ကျမ်း ကျိန်လွှာ နဲ့ ပတ်သက်ပြီး သိထား သင့်တာနဲ့ သတိထား သင့်တာတွေ...

16-Dec-22 အခြား
ကျမ်း ကျိန်လွှာ နဲ့ ပတ်သက်ပြီး သိထား သင့်တာနဲ့ သတိထား သင့်တာတွေ...

        ကျမ်း ကျိန်လွှာ နဲ့ ပတ်သက်ပြီး သိထား သင့်တာနဲ့ သတိထား သင့်တာတွေ...။
ကျမ်း ကျိန်မယ် ၊ ကျမ်း ကျိန်လွှာ လိုတယ် ၊ ကျမ်း ကျိန်လွှာ လုပ်မယ် ၊ ပိုင်ဆိုင် ကြောင်း ၊ ပျောက်ဆုံး ကြောင်း ၊ တော်စပ် ကြောင်း ၊ ဇနီးဖြစ် ကြောင်း ၊  ပျက်စီး ကြောင်း ၊ သက်ရှိ ထင်ရှား ရှိကြောင်း စသည်ဖြင့် ကျန်းကျိန် လွှာတွေ မျိုးစုံ လုပ်ကြ ပါတယ် ။ လွယ်လွယ်လေး ကျမ်းကျိမ်နေကြတာ တွေ့ရတယ်၊ မှန်မှန်ကန်ကန် ကျမ်းကျိန်ရင်တော့ ဟုတ်တာပေါ့၊ မဟုတ်မမှန် ကျမ်းကျိန်ခဲ့ရင် ဘာဖြစ်နိုင်လဲ ဆိုတာလဲ သတိထား ရမယ်၊ ကျမ်းကျိန်တဲ့ ကိစ္စတွေက နေရာတိုင်းမှာ ရှိနေလို့ ကျမ်းကျိန်တာနဲ့ ပတ်သက်ပြီး သေချာ နားလည်ထား သင့်ပါတယ်။


* ကျမ်းကျိန် လွှာတွေဟာ ဥပဒေအရ သက်သေခံ မဝင်ဘူး၊ ဒါပေမဲ့ တန်ဖိုး အလွန်ကြီးတယ် ၊ သူမပါရင် မဖြစ် သလောက်ပဲ ။
* အမှန်တရား တွေ ၊ မှန်တာ တွေကို ကျမ်းကျိန် လိုက်ရင် အရမ်း အားသာမှု ရှိလာတယ် ၊ 
* ကျမ်းကျိန် လို့ရတယ် ဆိုပြီး “ မမှန်မကန် " ကျမ်းကျိန် ကြရင် ရတော့ ရတယ် ၊ အလိမ်ပေါ်တဲ့ အခါမှာ ကိုယ်လိမ်ညာမိတဲ့ အပြစ်အလိုက် ပြစ်ဒဏ်ခံ ရမယ် ၊ အပြစ်ဒဏ်က ထောင်ခုနစ် နှစ်အထိ ရှိတယ် ၊ မနည်းဘူး ၊  ပြစ်မှုပုဒ်မ  ၁၉၃ တဲ့ သတိထား ၊
* လူမျိုး ဘာသာမရွေး ကျမ်းကျိန်လို့  ရပါတယ် ။


* သာသနာ ဝန်ထမ်းများ ( ဘုန်းကြီး ၊  သီလရှင် ) ကျမ်းကျိန်လို့  မရပါဘူး ၊ 
* ကျမ်းကျိန် ပြီး မှတ်ပုံတင်ရန် အချိန်ကာလ လေးလ မျှသာ ရှိပါတယ် ၊ တရားရုံးမှာ ပြုလုပ် ထားတဲ့ ကျမ်းကျိန်လွှာ တစ်စောင်ကို လေးလအတွင်း စာချုပ်စာတမ်း မှတ်ပုံတင် ရုံးမှာ မှတ်ပုံမတင် ခဲ့ဘူးဆိုရင် ပျက်ပြယ် သွားတယ် ၊ 
* သက်တမ်း ကုန် Date ကုန် နေတဲ့ ကျမ်းကျိန်လွှာ တွေကို သတိထား ကြရမယ် ။
* မှတ်ပုံတင် ထားတဲ့ ကျမ်းကျိန်လွှာ တစ်စောင် ရဲ့ သက်တမ်းက ဘယ်လောက် ရှိလဲ ဆိုရင် လိမ်ညာ ကျမ်းကျိန် ပါတယ် ဆိုတဲ့ ပြဿနာသာ ပေါ်မလာနဲ့ ၊ အဲဒီ ကျမ်းကျိန်လွှာ တစ်စောင် ရဲ့ သက်တမ်းဟာ အကန့်အသတ် မရှိပါဘူး ၊
* နိုင်ငံခြားမှာ ကျမ်းကျိန် ချင်ရင် သက်ဆိုင်ရာ မြန်မာ သံရုံးက သံအမတ်ကြီး ဒါမှမဟုတ် သံရုံး တာဝန်ခံရှေ့မှာ ကျမ်းကျိန် လို့ ရတယ် ၊ ဒါကို မြန်မာပြည်က တရားရုံး တွေက လက်ခံပါတယ် ၊ 


* နေရာ တကာမှာ လူလိမ်ဆိုတာ ရှိတတ် တာမို့ လိမ်လည် ကျမ်းကျိန် ကြတဲ့ လူတွေကို နစ်နာသူက တရားလို လုပ်ပြီး တရားစွဲဆိုလို့ ရတယ် ။ ရဲ အရေးပိုင်တဲ့ အမှုကိစ္စ တွေမှာ ရဲက တရားလိုပေါ့ ၊  တချို့ လိမ်ညာ ကျမ်းကျိန် ကြတာ တွေမှာ နစ်နာသူလည်း မရှိဘူး ၊ ရဲအရေး ပိုင်တဲ့ အမှုတွေလည်း မဟုတ်ဘူး ဆိုရင် နိုင်ငံတော်က တရားလို လုပ်ပြီး တရားစွဲ လို့ရတယ် ၊ ဥပမာ - မှတ်ပုံတင် နဲ့ မြေဂရန်မူရင်းများ ပျောက်ဆုံးသွား တယ်လို့ လိမ်ညာ ကျမ်းကျိန်ပြီး ဂရန်အသစ် ထပ်မံထုတ်ယူဖို့ ကြိုးစားတာမျိုးတွေမှာ ဘယ်သူမှ မနစ်နာပါဘူး ၊ ဒါပေမဲ့ လိမ်ညာ ကျမ်းကျိန်ပြီး မကောင်းမှုကို ပြုကြတာ ဖြစ်တဲ့ အတွက် နိုင်ငံတော်က တရားလို လုပ်ပြီး တရားစွဲလို့ ရပါတယ် ၊ ဒီအမှုမျိုး တွေမှာ နိုင်ငံတော် ဆိုတာ ရဲနဲ့ တရားရုံး ပါပဲ ။ 


* ကျမ်းကျိန်ရင် အမှန်တကယ် ကုန်ကျ စရိတ်က တရားရုံးမှာ ကျပ် ၃၀၀၀ လောက်ပါပဲ ၊  အပိုစရိတ် ထည့်ပေါင်း အများဆုံး ကျပ် ၅၀၀၀ မကျော်ပါဘူး ။
ကျမ်းကျိန် လွှာ နဲ့ ပတ်သက်ပြီး သိထား သင့်တာ နဲ့ သတိထားသင့်တာ တွေကို တင်ပြ လိုက်ရပါတယ်... ။


 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate