အိမ် နှင့် မြေ သို့မဟုတ် မြေကွက် လွှဲပြောင်း ရောင်းချရာတွင် ရေးသား ချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ ။

အိမ် နှင့် မြေ သို့မဟုတ် မြေကွက် လွှဲပြောင်း ရောင်းချရာတွင် ရေးသား ချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ ။

အိမ် နှင့် မြေ သို့မဟုတ် မြေကွက် လွှဲပြောင်း

ရောင်းချရာတွင် ရေးသား ချုပ်ဆိုသော 

မှတ်ပုံတင် အရောင်း အဝယ် စာချုပ်တွင်

 အဓိက ပါဝင်ရမည့် အချက်များ ။

 

=========================

 

၁ ။ ရောင်းသူ နှင့် ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည် ။

 

၂ ။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားအမှတ်

 သို့မဟုတ် နိုင်ငံသား လက်မှတ် အမှတ်နှင့် နေရပ်လိပ်စာတို့ကို

 ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည် ။

 

၃ ။ ရောင်းချသည့် တန်ဖိုးကို မှန်မှန်ကန်ကန် ဖော်ပြရပါမည် ။

အကယ်၍ တန်ဖိုး လျော့ပြပါက အခွန် လိမ်လည်မှု အရ 

အရေးယူခြင်း ခံရပါမည် ။ လျော့ပြသည့် အခွန် တန်ဖိုး၏

 ( ၁၀ ) ဆကို ဒဏ်ငွေအဖြစ် ခံရနိုင် ဖွယ်ရာ ရှိပါသည် ။

 

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် 

အလား လေးရပ် ၊ မြေဧရိယာ အတိုင်းအတာ တို့ကို 

ဖော်ပြ ရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့် အတိုင်း ဖြစ်ရပါမည် ။

 

၅ ။ ရောင်းသူက ငွေအပြေ အကျေ ရရှိပြီး ကြောင်းနှင့်

 ဝယ်သူကလည်း အိမ် နှင့် မြေ သို့မဟုတ် မြေကို 

လက်ဝယ် ရရှိပြီးကြောင်း ဖော်ပြပါရှိ ရပါသည် ။

 

၆ ။ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်အတွက်

 ကျသင့်သော တံဆိပ် ခေါင်းခွန်ကို ဝယ်သူက

 ထမ်းဆောင် ထားရပါမည် ။

 

၇ ။ ကိုယ်စားလှယ် အဖြင့် ရောင်းချခြင်း ၊ 

ဝယ်ယူခြင်း ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး

ပြုလုပ်ထားသော ကိုယ်စားလှယ် ဖြစ်ရမည့် အပြင်

ကိုယ်စားလှယ် စာပေးသူ အသက်ထင်ရှား ရှိကြောင်း 

ကိုယ်စားလှယ် စာရရှိသူက တရားရုံးတော်တွင် 

သက်သေ ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော 

ကျမ်းကျိန် ဆိုချက် နှင့်အတူ ကိုယ်စားလှယ်စာ

မူရင်းကို တင်ပြ ရပါမည် ။

 

၈ ။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် 

နိုင်ငံခြားသို့ ရောက်ရှိ နေသူ ဖြစ်ပါက 

နိုင်ငံခြားရှိ မြန်မာသံရုံးတွင် 

တရားဝင် ပြုလုပ် ထားသော 

ကိုယ်စားလှယ် လွှဲစာမူရင်းကို ပူးတွဲ တင်ပြ ရပါမည် ။

 

၉ ။ အမည်ပေါက် ပိုင်ဆိုင်သူ သို့မဟုတ် 

အမည်ပေါက် ပိုင်ဆိုင်သူ ကွယ်လွန် သွားပါက

အမွေဆိုင်များက စာချုပ် စာတမ်း မှတ်ပုံတင်ရုံး၌

ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း 

မြွက်ဟ ကြေညာ စာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော 

တရားရုံးက ထုတ်ပေးထားသော အမွေထိန်း 

လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ 

မရွှေ့ မပြောင်းနိုင်သည့် အိမ် ၊ မြေ သို့ဟုတ်

မြေကို ရောင်းချ ခွင့်ပြုသည့် အမိန်တို့ကို တင်ပြ နိုင်ရပါမည် ။

 

၁၀ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာ စာတမ်းအရ 

ရောင်းချခြင်း ဖြစ်ပါက အမွေဆိုင် အားလုံးက 

ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုး ရပါမည် ။

 

၁၁ ။ အမွေ ထိန်းစာအရ ရောင်းချခြင်း ဖြစ်ပါက 

အမွေထိန်းစာ လက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် 

လက် မှတ်ရေးထိုး ရပါမည် ။ 

ထိုသို့ ရောင်းချ ခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက် ပါရှိရပါမည် ။

