အိမ် ခြံ မြေ ဝယ်မယ်ဆိုရင်

“ အိမ် ခြံ မြေ ဝယ်မယ်ဆိုရင် ” မြေတစ်ကွက် ဝယ်ရင် ဘယ်လို လုပ်ရမှာလဲ ၊
ဘာတွေ လိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိသာရန် အတွက် တန်ဆောင်တိုင်လပြည့်နေ့တွင် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြ ပေးလိုက်ပါသည် ။
( ၁ ) ဝယ်ယူမည့် မြေကွက်၏ ဂရံ ၊ ပါမစ် ၊ စလစ် စတာတွေကို အရင်စစ် ရပါမည် ။
၄င်းတို့ကို ထုတ်ပေးသည် ဌာနများ ဖြစ်သည့် ( နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ ၊ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနတွင် လည်းကောင်း ၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့တွင် လည်းကောင်း သွားရောက် စစ်ဆေးရပါသည် ။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန တို့တွင် သွားရောက် စစ်ဆေးရန် ဖြစ်သည် ။
( ၂ ) ထိုသို့ စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက် မြေကွက် မှန်ကန်ကြောင်း တွေ့ရှိရပါက အဆိုပါ မြေကွက်ကို ဝယ်ယူမည် ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာရပါမည် ။
( ၃ ) ကန့်ကွက်သူ မရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန် ဖြစ်ပါသည် ။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သော မြေကွက်ဖြစ်ပါက ကျပ် သိန်းတစ်ရာကို ပေး၍ စာချုပ်ရန် ဖြစ်သည် ။
( ၄ ) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူ မရှိစေရပါ ။ ( ဥပမာ ဂိုဒေါင်စောင့် လင်မယားနေတာမျိုး ) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန် အတွက် မြေရှင်ကို ပြောရပါမည် ။ ( မြေရှင်က သုံးလလောက်တော့ နေထိုင်ခွင့် ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော် တို့လည်း အစောင့်လင်မယား ဖယ်ပြီးမှ ကျန်ငွေကို ချေတော့မယ် ဟုပြောပါ ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကို လိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ် ။
( ၅ ) ကျူးကျော်နေထိုင်သူတွေ ဖယ်ပြီးပါက ငွေကျန်ချေ ပြီးရင် မြေကွက်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်း အကုန်ပေးရမယ်နော်ဟု ပြော ရပါမယ် ။ ( ဥပမာ - အဝိစိတွင်းတူး ပါမစ် ၊ ပါဝါမီတာ စတာမျိုးတွေ ဖြစ်ပါတယ် ) ( စာရွက်စာတမ်း မူရင်း စာတမ်း အားလုံးကို တောင်းယူရန် ဖြစ်သည်။ )
( ၆ ) ၄င်းနောက် မြေရှင်က အက်စ်ပီ ( အထူးကိုယ်စားလှယ်လွှဲစာ ) ပေးရမည်ဟု ပြောပါ ၊ ကိုယ်စားလှယ်လွှဲစာတွင် ဝယ်ယူမည့် မြေကွက်နှင့် ပတ်သက်၍ အကုန်လွှဲအပ်သည့် အကြောင်း ပါရှိရပါမည် ။
( ၇ ) ဝယ်ယူမည့် မြေကွက် မြေပုံ ( အများပြောနေကြတဲ့ ၁၀၅ ၊ ၁၀၆ ကို ) ကိုပိုင်ရှင်က ထုတ်ထားပေးပါဟု ပြောရပါမည် ။
( ၈ ) ၄င်းနောက် ငွေအကြေချေသည့် စာချုပ်ပါ ၊၊ အထက်က ပြောခဲ့သည့် စာရွက်စာတမ်းများ အားလုံးကို ရယူပါ ။ မြေကွက်ကို လက်ရောက် ရယူပါ ။
( ၉ ) မပြီးသေးပါ ၊ မိမိဝယ်ယူမည့် အိမ် ခြံ မြေ တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် သတ်မှတ်စံနှုန်းများအား ကြော်ငြာသင်ပုန်း တွင် ဖော်ပြထားပါသည် ။ ရပ်ကွက် အလိုက် ၊ လမ်း အလိုက် စံနှုန်းများ ၊ အဆောက် အအုံများ ပါရှိပါက အဆောက်အအုံ အမျိုး အစား အလိုက် သတ်မှတ်သည့် စံနှုန်းများ ( တစ်ပေလျှင် မည်မျှ ကုန်ကျမည့် တွက်ချက်သည့် PAE နှုန်း ) တို့ကို ဖတ်ရှုပြီး တွက်ချက် နိုင်ပါသည် ။
( ၁၀ ) ကာလတန်ဖိုး စိစစ်သတ်မှတ်နိုင်ရန် အထက်ဖော်ပြပါ စာရွက်စာတမ်း အထောက်အထားများကို အိမ် ခြံ မြေ တည်ရှိရာ တိုင်း ဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ရုံး သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင်သာ တင်ပြရမည် ဖြစ်ပါသည်။ မြို့နယ်ရုံးက မိမိတန်ဖိုး သတ်မှတ်ထားသည့် နှုန်းထားဖြင့် အရောင်းအဝယ် စာချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် တင်ပြပါ က သူက အထက် အဆင့်ဆင့်ရုံးများသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည် ။
( ၁၁ ) ကျသင့်ငွေ တံဆိပ်ခေါင်းခွန် ပေးဆောင်ခြင်း
အိမ် ခြံ မြေ ဝယ်ယူသူအနေဖြင့် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်သည့် ဝယ်ယူသည့် တန်ဖိုးအပေါ် မိမိတင်ပြ နိုင်သည့် ဝင်ငွေရလမ်း အထောက်အထားများ တင်ပြပြီး ဝင်ငွေခွန် စိစစ်မှုကို ခံယူရန် လိုအပ်ပါသည် ။ စည်းကြပ်မှု လွှတ်ကင်း နေသော ဝင်ငွေ ပေါ်ပေါက်ပါက နှစ်စဉ် ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ နှုန်းထားအတိုင်း ပေးဆောင်
ရမည် ဖြစ်ပါသည် ။
( ၁၂ ) မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မည်သည့်မြို့နယ်တွင် တည်ရှိသည့် အိမ် ခြံ မြေ ကို ဝယ်ယူသည် ဖြစ်စေ ၊ ပေးကမ်းသည် ဖြစ်စေ ၊ သတ်မှတ်သည့် ကာလတန်ဖိုး အပေါ်တွင် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း အပြင် အပို တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း ၊ ( စုစုပေါင်း
၄ ရာခိုင်နှုန်း ) ကို ထမ်းဆောင် ရပါမည် ။
( ၁၃ ) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက တွက်ချက်ပေးထားသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံတို့ဖြင့် သက်ဆိုင်ရာ မြို့နယ် ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင် ရပါမည် ။ ( မေတ္တာဖြင့် ပေးကမ်းခြင်း ဖြစ်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုဘဲ တံဆိပ်ခေါင်းခွန်သာ ထမ်းဆောင်ရမည် ဖြစ်ပါသည်။ )
( ၁၄ ) ငွေသွင်းပြီးသည့် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန် ငွေသွင်းချလံ မူရင်း / မိတ္တူတို့ကို မြို့နယ်အခွန်ဦးစီး ဌာနရုံးတွင် ပြသ၍ စာချုပ် ချုပ်ဆိုရန် တံဆိပ်ခေါင်း ထုတ်ယူရပါမည် ။
( ၁၅ ) အိမ် ခြံ မြေ ဝယ်ယူသူ အနေဖြင့် ဝင်ငွေခွန် ဥပဒေပုဒ်မ ၅၃ အရ ဝင်ငွေခွန် တောင်းခံလွှာ ပုံစံ ပတခ ( ဝင ) - ၈ နှင့် အတူ မြန်မာ့ စီးပွားရေးဘဏ်တွင် ပေးဆောင်ပြီးသည့် ကျသင့် ဝင်ငွေခွန် နှင့် တံဆိပ်ခေါင်းခွန် ချလံ ဖြတ်ပိုင်း မူရင်းများ ၊ တံဆိပ်ခေါင်းခွန်
အပြည့်အဝ ကပ်နှိပ် ထမ်းဆောင်ထားသည့် စာချုပ်စာတမ်း မူရင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များ ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး သို့လည်းကောင်း ၊ ပြည်ထောင်စု နယ်မြေနှင့် ကျန်တိုင်းဒေသကြီး / ပြည်နယ်အတွင်းရှိ မြို့နယ်များ ဖြစ်ပါက မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးရုံးများသို့ သွားရောက်၍ စာချုပ်စာတမ်းများကို မှတ်ပုံတင် ကြရပါမည် ။
အထက်ဖော်ပြပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် ဖြစ်ပါသည် ။ နောက်မှ အမည်ပေါက် ပြောင်းတာ ဘာညာတွေကို လုပ် စရာ ရှိပါသေးသည် ။ ဤမျှလောက်ဆိုလျှင် အတော်အသင့် သိသင့်ပြီဟု ထင်ပါသည် ။
ရေးသူ ။ ဆရာကြီး မိုးထက် ( ၂၉.၁၁.၂၀၂၀ ) ရက်နေ့ ညနေ( ၅ ) နာရီ
ကိုးကား-
- ကွယ်လွန်သူ အိမ် ခြံ မြေ အကျိုးဆောင် ဆရာကြီး ဦးကြည်စိုး ( အိုင်စီ ) ၏ သင်ကြားပို့ချမှုများ ( ဆရာကြီးကို ဦးညွှတ်လျှက် )
- ပြည်တွင်းအခွန်များ ဦးစီးဌာန၏ လုပ်ငန်းစဉ်များ ထုတ်ပြန်ချက်
Credit Sayar Gyi U KYI SOE IC
Credit ( ဥပဒေရေးရာ )
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...