စတိုးဆိုင်က ဝယ်ပြီး ချုပ်တဲ့ စာချုပ် တံဆိပ်ခေါင်း ခွန်မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----

စတိုးဆိုင်က ဝယ်ပြီး ချုပ်တဲ့ စာချုပ် တံဆိပ်ခေါင်း ခွန်မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----

           စတိုးဆိုင်က ဝယ်ပြီး ချုပ်တဲ့ စာချုပ် တံဆိပ်ခေါင်း ခွန်မပြည့်ရင် တရားမဝင် ဖြစ်နိုင်သလား-----ကျွန်မက အရပ်ပွဲစား တစ်ယောက်ပါ ။ အခန်းအရောင်း အဝယ် / ဌားရမ်းတဲ့ ကိစွတွေမှာ စတိုးဆိုင်က ဝယ်တဲ့ စာချုပ်နဲ့ဘဲ လုပ်လေ့ ရှိပါတယ် ။ အဲ့ဒီ စာချုပ်တွေက ရောင်းမှား ဝယ်မှား ဖြစ်လို့ ပြသာနာ တက်လာရင် တံဆိပ် ခေါင်းခွန် မပြည့်လို့ ဆိုပြီး သက်သေခံ အဖြစ်က ပယ်ဖျက်ခံ ရနိုင်ပါသလား ။ တရားဝင်တဲ့ စာချုပ် ဖြစ်အောင် တံဆိပ်ခေါင်းခွန် ဘယ်လောက် တန်ဖိုးရှိတဲ့ စာချုပ်နဲ့ ချုပ်ဆို ရမလဲ ဆိုတာ သိလို ပါတယ် ။
အရောင်း အဝယ် စာချုပ်တို့. အဌားစာချုပ် တိူ့လုပ်တဲ့ အခါမှာ အလွယ် တကူဘဲ စတိုးဆိုင်က အသင့်ရိုက် ပြီးသား စာချုပ်ကို ဝယ်ပြီးချုပ်လေ့ ရှိကြပါ တယ် ။ အဲ့လို စာချုပ်ချုပ်တဲ့ အခါမှာ ဥပဒေ ဘောင် ဝင် ၊ မဝင် ဆိူတဲ့ ပြသာနာ ပေါ်ပေါက် လာပါတယ် ။ ဒီလိုစာချုပ်တွေဟာ တရားဝင် ၊ မဝင်ဆိုတဲ့ အပိုင်းကတော့ နိုင်ငံတော်က ပြဌာန်းထားတဲ့ စာချုပ်စာတမ်း ဥပဒေဆိုတာ ရှိပါတယ် ။ ပဋိဉာဥ်ဥပဒေ ၊ ပစွည်းလွှဲ ပြောင်းခြင်း ဥပဒေ ၊ တံဆိပ်တော် ခွန်ဥပဒေ နဲ့ အခွန်ဥပဒေ တွေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက် တွေနဲ့ ညီညွှတ် ခြင်းမရှိပါဘူး။


              နှစ်ဦး သဘောတူ စာချုပ် ချုပ်မယ်ဆိုရင် ထိုက်သင့်တဲ့ ရုံးခွန်တော် ကတော့ ၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၄ ​​တံဆိပ်ခေါင်း ဥပဒေ ပြင်ဆင်တဲ့ ဥပဒေဖြစ်တဲ့ အပိုဒ် ၅ ၊ အပိုဒ်ခွဲ ( ဃ )အရ ၃၀၀ ကျပ်တန် တံဆိပ်ခေါင်း နှင့် ချုပ်မှသာလျှင် ဥပဒေ အရ တရားဝင်မှာ ဖြစ်ပါတယ် ။ အသင့်ရိုက် ထားတဲ့ စာချုပ်တွေဟာ ဆိုရင် ပုံစံတူတွေ ဖြစ်ပါတယ် ။ ဒါပေမဲ့ ချုပ်ဆိုတဲ့ လူများဟာ အကြောင်းခြင်းရာ ကွဲပြားပါ လိမ့်မယ် ။ ပုံစံတူ စာချုပ်တွေဟာ ကွဲပြားတဲ့ အကြောင်းချင်း ရာတွေ မပါတဲ့အတွက် တစ်စုံတစ်ရာ ပြသာနာ ပေါ်ပေါက် လာရင် ဖြေရှင်းရ ခက်ပါတယ် ။


              ဖြေရှင်း ရခက်တဲ့ အတွက် စာချုပ် အမျိုးအစားသည် တစ်ခု နှင့်တစ်ခု တူချင်မှ တူမှာပါ ​။အကြောင်း ချင်းရာလဲ တူချင်မှတူမှာပါ ။ ဒါ့ကြောင့် ဥပဒေ အရ အပေါ်က ပြောခဲ့တဲ့ ဥပဒေ တွေနဲ့ ဘောင်ဝင်အောင်  ချုပ်ဆိုသင့် ပါတယ် ။ တံဆိပ် တော်ခွန် ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်း ထမ်း​ဆောင်ခြင်း မရှိတဲ့ စာချုပ် စာတမ်းတွေကို သက်သေခံအဖြစ် လက်ခံခွင့် မရှိဘူးလိူ့ ဥပဒေ ပြဌာန်းထားတဲ့အတွက်ကြောင့် ဥပဒေ နှင့်အညီ ပြုလုပ်သင့် ကြောင်း အကြံပြု လိုပါတယ်။
#DVBlawlab

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate