မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ လင်မယားအလိုလို ပြတ်စဲတာမျိုး၊အကြောင်းမဲ့ကွာရှင်းနိုင်တာမျိုး၊ တစ်ဖက်သတ် ကွာရှင်းနိုင်တာမျိုးမရှိပါဘူး။ဘယ်လိုအခါမျိုးတွေမှာ ကွာရှင်းနိုင်လဲဆိုတော့…
တစ်ခုလောက် တိုင်ပင်ချင်လို့ပါ။ညီမအမျိုးသားနဲ့ က အဆင်မပြေတာကြာပြီ မကြာခနရန်ဖြစ်စကားများလိုက်နဲ့။အခုသူအိမ်ကဆင်းသွားတယ်။ညီမလည်း သူ့ကိုကွာချင်နေပြီ။အိမ်ပေါ်က ဆင်းသွားလို့ ၆လကြာရင် အလိုလိုပြတ်စဲပြီဆိုတာဟုတ်လား။’’
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ လင်မယားအလိုလို ပြတ်စဲတာမျိုး၊အကြောင်းမဲ့ကွာရှင်းနိုင်တာမျိုး၊ တစ်ဖက်သတ် ကွာရှင်းနိုင်တာမျိုးမရှိပါဘူး။ဘယ်လိုအခါမျိုးတွေမှာ ကွာရှင်းနိုင်လဲဆိုတော့…
၁။နှစ်ဦးသဘောတူတဲ့အခါကွာရှင်းနိုင်ပါတယ်။
၂။လင်ယောင်္ကျားက ရဟန်းဘောင်ကို ရာသက်ပန်ကူးပြောင်းသွားတဲ့အခါ ကွာရှင်းနိုင်ပါတယ်။
၃။အိမ်ထောင်ရေးပြစ်မှုတွေကြောင့်ကွာရှင်း နိုင်ပါတယ်။
+နှစ်ဦးသဘောတူကွာရှင်းတာ ဒါကတော့ရှင်းပါတယ်။လင်နဲ့မယား နှစ်ဦးစလုံးက ဆက်ပေါင်းဖို့ စိတ်ဆန္ဒမရှိတော့တဲ့အခါ နှစ်ဦးသဘောတူကွာရှင်းနိုင်ပါတယ်။နှစ်ဦးသဘောတူကွာရှင်းတဲ့အခါမှာ လက်မှတ်ထိုးဖို့လည်းမလို၊စာချုပ်စာတမ်းလုပ်ဖို့လည်းမလိုပါဘူး။ဒါပေမဲ့နောင်တစ်ချိန် အရှုတ်အထွေးတွေဖြစ်လာတဲ့အခါမှာ သက်သေခံအထောက်အထားဖြစ်အောင် သက်သေလူကြီးတွေရှေ့မှာ လက်မှတ်ထိုးထားသင့်ပါတယ်။ဖြစ်နိုင်ရင် တရားရုံးက တရားသူကြီးရှေ့မှောက်မှာ ကွာရှင်းစာချုပ် Register လုပ်လက်မှတ်ထိုးထားရင်အကောင်းဆုံးပါ။
+ လင်ယောင်္ကျားက ရဟန်းဘောင်ကို ရာသက်ပန်ကူးပြောင်းသွားတဲ့အခါကွာရှင်းတာ။ဒီနေရာမှာ ဒုလ္လဘရဟန်းခံတာမျိုးကို ထည့်သွင်းမစဉ်းစားပါဘူး။
+အိမ်ထောင်ရေးပြစ်မှု လို့ဆိုတဲ့နေရာမှာ ၂ပိုင်းဖြစ်သွားပါတယ်။သာမန်အိမ်ထောင်ရေးပြစ်မှုနဲ့ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုဆိုပြီးရှိတယ်။
သာမန်အိမ်ထောင်ရေးပြစ်မှုမှာ ၅မျိုးခွဲတယ်။
၁။ရက်စက်မှု
ရက်စက်မှုမှာ မကြာခန ကိုယ်ခန္ဓာကို၊အသက်ကို၊ကျန်းမာရေးကို အန္ဒရာယ်ဖြစ်အောင် ပြုလုပ်တာမျိုးလို့ဖွင့်ဆိုထားတယ်။ရှေးခေတ်စီရင်ထုံးဟောင်းများနဲ့ ဓမ္မသတ်များအရ လင်က မယားကို အထိုက်အလျောက်ရိုက်နှက်ဆုံးမတာကိုခွင့်ပြုခဲ့တယ်။ဒါပေမဲ့ စီရင်ထုံးတစ်ခုဖြစ်တဲ့ ဦးမျိုးမြင့် နှင့်ဒေါက်တာခင်မေကြည်၊နိုင်ငံတော်တရားရုံးချုပ် ၁၉၆၈ ခုနှစ် တရားမ ပထမအယူခံမှုအမှတ်(၁)မှာတော့ လင်နှင့်မယားသည် တန်းတူအခွင့်အရေးရှိသည်။လင်သည်မယားအားရိုက်နှက်ဆုံးမခွင့်ရှိသည်ဟု ဓမ္မသတ်များတွင် ပြဆိုထားသော်လည်း ယခုခေတ်လူမှုရေးအရ လင်သည်မယားအား အနည်းငယ်မျှပင် ရိုက်နှက်ဆုံးမခွင့်မရှိပေ ဆိုပြီးတော့တရားသူကြီးက ဆုံးဖြတ်ထားပါတယ်။
* အဲဒီအတွက် တစ်ကြိမ်တစ်ခါရိုက်နှက်တာလောက်နဲ့ ကွာရှင်းခွင့်တောင်းလို့ရပါတယ်။*
၂။စွန့်ပစ်မှု
ဒီနေရာမှာ ညီမမေးတဲ့ မေးခွန်းနဲ့ဆိုင်လာပြီ အရပ်ထဲမှာ ယောကျင်္ားက ထားခဲ့ရင် ၃နှစ်မိန်းမကထားခဲ့ရင် ၆လဆို အလိုလိုပြတ်ပြီစသဖြင့် အသိမှားနေကြတယ်။
လင်မယားပြတ်စဲချင်လို့ လင်ဖြစ်သူက အိမ်ပေါ်ကဆင်းသွားပြီး ၃နှစ်တိတိအဆက်အသွယ်လဲမလုပ်အထောက်အပံ့လဲမပေးတဲ့အခါစွန့်ပစ်မှုမြောက်တယ်။
မယားဖြစ်သူက ပြတ်စဲချင်လို့ အိမ်ပေါ်က ဆင်းသွားပြီး တစ်နှစ်တိတိအဆက်အသွယ်မလုပ်ရင် စွန့်ပစ်မှုမြောက်တယ်။
အရင်ခေတ်က စီရင်ထုံးတစ်ခုဖြစ်တဲ့ မညွှန့်နဲ့မောင်စံသိန်းအမှုမှာတော့ စွန့်ပစ်တဲ့အချိန်ကာလက သတ်မှတ်ကာလပြည့်ရင်အလိုလိုပြတ်စဲတယ်လို့ ဆုံးဖြတ်ခဲ့တယ်။
နောက်ပိုင်းမှာ အိမ်ထောင်ဘက်တစ်ဦးက ကွာရှင်းချင်လို့ အိမ်ပေါ်ကတမင်ဆင်းသွားတယ်။ကျန်ရစ်သူက မကွာလိုဘူးစတဲ့ပြသနာနဲ့စီရင်ထုံးတွေမအမျိုးမျိုးဖြစ်လာပြီးနောက် မညွန့်နဲ့ မောင်စံသိန်းစီရင်ထုံးကို ပယ်ဖျက်ခဲ့ပြီး ဒေါ်ခင်ပု နှင့်ဒေါက်တာသာမြ ၁၉၄၉ မတစ လွှတ်တော် စီရင်ထုံးနဲ့အစားထိုးခဲ့တယ်။
အဲဒီစီရင်ထုံးအရ အိမ်ထောင်ဘက် တစ်ဦးတစ်ယောက်က စွန့်ပစ်ခဲ့ရင် သတ်မှတ်ကာလစေ့ရောက်တဲ့အခါ စွန့်ပစ်ခံရသူက ကွာလိုတဲ့ဆန္ဒရှိရင် ကွာရှင်းခွင့်တောင်းနိုင်တာဖြစ်ပါတယ်။
၃။ဒုတိယမယားယူမှု
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဗုဒ္ဒဘာသာ၀င်ယောင်္ကျားတစ်ဦးက မယားတစ်ယောက်ထက်ပိုပြီးယူနိုင်တယ်ဆိုပြီးခွင့်ပြုထားတယ်။ဒါပေမဲ့ ပထမမယားရဲ့ခွင့်ပြုချက်မပါဘဲ ယူခဲ့ရင် မယားက ကွာရှင်းခွင့်တောင်းနိုင်တယ်လို့ ပြဌာန်းထားပါတယ်။
သို့ပေမဲ့ ၃၁.၈.၂၀၁၅ မှာ အသစ်ပြဌာန်းလိုက်တဲ့ တစ်လင်တစ်ယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ယောကျာင်္းတွေက မယားရဲ့ခွင့်ပြုချက်ရှိရှိမရှိရှိ နောက်ထပ် မယားတစ်ယောက်ထပ်ယူလို့မရတော့ပါဘူး။အသစ်ထွက်တဲ့ဥပဒေဟာ ဥပဒေဟောင်းကိုလွှမ်းမိုးတယ်ဆိုတဲ့ပြဌာန်းချက်အရ ဥပဒေသစ်ရဲ့တားမြစ်ချက်တွေကို လိုက်နာရပါမယ်။
ဥပဒေမထွက်ခင်က ယူထားသူတွေအပေါ်တော့မသက်ရောက်ပါဘူး။တလင်တမယားဥပဒေအရ နောက်တစ်ယောက်ထပ်ယူမယ်ဆိုရင်တော့ ထောင်ဒဏ် ၇နှစ်နဲ့ငွေဒဏ်ကို ကျခံရမှာဖြစ်ပါတယ်။
၄။လင်ဖြစ်သူရဲ့ဖောက်ပြန်မှု
ဖောက်ပြန်မှုဆိုတာ နောက်ထပ်မယားတစ်ယောက်ကို လက်ထပ်တာမျိုးမဟုတ်ပဲ တခြားမိန်းမတစ်ဦးနဲ့ဖောက်ပြန်တာကိုခေါ်ပါတယ်။လင်ရဲ့ဖောက်ပြန်မှုကို မြန်မာ့ဓလေ့ထုံးတမ်းမှာ ကွာရှင်းခွင့်မပေးနိုင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့ အသစ်ပေါ်တဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမှာ တရား၀င်မယားတစ်ဦးရှိရဲ့သားနဲ့ နောက်တစ်ဦးနဲ့ တရားမ၀င်နေထိုင်ပေါင်းသင်းတာကို ကျူးလွန်ရင် ထောင်ဒဏ် ၇နှစ်နဲ့ငွေဒဏ်ကျခံရမှာ ဖြစ်တဲ့အတွက် မကွာပေးလဲ Go to Jail ပါပဲ။
၅။လည်ဆည်မှု တွေပဲဖြစ်ပါတယ်။
ကြီးလေးသောအိမ်ထောင်ရေးပြစ်မှု မှာ ၂မျိုးရှိတယ်။၂ခုလုံးကကွာရှင်းခွင့်ရနိုင်တယ်။
-ကြီးလေးသော ရက်စက်မှု(ရက်စက်မှုမှာ မကြာခန ကိုယ်ခန္ဓာကို၊အသက်ကို၊ကျန်းမာရေးကို အန္ဒရာယ်ဖြစ်အောင် ပြုလုပ်တာမျိုးလို့ဖွင့်ဆိုထားတယ်။အသက်အန္ဒရယ်ဖြစ်လောက်အောင်မကြာခနရိုက် တာမျိုး၊မကြာခနနှိပ်စက်ညှဉ်းပမ်းတာမျိုးပေါ့)
-မယားဖြစ်သူရဲ့ဖောက်ပြန်မှု
ဒါကတော့ အပေါ်ကလင်ရဲ့ဖောက်ပြန်မှု အတိုင်းပါပဲ။သူကကွာရှင်းခွင့်ရနိုင်ပေမဲ့ တလင်တစ်မယားဥပဒေအရလည်း ပြစ်မှုပြစ်ဒဏ်ညိစွန်းနိုင်ပါတယ်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ
- "ကာမကိုလိမ်လည်ရယူမှု"
- လင်နှင့်မယားကွာရှင်းခြင်း
- မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။
- အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်
- အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနှင့် အမွေခွဲဝေမှု
- #ခရစ်ယာန်ဘာသာ၀င်များကွာရှင်းခြင်း -
- မြန်မာနိုင်ငံ ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့…
- ''မယားကစွန့်ပစ် ၁နှစ်
- တော်လှန်ရေးကာလမှာ
- ခဏခဏလာမေးကြလွန်းလို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Related Posts

လူမျိုးခြားနဲ့ဘယ်လိုတရားဝင်လက်ထပ်နိုင်မလဲ ဒီတော့ အသုံးလိုသူတွေသိရအောင် သိသလောက်လေး စုတင်ပေးမယ်နော်။
1. လူမျိုးခြား ဗုဒ္ဓဘာသာတူ လူမျိုးခြားနဲ့ လက်မှတ်ထိုးတဲ့အခါ ခရိုင်ရုံးက တရားသူကြီတွေဆီမှာပဲ လက်မှတ်ထိုးလို့ ရပါတယ်။ ခရိုင်းရုံး မှာ လက်မှတ်ထိုးမယ်ဆို ဗုဒ္ဓဘာသာချင်း တူဖို့တော့လိုပါတယ်။ လူမျိုးခြားက ဗုဒ္ဓဘာသာပြောင်းပေးရင်သာ အဆင်ပြေမှာပါ။ ဗုဒ...

လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း
(၁)ကျမတို့လင်မယားလက်ထပ်တာလေးငါးလပဲရှိပါသေးတယ်ရှင်လူသိနတ်ကြားလက်ထပ်ပြီး အတူပေါင်းသင်းနေထိုင်ရင်း ကျမမှဘာအပြစ်မှ မရှိဘဲ ဒင်း အိမ်ကထွက်သွားပါတယ်…ပတ်ဝန်းကျင်မှာ အရှက်ရစေတဲ့အတွက် ဒင်းကို ဥပဒေအရ ဘယ်လိုအရေးယူရမလဲ ???(၂)ကျမတို့လင်မယားမှာကလေးတစ်ယောက်ရှိပါတယ်…...

တစ်လင်တစ်မယားဥပဒေ
အမျိုးသားက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး တစ်နေရာမှာနေပါတယ် ။ ရဲစခန်းမှာ တစ်လင်တစ်မ ယားဥပဒေနဲ့ အမှုဖွင့်တော့ ကျွန်မကို သက်သေပြခိုင်းပါတယ် ။ သူနေတဲ့နေရာက ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျွန်မအမျိုးသား နောက်မိန်းမနဲ့ နေထိုင်ကြောင်း ထောက်ခံစာသွားတောင်...