လတ်တလောမြန်မာနိုင်ငံတွင် နေ့စဉ် အိမ်ခြံမြေ ပွဲစားများ၏ အိမ်ခြံမြေ လိမ်လည်ရောင်းချမူ့များကြောင့် ဝယ်ယူသူများ အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရ။

02-Sep-23 အခြား
လတ်တလောမြန်မာနိုင်ငံတွင် နေ့စဉ် အိမ်ခြံမြေ ပွဲစားများ၏ အိမ်ခြံမြေ လိမ်လည်ရောင်းချမူ့များကြောင့် ဝယ်ယူသူများ အခက်ခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရ။

လတ်တလော မြန်မာနိုင်ငံတွင် နေ့စဉ် အိမ် ခြံ မြေ ပွဲစားများ၏ အိမ် ခြံ မြေ လိမ်လည်ရောင်းချမူ့များကြောင့် ဝယ်ယူသူများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရ။
ငွေစျေး ၊ ရွှေစျေး ၊ ဒေါ်လာစျေးများ မတည်မငြိမ်ဖြစ်နေလို့  ပုံမှန်ရင်းနှီးမြှုပ်နှံသူတွေဟာ အိမ် ခြံ မြေ အပေါ်မှာ ရင်းနှီးမြှုပ်နှံမူ့များကို အရင်ကထက် ပိုမိုလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံရဲ့ Main Stream Media တွေပေါ်မှာလည်း အိမ် ခြံ မြေနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် ဆောင်းပါးတွေကို အရင်ကထက်ပိုပြီး ခပ်စိပ်စိပ်လေး တွေ့လာရတာကို အားလုံးလည်း သတိထားမိကြမယ် ထင်ပါတယ် ။ခုလိုအိမ် ခြံ မြေအပေါ် investor တွေ ပိုမိုရင်းနှီးမြှပ်နှံ လာတဲ့အခါ တစ်ချို့သောလူ့ကျင့်ဝတ်ကို နားမလည်သော အကျိုးဆောင်တွေဟာ ကိုယ်ကျင့်တရား ဖောက်ပြားလာမူ့တွေက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေပါတယ်။ အဲ့ လို အကျိုးဆောင်တွေနဲ့ တွေ့ရင် အရပ်စကား ဆန်ဆန်ပြောရရင် ဂျင်းထည့် မခံရလေအောင် အောက်ပါအချက်လေးများကို မိမိတို့ဖက်မှ ကြိုတင်ကာ ပြင်ဆင်ထားသင့်ကြောင်း Yuzanar Land မိသားစုမှ မေတ္တာေရှ့ ထားကာ ဖော်ပြပေးလိုက်ပါတယ် ။
1.အိမ် ခြံ မြေ ဝယ်တော့မည်ဆိုရင် မိမိဝယ်ယူမည့် Agency သို့မဟုတ် Company ဟာ လိုင်စင်ရှိမရှိ အရင်ဆုံး စစ်ဆေးသင့်ပါတယ် ။သို့မှသာ စာရွက်စာတမ်း အရှုပ်အရှင်းကင်းကာ အကယ်၍ဖြစ်လာခဲ့ပါကလည်း ထို Agency or Company က တာဝန်ယူဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။
2. ယုံကြည်စိတ်ချရသော Agency သို့မဟုတ် Company ကိုငှားရမ်းသင့်ပါတယ် ။ယုံကြည်စိတ်ချရသော Agent သို့မဟုတ် Company ကသာ မိတ်ဆွေတို့ကို ဝယ်ယူသည့်လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ ကောင်းမွန်စွာ လမ်းညွှန်ပြသ ပေးနိုင်မယ့်အပြင် အဖိုးတန်အကြံဉာဏ်များနှင့် အချို့သော ညှိနှိုင်းဆောင်ရွက်မှု့များကိုလည်း သင့်ကိုယ်စား ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
3.သစ္စာမရှိသော အကျိုးဆောင်များသည် ဖြစ်နိုင်ချေရှိသော ဝယ်ယူသူများကို အိမ် ခြံ မြေနှင့် ပတ်သက်သည့် လွှဲမှားသည့် စာရွက်စာတမ်းများကိုလည်း ခိုင်မာသည်ဟု ပြောဆိုကာ လှည့်စားရောင်းချ တတ်သောကြောင့် အဆုံးသတ်၌ ငွေကုန်ကာ လူပန်းသည့် အပြင် စိတ်နှလုံးပါ ညှိုးချုံးရမည်မှာ မိမိသာြဖစ်ပါသည်။
4.ထိုကဲ့သို့သော ပွဲစားများသည် ကိုယ်ပိုင် အမြတ်အစွန်းများအတွက် စျေးနှုန်းကို ဖောင်းပွစေခြင်း သို့မဟုတ် ကျဆင်းစေခြင်း များပြုလုပ်ကာ ၎င်းတို့၏ ပိုင်ဆိုင်မှု့တန်ဖိုးများကို ၎င်းတို့၏ အားသာချက်အဖြစ် အသုံးချနိုင်ပါသည်။
5.သိက္ခာမဲ့သော ပွဲစားများသည် customer များ၏ အကျိုးစီးပွားများကို အလေးမထားပဲ ၎င်းတို့ အိပ်ကပ်ဖောင်းရေးကိုသာ တွေးတောကာ ဘယ်သူသေသေ ငတေမှာရင်ပြီးရော ဟူသောအကွက်မျိုးကိုင်ကာ
အကျိုးအမြတ်မရှိသော ကိစ္စများတွင်လည်း အလျှင်အမြန် ဆုံးဖြတ်ချက်ချရန် တွန်းအားပေးတတ်ပါသည်။
ယေဘုယျအားဖြင့် မရိုးသားသော အိမ် ခြံ မြေ ပွဲစားများသည် ၎င်းတို့၏ customer များထက် သူတို့၏  ကိုယ်ကျိုးစီးပွားများကိုသာ ဉီးစားပေးတတ်သောကြောင့် ဉာဏ်ရှေ့ထားကာ ​ေရှာင်ရှားနိုင်ကြပါရန် မျှဝေပေးလိုက်ရပါတယ် ။

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate