ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================
၁ ။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင် ကြောင်း မြွက်ဟ ကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင် ဖြစ်စေ ၊ စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်သို့ အမွေ ထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ ၊ ကွယ်လွန်သူပိုင် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချ ခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ပြုလုပ်နိုင်ခွင့် ရှိပါသည် ။
၂ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံး ပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်း ပြုလုပ်ပါကကနေဦး မြေပုံ မြေရာဇဝင် ကူးယူရပါမည် ။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။
၃ ။ မြေပုံမြေရာဇဝင် ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း ၊ အခြား အမွေဆိုင်များ မကျန်ရှိ တော့ကြောင်း ၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာ ပြုလုပ်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင် ဌာန၏ သတ်မှတ်ချက်များနှင့် အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်းရခြင်း ပြုလုပ်ရပါမည်။
၄ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့် အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန် အတွက် မြေပုံမြေရာဇဝင် ထုတ်ပေးမည် ဖြစ်ပါသည် ။ ကန့်ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင် ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါ က သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။ )
၅ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း နှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိ ပါသည် ။ အဓိက လိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည် ။
၆ ။ အကယ်၍ အမွေဆိုင် တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန်နေသော အမွေ ဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့် ရှိပါသည် ။
( မှတ်ချက် ) ။ အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ ။ သေဆုံးသွား သော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။
၇ ။ အထူး သတိပြုသင့်သော အချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာတမ်း ပြုလုပ်ပါက ဥပဒေနှင့် ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။
၈ ။ အမွေထိန်းစာဖြင့် ရောင်းချခြင်း ဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည်။
[ ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက် ။#DVBlawlab (Zawgyi)
ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို
အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း
=========================
၁ ။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကို မောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင် ဖြစ်စေ ၊ စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်သို့ အမွေ ထိန်း လက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ ၊ ကွယ်လွန်သူပိုင် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချ ခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ပြုလုပ်နိုင်ခွင့် ရှိပါသည် ။
၂ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆိုင် အားလုံး ပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါကကနေဦး မြေပုံ မြေရာဇဝင် ကူးယူရပါမည် ။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည် ။
၃ ။ မြေပုံမြေရာဇဝင် ကူးယူရာတွင် အမွေဆိုင် အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း ၊ အခြား အမွေဆိုင် များ မကျန်ရှိတော့ကြောင်း ၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာ ပြုလုပ်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန် အတွက် မြေပုံ မြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည် ။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင် ဌာန၏ သတ်မှတ်ချက်များ နှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်းရခြင်း ပြုလုပ်ရပါမည် ။
၄ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့် ကွက်သူ မရှိသည့် အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန် အတွက် မြေပုံမြေရာဇဝင် ထုတ်ပေးမည် ဖြစ်ပါသည်။ ကန့် ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက် ချက်ကို မြေပုံမြေရာဇဝင် ဌာနက စဉ်းစားပေးမည် မဟုတ်ပါ ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည် ။
၅ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း နှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိ ပါသည် ။ အဓိက လိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။
၆ ။ အကယ်၍ အမွေဆိုင် တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန်နေသော အမွေ ဆိုင် အတွက် ဆောင်ရွက်နိုင်ခွင့် ရှိပါသည် ။
( မှတ်ချက် ) ။ အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ ။ သေဆုံးသွား သော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည် ဖြစ်ပါသည်။
၇ ။ အထူး သတိပြုသင့်သော အချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်စာတမ်း ပြုလုပ်ပါက ဥပဒေနှင့် ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည် ။
၈ ။ အမွေထိန်းစာဖြင့် ရောင်းချခြင်း ဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည် ။
[ ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက်။
#DVBlawlab
Credit ( ဥပဒေရေးရာ )
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...