဒီလို ကိစ္စမျိုး တွေကြောင့် ပထမ SP / GP ပါဝါ တစ်နှစ်လို့ သတ်မှတ်တယ် ။ နောက်ပိုင်း သုံးနှစ် ဆိုပြီး သတ်မှတ် လိုက်တယ် ။ အခုတော့ အဲဒီ သတ်မှတ် ချက်ကို 2014 နှစ်လယ်ပိုင်း ကစပြီး ရုပ်သိမ်း လိုက်တယ် လို့သိရပါတယ် ။
ဒါကြောင့် အဆွေတော် လက်ထဲမှာ ရှိတဲ့ ( SP ဖြစ်စေ ၊ GP ဖြစ်စေ ) ( ၃ ) နှစ်ကျော် သွားပေမယ့် မြို့တော်စည်ပင်သာယာ မြေစီမံခန် ခွဲမှု ဌာန ကလက်ခံပါ တယ်လို့ သတင်းကောင်းပါ လိုက်ပါရစေ ။ သတိပြုရန် ကိုယ်စားလှယ် လွှဲစာ (SP/GP )ကို လွှဲအပ် သူကိုယ်တိုင် ရုပ်သိမ်းပြီး ၊ လက်ခံသူကိုယ်တိုင် ကိုယ်စားလှယ် လွှဲစာပြန် အပ်ခြင်း ၊ လက်ခံသူ ပြန်အပ်သူ နှစ်ဦးစလုံး သေခြင်း ၊ စိတ်မနှံ ရူးသွပ် သွားခြင်း ၊ လူမွဲ ဖြစ်သွားခဲ့ လျှင်တော့ ကိုယ်စားလှယ်ရဲ့ အခွင့်အရေး ဆုံးရှံးသွားကြောင်း ပဋိညာန် ဥပဒေပုဒ်မ -၂၀၁ နှင့်ကိုယ်စားလှယ် လွှဲအပ်ခြင်း ဥပဒေ (The power of Attorney Act ) ပုဒ်မ-၃ မှာပြဌာန်း ထားပါတယ်။
ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည် ။
Credit Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...