 

၁၂ ။ အရွယ် မရောက်သူ ကိုယ်စား တရားရုံးက ခန့်ထားသည့် 

အုပ်ထိန်းသူက မရွှေ့ မပြောင်းနိုင်သော ပစ္စည်းကို 

ရောင်းချရန် တရားရုံး၏ ခွင့်ပြု မိန့်ရရှိပါက 

အရွယ် မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် 

မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချ နိုင်ပါသည် ။

 

၁၃ ။ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွတ်ဟ

ကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း ၊ 

အမွေဆိုင် အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း  ၊ 

အမွေဆိုင် အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်သူ အချို့ကို

ချန်လှပ်၍ ကျမ်းကျိန် ဆိုခြင်း ပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် 

တာဝန်ရှိ သည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ 

လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟ ကြေညာ စာတမ်းမှာလည်း 

သက်ဆိုင်ရာက သိရှိလျှင် သော်လည်းကောင်း ၊ တစ်ဦး တစ်ယောက်က 

ကန့်ကွက် လာလျှင် သော်လည်းကောင်း ၊ မှတ်ပုံတင် ထားပြီးသော 

စာချုပ် ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည် ။

 

၁၄ ။ အလားတူ မြေပုံ မြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့်

 ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ်လည်၍

ကျမ်းကျိန် ဆိုမှုအတွက် အရေးယူခြင်း ခံရနိုင်ကြောင်း 

သိရှိထား သင့်ပါသည် ။

 

၁၅ ။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ်

 ကွယ်လွန်သူ၏  ညီအစ်ကိုမောင်နှမ အရင်းများက

 ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို

 စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း 

မြွက်ဟ ကြေညာ စာတမ်း လျှောက်ထား၍ ခွင့်ပြုပါက 

စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် 

တံဆိပ် ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည် ။

 

၁၆ ။ ကွယ်လွန်သူ၏ အမွေဆိုင် များအနက်မှ တစ်ဦးဦးက 

ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် 

မရွှေ့ မပြောင်း နိုင်သော ပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန်

 အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည် ။ 

တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက် ထားလာပါက 

တရားရုံးက သင့်တော်မည့် အမွေဆိုင်ကို 

အမွေထိန်း လက်မှတ်စာ ထုတ်ပေး နိုင်ခွင့် ရှိပါသည် ။ 

အမွေထိန်းစာ အပြိုင်လျှောက် ထားလာပါက

တရားမကြီးမှု အဖြစ်ပြောင်းလဲ၍ တရားရုံးက

စစ်ဆေးသွားမည် ဖြစ်ပါသည် ။ 

အမွေထိန်းစာ ရရှိသူသည် လျှောက်ထားသည့် 

ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့် (  ၇  ) ကျပ်နှုန်း

ရုံးခွန်တော် ထမ်းဆောင် ရပါသည် ။

ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင်သည့် အိမ်နှင့်မြေ

သို့မဟုတ် မြေကွက်ကို ထုခွဲ ရောင်းချလိုပါက 

အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး၏

ခွင့်ပြုချက် ရရှိမှ သာလျှင် ရောင်းချ နိုင်မည် ဖြစ်ပါသည် ။ 

အမွေထိန်းစာ ရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော 

ကြွေးမြီများကို ရှင်းလင်း ပြီးနောက် ကျန်ငွေသားများနှင့်

ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေးရန် 

တာဝန်ရှိပါသည် ။

 

၁၇ ။ အပိုဒ် ၁၆ အရ အမွေထိန်း လက်မှတ်စာ

 အပြိုင်အဆိုင် လျှောက်ထားမှုတွင် အမွေပုံ 

စီမံခန့်ခွဲမှု  စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် 

မည်သူ့ကိုမျှ အမွေထိန်း လက်မှတ်စာ ထုတ်ပေးမည်

မဟုတ်ကြောင်း သတိ ပြုသင့်ပါသည် ။ 

အမွေဆိုင်တို့ အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ 

ကျန်ရစ်သော အမွေကို မိမိတို့ ရသင့် ရထိုက်သော 

အမွေဝေစုကို စီရင် ပိုင်ခွင့်ရှိသော တရားရုံးတွင် 

တရားတစ်ထုံး စွဲဆိုရန်  ဖြစ်ပါသည် ။

( ဦးဗကြိုင် ( ဘီအေ ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်း နိုင်သည်

 အိမ် ၊ ခြံ ၊ မြေ ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ 

ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေ သိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁)

 

crd:ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate