မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\
သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်
သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်း
မိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ်သူသည် မိဘတစ်ဦးနှင့် အတူနေထိုင်ပြီးကျန်တစ်ဦးအား သားသမီးတို့ပြုသင့်သော ဝတ်ကြီးဝတ်ငယ်များကို ဆက်လက်မပြုစုခြင်း
သားသမီးတို့၏ ကျင့်ဝတ်ပျက်ပြားခြင်း
အထက်ပါ အကြောင်းသုံးရပ်အနက် သားသမီးတို့ ကျင့်ဝတ်ပျက်ပြားခြင်းကို ရေးသားဖော်ပြပါမည်
မိဘသည် သားသမီးတို့အား အမွေမှ မပယ်ထထုတ်နိုင်သော်လည်း အမွေခံ အမွေစားဖြစ်သည့် သားသမီးတို့၏ ကျင့်ဝတ်ပျက်ပြားမှုကြောင့်လျှင် မိဘအမွေကိုဆက်ခံခွင်ဆုံးရှုံးနိုင်သည်
ဤသည်ပင်လျှင် အပြုအမူကောင်းဖြင့် အမွေမရနိုင်သော်လည်း အပြုအမူဆိုးဖြင့် အမွေဆုံးရှုံးနိုင်သည်ဆိုသည့် အမွေဆက်ခံရေး အခြေခံမူတစ်ရပ်ဖြစ်ပါသည်
မိဘသဘောမတူသည်နှင့် ထွက်ပြေးမှုသည် သားသမီးတို့၏ ကျင့်ဝတ်ပျက်ပြားသည်ဟု လုံးဝမဆိုနိုင်ပေ
ထိုကြောင့် မိဘသဘောမတူသူနှင့် ထွက်ပြေးမှုမျှဖြင့် အမွေမဆုံးရှုံးနိုင်ပါ
သာစဥ်နာစဥ် ပြုစုစောင့်ရှောက်ရမည့် ဝတ္တရားများကိုသိလျက်နှင့် ပျက်ကွက်လစ်ဟင်းကြောင်းနှင့် စွန့်ပစ်ထားကြောင်း ထင်ရှားလျှင် အမွေ ဆက်ခံခွင်ဆုံးရှုံးနိုင်သည်။ 
မိဘနှင့်အတူမနေထိုင်ခြင်းသည် အမွေမှပယ်ထုတ်ရန်အကြောင်းမလုံလောက်ပေ
သားသမီးတို့ ၏ ပြုဖွယ်သောဝတ္တရားများကို မေ့လျော့ပျက်ကွက်​ ကြောင်း ထင်ရှားအောင်ပြလျှင် အမွေဆက်ခံခွင့်ဆုံးရှုံးနိင်သည့်အပြင် တရားဥပဒေသည် လင်ပါမယားပါ သားသမီးများနှင့်လည်း သက်ဆိုင်ပေသည်
ဆက်လက်ဖော်ပြပေးပါမည်
 

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

သတင်းစာထဲတွင် သား / သမီး အဖြစ် အမွေပြတ် စွန့်လွှတ်ခြင်းဟာ တရားဝင် ပါသလား ။

သတင်းစာထဲတွင် သား / သမီး အဖြစ် အမွေပြတ် စွန့်လွှတ်ခြင်းဟာ တရားဝင် ပါသလား ။

တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံ ရှိသည် ။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံ မရှိဆိုသော ဆိုရိုး စကားလေးအတိုင်း မိဘများ အနေနှင့် မိမိတို့၏ သားသမီး မည်မျှပင် ဆိုးနေစေကာမူ ပစ်ထားရိုး ထုံးစံမရှိပေ ။ သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate