ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း


=========================


၁ ။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်             ကြောင်း မြွက်ဟ ကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင် ဖြစ်စေ ၊ စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်သို့ အမွေ          ထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ ၊ ကွယ်လွန်သူပိုင် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချ          ခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ပြုလုပ်နိုင်ခွင့် ရှိပါသည် ။
၂ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံး ပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်း ပြုလုပ်ပါက 

    ကနေဦး မြေပုံ မြေရာဇဝင် ကူးယူရပါမည် ။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက             တရားဝင် ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။
၃ ။ မြေပုံမြေရာဇဝင် ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း ၊ အခြား အမွေဆိုင်များ      မကျန်ရှိ တော့ကြောင်း ၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာ ပြုလုပ်၍ ရန်ကုန်               မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက်             မြေပုံမြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင် ဌာန၏ သတ်မှတ်ချက်များနှင့်      အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်းရခြင်း ပြုလုပ်ရပါမည်။


၄ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး                  ကန့်ကွက်သူ မရှိသည့် အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန် အတွက် မြေပုံမြေရာဇဝင် ထုတ်ပေးမည် ဖြစ်ပါသည် ။          ကန့်ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက                ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင် ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါ      က သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။ )
၅ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း နှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိ           ပါသည် ။ အဓိက လိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည် ။
၆ ။ အကယ်၍ အမွေဆိုင် တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန်နေသော အမွေ          ဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့် ရှိပါသည် ။
( မှတ်ချက် ) ။ အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ ။ သေဆုံးသွား               သော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။


၇ ။ အထူး သတိပြုသင့်သော အချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာတမ်း ပြုလုပ်ပါက       ဥပဒေနှင့် ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။
၈ ။ အမွေထိန်းစာဖြင့် ရောင်းချခြင်း ဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည်။
     [ ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း         ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက် ။ 

#DVBlawlab (Zawgyi)


ကွယ်လွန်သွားသည့် ပိုင်ရှင်၏ အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို
အမွေဆိုင်များက ရောင်းချခြင်း ၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း


=========================


၁ ။ အမွေဆိုင် သားသမီးများ သို့မဟုတ် အမွေဆိုင် ညီအစ်ကို မောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်              ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင် ဖြစ်စေ ၊ စီရင်ပိုင်ခွင့် ရှိသော တရားရုံးတော်သို့ အမွေ            ထိန်း လက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ ၊ ကွယ်လွန်သူပိုင် အိမ် ၊ မြေ သို့မဟုတ် မြေကွက် ကို လွှဲပြောင်းရောင်းချ        ခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီ ပြုလုပ်နိုင်ခွင့် ရှိပါသည် ။
၂ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် အမွေဆိုင် အားလုံး ပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက

    ကနေဦး မြေပုံ မြေရာဇဝင် ကူးယူရပါမည် ။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ် သေဆုံးကြောင်း သက်ဆိုင်ရာက             တရားဝင် ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည် ။
၃ ။ မြေပုံမြေရာဇဝင် ကူးယူရာတွင် အမွေဆိုင် အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း ၊ အခြား အမွေဆိုင်           များ မကျန်ရှိတော့ကြောင်း ၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာ ပြုလုပ်၍ ရန်ကုန်           မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန် အတွက်           မြေပုံ မြေရာဇဝင် ( ၂ )စုံ ကူးယူခွင့် လျှောက်ထားရပါမည် ။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင် ဌာန၏ သတ်မှတ်ချက်များ       နှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်းရခြင်း ပြုလုပ်ရပါမည် ။


၄ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြေပုံမြေရာဇဝင် ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်           ကွက်သူ မရှိသည့် အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန် အတွက် မြေပုံမြေရာဇဝင် ထုတ်ပေးမည် ဖြစ်ပါသည်။ ကန့်           ကွက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်       ချက်ကို မြေပုံမြေရာဇဝင် ဌာနက စဉ်းစားပေးမည် မဟုတ်ပါ ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက               သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည် ။
၅ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း နှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့် ရှိ             ပါသည် ။ အဓိက လိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။
၆ ။ အကယ်၍ အမွေဆိုင် တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ် ပေးအပ်၍ ခရီးလွန်နေသော အမွေ           ဆိုင် အတွက် ဆောင်ရွက်နိုင်ခွင့် ရှိပါသည် ။
( မှတ်ချက် ) ။ အမွေဆိုင် တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ ။ သေဆုံးသွား           သော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည် ဖြစ်ပါသည်။


၇ ။ အထူး သတိပြုသင့်သော အချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်စာတမ်း ပြုလုပ်ပါက       ဥပဒေနှင့် ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည် ။
၈ ။ အမွေထိန်းစာဖြင့် ရောင်းချခြင်း ဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ ခွင့်ပြုမိန့် ပါရှိရပါမည် ။
     [ ဦးဗကြိုင် ( ဘီအေ ၊ အီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း        ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ ၊ စာ ၈ ) ] ။ ဓာတ်ပုံ - အင်တာနက်။ 

 

  #DVBlawlab
 Credit ( ဥပဒေရေးရာ )

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate