တိုက်ခန်း ဝယ်ယူမယ် ဆိုရင် လိုက်နာသင့်တဲ့ အချက် (5)ချက်။

တိုက်ခန်း ဝယ်ယူမယ် ဆိုရင် လိုက်နာသင့်တဲ့ အချက် (5)ချက်။

အရောင်းအဝယ်လုပ်တဲ့အိမ်ခြံမြေ အမျိုးအစားများစွာ
ထဲကမှတိုက်ခန်းကို ဝယ်ယူတော့မယ်ဆိုရင်သတိထားသင့်
လုပ်ဆောင်သင့်တဲ့ အခြေခံအချက်လေးတွေ ရှိပါတယ်။
မိမိကိုယ်တိုင်က နားမလည်ဘဲဝယ်ယူမိလိုက်တဲ့အခါ
 မိမိနားမလည်တဲ့အပေါ်တစ်ဖက်ကသိပြီး အလွယ်
ရိုက်သွားနိုင်ပါတယ်။
နံပါတ်(1) တိုက်ခန်းဝယ်ယူဖို့ စရံမချခင် သေချာညှိနှိုင်းဆောင်ရွက်ပါ။
အမည်ပေါက်မှန်မမှန်စစ်ဆေးပြီး အားမနာတမ်း မိမိဘက်က မေးမြန်း
တောင်းဆိုပါ။ရောင်းသူတောင်းဆိုသမျှကိုလည်း ကျွမ်းကျင်သူနဲ့သေချာ
တိုင်ပင်ပြီးမှ လုပ်ဆောင်ပါ။

နံပါတ်(2) ဝယ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါမှာလည်း အမည်ပေါက်ပြောင်း
လို့ရမရဆိုတာကို ထပ်စစ်ပါ။ အမြင်သဘောနဲ့စစ်ပြီးပြီဆိုတာနဲ့ သက်ဆိုင်
ရာမှာ အမည်ပေါက်မှန်မမှန်၊ရှိမရှိဆိုတာကိုလည်း ထပ်မံစစ်ဆေးရပါမယ်။
Owner book/အမည်ပေါက် ထွက်ထားလား။မထွက်ထားသေးပါက 
ငွေသွင်းပြေစာ၊နေထိုင်ခွင့်ပြုမိန့်မူရင်း၊တခြားစာရွက်စာတမ်း အစရှိသဖြင့် 
စစ်ဆေးရမှာ ဖြစ်ပါတယ်။ဒီအပိုင်းကတော့ မဝယ်ခင်စာရွက်စာတမ်း 
စစ်ဆေးတဲ့အပိုင်းဖြစ်ပါတယ်။ 

နံပါတ်(3)စာချုပ်မချုပ်ခင် ကိုယ်ချုပ်ဆိုမယ့် စာချုပ်မှာပါဝင်မယ့်
အရေးအသားကိုလည်း စာလုံးပေါင်းသတ်ပုံကအစ သေချာစွာစစ်ဆေးရပါမယ်။
စာချုပ်မှာ ပါဝင်ရမယ့်အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ မရေးသားခဲ့လို့  
ရှင်းလိုက်ရတဲ့ကိစ္စတွေ တောင်လိုယာလိုပေါများပါတယ်။

နံပါတ်(4) စရံစာချုပ်ချုပ်ပြီးပြီဆိုတာနဲ့ သတင်းစာထဲမှာ ထည့်ကြော်ငြာပါ။
အရှုပ်အရှင်း ၊အမွေကိစ္စ စတာတွေ မဖြစ်အောင် ကာကွယ်ရမှာဖြစ်ပါတယ်။

နံပါတ်(5) အပေါ်က(4)ချက်ကို လုပ်ဆောင်ပြီးပြီဆိုတာနဲ့ နောက်ပိုင်းအမည်ပြောင်း 
ကိစ္စများက လွယ်ကူသွားပြီပဲ ဖြစ်ပါတယ်။အပေါ်က အချက်တွေကို ဂရုမပြုဘဲ 
တိုက်ခန်းဝယ်ယူခဲ့လို့ နေထိုင်မရဖြစ်နေတာတွေ၊ဆုံးရှုံးလိုက်ရတာတွေ ရှိတဲ့
အတွက်ကြောင့် သတိပြုစေရန် ဖော်ပြပေးလိုက်ရပါတယ်။
တိုက်ခန်းဝယ်ယူမည့်သူများ  အဆင်ပြေချောမွေ့စွာဖြင့် ဝယ်ယူနိုင်ကြပါစေ။
⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️⚖️
-ဆူညံသောင်းကျန်းလွန်းတဲ့ ဘေးအိမ်နီးချင်းကို ဆူညံသောင်းကျန်းမှု့
မရှိတော့အောင်ဘယ်လိုဖြေရှင်းရမလဲ။
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/nHR1E>
-တရားစွဲဆိုခံလိုက်ရတဲ့ အိမ်ခြံမြေ တိုက်ခန်းရောင်းသူ
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/fw0l0>
- အပေါင်ခံထားတဲ့အိမ်ကို ဝယ်မိပြီး ဒုက္ခရောက်တော့မယ်အဖြစ်
ဆက်လက်ဖတ်ရှု့ရန်< https://www.yuzanarland.com/g/cRFd4>
 

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate