“စရံချဖို့ ငွေထုတ်ကို အရင်ပြင်ထားသော သူ၊ ငွေထုတ်ထက် အရေးကြီးတဲ့အချက်တွေရှိ ”

“စရံချဖို့ ငွေထုတ်ကို အရင်ပြင်ထားသော သူ၊ ငွေထုတ်ထက် အရေးကြီးတဲ့အချက်တွေရှိ ”

“စရံချဖို့ ငွေထုတ်ကို အရင်ပြင်ထားသော သူ၊ ငွေထုတ်ထက် အရေးကြီးတဲ့အချက်တွေရှိ ”


“ဆရာရေ ကျွန်တော်က မြေတစ်ခါမှအဝယ်ဖူးပါဘူး အခုမြေဝယ်ဖို့အကြောင်းဖန်လာလို့ ကြိုက်တဲ့မြေကလည်းတွေ့ထားတယ် မြေအကြောင်းကိုလည်းလိုင်းပေါ်မှာတစ်စေ့တစ်စောင်းတော့လေ့လာထားပါတယ်။ဒါပေမယ့် ဘယ်အချက်တွေက အရင်လုပ်ဆောင်သင့်တယ်ဆိုတာကို ကျွန်တော့်ကိုပြောပြပေးပါခင်ဗျာ။”

“ဝယ်မယ်ဆိုတဲ့မြေက ဂရန်မြေလား ”

“ဟုတ်ပါတယ် ဒီအပတ်မှာပဲစရန်ချဖို့ လုပ်နေတာပါ”

“စရံမချခင်ဘာတွေလုပ်ဖို့ပြင်ဆင်ထားလဲ”

“ထွေထွေထူးထူးဘာမှတော့မပြင်ဆင်ထားပါဘူး ပိုက်ဆံတော့ပြင်ထားပါတယ်”

“ဟာ ဆရာသမားရေ ပိုက်ဆံတော့ပြင်တာတော့ပြင်ပေါ့ကွာ ဒါပေမယ့် အရေးကြီးလုပ်ဆောင်ရမယ့် အချက်တွေကရှိသေးတယ်။ဒီအရေးကြီးလုပ်ဆောင်ချက်တွေကို အရင်မလုပ်ဘူးဆိုရင် ခင်ဗျားပြင်ထားတဲ့ငွေထုတ်လည်းဆုံးရှုံးတာမျိုးဖြစ်တတ်တယ်”

“ဆရာက အခုမှစဝယ်မယ့်ကျွန်တော့်ကိုဖြဲခြောက်နေတာလား”

“ဖြဲခြောက်တာမဟုတ်ပါဘူး မင်းမေးတော့လည်းဖြေရတာပါ”

“ဟုတ်ကဲ့”

“ခင်ဗျားဝယ်မယ့်မြေရဲ့ပိုင်ရှင်နှင့်ရင်းနှီးသည်ဖြစ်စေ၊မရင်းနှီးသည်ဖြစ်စေ ဂရန်မိတ္တူကို သက်ဆိုင်ရာဠာနတွေမှာ အရင်ဆုံး စစ်ဆေး၊မိတ္တူကိုစစ်ပြီးပြီဆိုရင် စရံမချခင် မူရင်းဂရန်ကို ကိုယ်တိုင်မြင်တွေ့ရမှ စရံချ၊စရံချပြီးတာနဲ့ သတင်းစာမှာ ကန့်ကွက်သူရှိမရှိကို ကြော်ငြာစာထည့်။
ဒါကတော့ အရင်ဆုံးလုပ်ဆောင်သင့်တာတွေပါ”

“ဟုတ်ကဲ့ပါခင်ဗျာ အဲဒါဆိုကျွန်တော် သက်ဆိုင်ရာဠာနမှာစစ်ဆေးလိုက်လို့အတုဖြစ်နေရင်မဝယ်လိုက်ရုံပဲ။သတင်းစာထည့်လို့ကန်ကွက်သူပေါ်လာရင်လည်း စာချုပ်အတိုင်းဆောင်ရွက်လိုက်ရုံပဲပေါ့”

“ဒါပေါ့။ပြီးတာနဲ့ ငွေအပြေချေတော့မယ်ဆိုရင်လည်း - အရောင်းအဝယ်ပြုလုပ်ခါမှာထုတ်ယူထားတဲ့
မြေပုံမြေရာဇဝင်၊အမည်ပေါက်ထံကနေ SP၊မူရင်းဂရန်နှင့်ဆက်စပ်တဲ့စာချုပ်တွေ ကို လက်ဝယ်ရအောင်ယူပြီး ဝယ်မယ့် အိမ်ခြံမြေကိုလက်ဝယ်ရအောင်လုပ်ပြီးမှ ငွေအပြေချေပါ”

“ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်လည်း ငွေထုပ်ပဲပြင်ပြီးဒါတွေအရင်မလုပ်ရင်တော့ မတွေးရဲစရာပါပဲ”


🔷 လတ်တလောမြန်မာနိုင်ငံတွင် နေ့စဉ် အိမ်ခြံမြေ ပွဲစားများ၏ အိမ်ခြံမြေ 
လိမ်လည်ရောင်းချမူ့များကြောင့် ဝယ်ယူသူများ အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရ။
ဆက်လက်ဖတ်ရှုရန်« https://www.yuzanarland.com/g/st47p »
🔷 “လူပြောများနေတဲ့အိမ်ခြံမြေလောကရဲ့ကျော်တယ်ခွတယ်ဆိုတာ”
ဆက်လက်ဖတ်ရှုရန်« https://www.yuzanarland.com/g/Vqr1f »
🔷 မိမိဝယ်ယူမယ့်အိမ်ခြံမြေဟာ အခုမြင်နေတဲ့ ဆုံးရှုးခံလိုက်ရတဲ့ကိစ္စ၊
အသိမ်းခံရတဲ့ကိစ္စ၊ဖြိုချခံရတဲ့ကိစ္စလိုမျိုးမဖြစ်အောင် ဒီအချက်တွေကိုအထူးသတိထားပါ။
ဆက်လက်ဖတ်ရှုရန်« https://www.yuzanarland.com/g/m45Qp »

 

 

 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate