အမွေဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင်တစ်ဦးက အခြားအမွေဆိုင်များ မသိအောင် ရောင်းချမည်ဆိုလျှင်

အမွေဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင်တစ်ဦးက အခြားအမွေဆိုင်များ မသိအောင် ရောင်းချမည်ဆိုလျှင်

အမွေဆိုင်များ ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ကိုအမွေဆိုင်တစ်ဦးက အခြားအမွေဆိုင်များ မသိအောင် ရောင်းချမည်ဆိုလျှင် အရောင်းအဝယ် မပြီးမြောက်သေးပါက အခြားအမွေဆိုင်များက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် အချင်းဖြစ် မြေကွက်နှင့်ပတ်သက်ပြီး ကန့်ကွက်လွှာတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ ရောင်းချသောအခါ ဝယ်ယူသူမှ နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန်ရှိ/မရှိ ကြေညာချက် ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့ ကြေညာချက်ကို တွေ့ရှိပြီး ကန့်ကွက်မည်ဆိုလျှင် သတင်းစာကြော်ငြာတွင် ထည့်သွင်းဖော်ပြထားသည့် သတ်မှတ်ရက်မတိုင်မီပိုင်ဆိုင်မှုစာရွက်စာတမ်း မူရင်းများဖြင့် ဝယ်ယူသူထံ သွားရောက်ကန့်ကွက်ခြင်း ၊ ကန့်ကွက်လွှာတင်သွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုအခါ အရောင်းအဝယ်သည် ရှေ့ဆက်ဆောင်ရွက်၍မရတော့ဘဲ အမွေဆိုင်များမသိဘဲ တစ်ဦးတည်းရောင်းချသည့် ရောင်းသူမှဝယ်ယူသူအား စရန်ငွေ၏ (၂)ဆ ပြန်လည်ပေးလျော်ခြင်းဖြင့် အရောင်းအဝယ်ပျက်သွားမှာ ဖြစ်ပါသည်။
အရောင်းအဝယ်ပြီးမြောက်ပြီး နောက်မှ ကျန်အမွေဆိုင်များက သိရှိခြင်းဖြစ်ပါက အဆိုပါအရောင်းအဝယ်သည် ကျန်အမွေဆိုင်များ မသိရှိဘဲ ရောင်းချခြင်းဖြစ်သည့်အတွက် အရောင်းအဝယ် ပြုလုပ်ထားသည့်စာချုပ်ကို ဖျက်သိမ်းပေးစေလိုမှု တရားမမှုစွဲဆိုရမှာ ဖြစ်ပါသည်။
တရားစွဲဆိုရာတွင် သတ်မှတ်ထားသည့် ကာလအပိုင်းအခြား မစေ့ရောက်မီ တရားစွဲဆိုရန် လိုအပ်မည်ဖြစ်ပါသည်။စာချုပ်ဖျက်သိမ်းပေးစေလိုမှုသည် ကာလစည်းကမ်းသတ်ဥပဒေအရ ဝယ်ယူသူ သတင်းစာကြေညာချက်ထည့်သွင်းသည့် နေ့ရက်မှ (၃)နှစ်အတွင်းတရားစွဲဆိုရမှာ ဖြစ်ပါသည်။
ထိုသို့ (၃)နှစ်အတွင်း တရားစွဲဆိုခဲ့ခြင်းမရှိဘဲ ကာလစည်းကမ်းသတ် ကျော်လွန်သွားခဲ့မည်ဆိုလျှင် အဆိုပါ အချင်းဖြစ် အိမ် ခြံ မြေအတွက် တရားစွဲဆို ဆောင်ရွက်လိုရမည် မဟုတ်တော့ပါ။ အခြားအမွေဆိုင်များတွင် ဥပဒေအရ ဆုံးရှုံးမှုရှိမှာ ဖြစ်တဲ့အတွက် မိမိတွင်ပိုင်ဆိုင်မှု ၊ ဆက်စပ်မှုများရှိပါက နိုင်ငံပိုင်သတင်းစာများကို စောင့်ကြည့်ဖတ်ရှုခြင်း ၊ ဆက်စပ်ပိုင်ဆိုင်သည့် အိမ် ခြံ မြေ ၏သတင်းအချက်အလက်ကို နားစွင့်ထားရန် လိုအပ်မည်ဖြစ်ပါသည်။သို့မှသာ မိမိပိုင်ဆိုင်မှု ဆုံးရှုံးခြင်းကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း
ဥပဒေ ဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

Credit - ဥပဒေရေးရာ
 

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate