အိမ်ခြံမြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာတွင် ပါ၀င်သင့်သည့် အဓိကအချက်(၁၀)ချက်(အမှုရဖို့စိတ်မဝင်စားနဲ့ အမှုမဖြစ်အောင်သာ ကာကွယ်ပေးလိုက်ပါ)
ရခဲ့ဖူးတဲ့အဆုံးအမလေးပါ။
(အမှုရဖို့စိတ်မဝင်စားနဲ့ အမှုမဖြစ်အောင်သာ
ကာကွယ်ပေးလိုက်ပါ)
အဲ့ဒီအဆုံးအမ အတိုင်း အတတ်နိုင်ဆုံးအမှားအနည်းဆုံး
စာချုပ်ချုပ်ဆိုလျှင် ပါဝင်ထည့်သွင်းရမည့် အချက်များကို
ဖော်ပြပေးလိုက်ပါတယ်။
မှန်ကန်စွာရောင်းဝယ်နိုင်ကြပါစေ။ )
အိမ်ခြံမြေအရောင်းအ၀ယ် စာချုပ်ချုပ်ဆိုရာတွင်
ပါ၀င်သင့်သည့် အဓိကအချက်(၁၀)ချက်
၁။ ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန်
၂။ စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို
မှန်ကန်စွာရေးသားရန်
၃။ စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန်
၄။ စာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးသူများအားလုံး
(သက်သေများအပါအ၀င်) ၏ အမည်၊ အဖအမည်၊
မှတ်ပုံတင်အမှတ်၊နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန်
သက်ဆိုင်သူများအားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန်
၅။ ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေစသည့်
ငွေကြေးပမာဏများရေးသားရာတွင် ကိန်းဂဏန်းဖြင့်
ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း)
စာသားဖြင့်ပါ ရေးသားဖေါ်ပြရန်
၆။ ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို
လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ်
အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေး
ရွေးချယ်သတ်မှတ်ပြီး တိကျစွာဖေါ်ပြရန်
၇။ စာချုပ်တွင်ပါ၀င်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့်
သဘောတူညီချက်များ၊လိုက်နာရန်ကတိ၀န်ခံချက်များ၊ အပြန်အလှန်
သဘောတူညီချက်များ၊ ဆောင်ရွက်ရန်တာ၀န်များ၊ ပျက်ကွက်မှု့များ
ရှိပါက ပျက်ကွက်မှုအတွက်နစ်နာသူသို့ ဆောင်ရွက်ပေးရန်များ၊
ပျက်ကွက်မှုအတွက်နစ်နာသူသို့ ပေးရန်အကျိုးခံစားခွင့်များ
စသည့်အချက်များကို ပြည့်စုံ တိကျ ခိုင်မာစွာ ရေးသားရန်
၈။ အရောင်းအ၀ယ်ပြုလုပ်သည့်ပစ္စည်းစာရင်း (အိမ်ခြံမြေ)
နှင့် သက်ဆိုင်သည့်အချက်အလက်အပြည့်အစုံ (အလားလေးရပ်
အပါအ၀င်)တို့ကို ပြည့်စုံမှန်ကန်စွာရေးသားရန်
၉။ စာချုပ်ပါ အချက်များသည် ချုပ်ဆိုသည့်စာချုပ်ကိုပျက်ပြယ်
စေသည့် အချက်များမပါစေရန်
၁၀။ စရန်ပေးသူ၊ စရန်လက်ခံသူ၊ ရောင်းသူ၊ ၀ယ်သူ၊ သက်သေများ
စသည့်စာချုပ်တွင်ပါ၀င်လက်မှတ်ရေးထိုးမည့်သူများသည်
စာချုပ်ပါ အကြောင်းအရာများအားလုံးကိုအသေးစိတ်စစ်ဆေးဖတ်ရှုကာ
နားလည်လက်ခံသဘောတူမှသာလျှင် မိမိလက်မှတ်ရေးထိုးရမည့်နေရာတွင်
စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး ၍ လက်ဝဲဘက်လက်မဖြင့် လက်ဗွေနှိပ်ရန်။
Credit - ဥပဒေရေးရာ။
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...