ဂရံမြေကို ဘယ်လို လုပ်ဆောင်ရမလဲ

ဂရံမြေကို ဘယ်လို လုပ်ဆောင်ရမလဲ

ကျွန်နော်က ( 10 X 60 ) ဂရန်မြေကို မိတ္တူခြမ်း ဝယ်ထားသူပါ.

.မေးချင် တာက

ဘေးအိမ်က နာမည်မပြောင်းရင် ကျွန်မပဲ ပြောင်းလို့ ရသလား 

နောင်အခါ ဘေးအိမ်လေး ရောင်းလို့ ကိုယ်ပိုင်ပြီး အမည်ပေါက် 

ပြောင်းချင်ရင်ရော အရပ်စာချုပ်တွေနဲ့ အဆင်ပြေ မလား? 

တဆင့်ခံဖြစ်လို့ ဂရန်မူရင်း ပိုင်ရှင်က မရှိတော့ပါဘူး 

လက်ရှိ နေထိုင်နေတဲ့ ဘက်မှာ ဂရန်အမည်ပေါက် ထဲက 

မှတ်ပုံတင်နဲ့ မှတ်ပုံတင် မိတ္တူမှာ ၁၂ / ရော အနောက်က မှတ်ပုံတင် 

အမှတ်ရော မှန်ပြီးအလယ်က မြို့နယ် လွဲနေတာကရောပြသာနာရှိလား

 အမည်ပေါက် ပြောင်းရင်ရော အဲ့နေရာမှာ ပြသာနာရှိ နိုင်သလား

လိုအပ်တာလေးတွေ ဖြေကြား ပေးပါ ။

ခွဲစိတ်ရန် လျှောက်ထားသော မြေကွက် အတိုင်းအတာသည် မျက်နှာစာတွင်

 အနည်းဆုံးပေ ( ၂၀×၆၀ ) ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက် 

ဧရိယာသည်လည်း အနည်းဆုံး ပေ (၂၀× ၆၀ ) ရှိရမည် ။

ခွဲစိတ်မည့် မြေကွက် အသုံးပြု ရန်အတွက် အများပိုင်လမ်း ( သို့ ) 

ကိုယ်ပိုင် လမ်းမရှိပါက အနည်းဆုံး ၁၀ပေ ချန်လှပ်မည့်လမ်း ပါရှိရမည် ။

မြေကွက် ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတိုက ကင်းလွတ်မှု ရှိရမည် ။

 မြေငှား စာချုပ် ( ဂရန် ) မြေအမျိုးအစား မှအပ ကျန်မြေ အမျိုးအစားများအား 

ဧရိယာ ၁၂၀၀ စတုရန်းပေ မပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည် ။

မိမိ ပိုင်ဆိုင်သည့် မြေသည် ပေ ( ၂၀×၆၀ ) ဧရိယာရှိပါက မိမိအမည်ပေါက် 

ထွက်သည်အထိ ဂရန်ခွဲစိတ် ရယူနိုင်ပါသည် ။

မြေနှင့် အဆောက်အဦးရှိက အရပ်စာချုပ် အဆင့်ဆင့်ဖြင့်  မြို့ပြစီမံကိန်းနှင့် 

မြေစီမံခန့်ခွဲမှုဌာနတွင် တရားဝင် အမည်ပေါက် အဖြစ် မြေဂရန် ခွဲစိတ် နိုင်ပါသည် ။

မူလ အမည်ပေါက်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ကွဲလွဲမှုမရပါ ။

 ကွဲလွဲမှုရှိပါက ကြန့်ကြာ တတ်ပါသည် ။ သက်ဆိုင်ရာ ဌာနများတွင် ပြန်လည်

 ပြင်ဆင်ပြီးမှသာ ဂရန်မြေခွဲရန် ဆောင်ရွက်သင့် ပါသည် ။

Credit-OriginalUploder

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!