အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ရန်

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့်  ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ရန်

အိမ် ခြံ မြေ အဆောက်အအုံကို အရပ်စာချုပ်ဖြင့် 
ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ရန်
အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်
ဦးစီးဌာနမှူးရုံးသို့ ပထမဆုံးသွားရောက်၍ကာလ 
တန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရန် ဆောင်ရွက်ရပါမည်။
ထိုအခါတင်ပြရမည့် စာရွက်စာတမ်းများမှာ-
(၁) ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် 
နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း 
နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ 
တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် 
မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက 
သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေး
ထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း 
ကောင်းပူးတွဲတင်ပြရမည်။ 
(၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ 
ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ 
စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်
ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် 
မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံ
ခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်
လွှဲစာ SP / GP မူရင်း/ မိတ္တူ။
(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်
အဦးအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊
အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ 
(ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် 
မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ 
အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် 
လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို 
ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) 
ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် 
အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် 
အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” 
ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြ
စီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) 
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး
ဌာနတို့တွင် မြေပုံရေးကူးရန် အရင် 
လျှောက်ထားရပါဦးမည်။
တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ -
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား
 သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေ
ဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း
ထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံး
ပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေ
ဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် 
သေစာရင်းတင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေး
ဦးစီးဌာနနှင့် ရပ်ကွက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနတို့မှ သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ 
အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် 
ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို 
သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို 
တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ
(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများ
ဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) 
မှတ်ပုံတင်ထားသော စာချုပ်စာတမ်းနှင့်ပိုင်ဆိုင်မှု
နှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် 
 အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း
လွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ 
စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် 
ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ 
၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် 
အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော 
ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို 
တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ 
ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက 
တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်
အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူ
ပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို 
တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ
(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။
ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် 
ကွယ်လွန်သူ၏ သေစာရင်းအထောက်အထားနှင့် 
အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ 
အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက 
သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို 
တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။
အဆိုပါအချက်များနှင့်ပြည့်စုံပါက 
အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို 
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။
ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် 
မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ 
ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို 
ပြန်လည်သွားရောက်နိုင်ပြီ ဖြစ်ပါ သည်။ က
ာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက 
နှစ်အလိုက်ပြဌာန်းထားသော ပြည်ထောင်စု၏အခွန် 
အကောက်ဥပဒေအရ သတ်မှတ်ထားသော 
အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။

Credit- ဥပဒေရေးရာ

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate