မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများ အတွက် တည်ဆဲ ပြဌာန်းဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများရဲ့ ဥပဒေပါ အခွင့်အရေးများ၊ဥပဒေရဲ့အကာအကွယ်များရှိကြောင်း သိစေလို၍ ဝေမျှခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများ အတွက် တည်ဆဲ ပြဌာန်းဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများရဲ့ ဥပဒေပါ အခွင့်အရေးများ၊ဥပဒေရဲ့အကာအကွယ်များရှိကြောင်း သိစေလို၍ ဝေမျှခြင်း ဖြစ်ပါတယ်။

      ယခု တလော လိုင်းပေါ်မှာ နာမည်ကြီး နေတဲ့ " အိမ်ထောင် " ဇာတ်လမ်းတွဲကို ကိုယ်တိုင်လည်း အားပေးကြည့်ရှု ဖြစ်ပါတယ် ။
ဇာတ်လမ်းထဲမှာ ဆရာဝန်မကြီး ( အိမ်ရှင်မ ) နှစ်ဦးမှ ခင်ပွန်းများ၏ ဖောက်ပြန်မှု​ကြောင့်
နာကျင်စွာ ခံစားကြရခြင်း 
တစ်ဦးမှာ  မိမိ အသက်သေဆုံးမှုထိ ဖြစ်ခြင်းတို့ တွေ့မြင်ရပါတယ်။
ဒါကြောင့် တရားဝင်ဇနီး များအနေ နှင့်
ဖောက်ပြန်သော ခင်ပွန်းများ နဲ့ပတ်သက်ပြီး 
တစ်ဘက်သတ် အလျော့ပေးခြင်း
အရှုံးပေးခြင်း ၊တစ်ဘက်သတ် နာကျင်ခံစား ရခြင်း
အသက် ဆုံးပါး သည်အထိ နာကျည်းမှု​ ဝေဒနာတစ်ဖက် သတ်ခံစားရခြင်း
တို့ မဖြစ်ကြဖို့ ရည်ရွယ်ပြီး -


           မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများ အတွက် တည်ဆဲပြဌာန်းဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများ ရဲ့  ဥပဒေပါ အခွင့်အရေးများ ၊ ဥပဒေရဲ့အကာအကွယ်များ ရှိကြောင်း သိစေလို၍ ဝေမျှခြင်း ဖြစ်ပါတယ်။
လင်ဖြစ်သူက မိမိတွင် အိမ်ထောင်ရေး ပြစ်ချက်မရှိပဲ ၎င်း ဖောက်ပြန်ပြီး နောက်တစ်ယောက် ထပ်လိုချင်၍ အကြောင်းမဲ့ ကွာရှင်းခိုင်းလျှင် ဇနီးသည်၌ လင်မယား သံယောဇဥ် မပြတ်ပါက မကွာပေးပဲ နေလို့ရပါတယ် ။
နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အမှန်တကယ် သဘောတူမှ ဆောင်ရွက်သင့်ပါတယ် ။
ခင်ပွန်းက ကွာရှင်းခွင့် ရချင်လို့ မည်သည့် တရားရုံးတွင် တရားစွဲပါစေ ဇနီး၌ အိမ်ထောင်ရေး ပြစ်ချက်မရှိပါက ကွာရှင်းခွင့် ရနိုင်မည်လည်းမဟုတ်ပါ။


           မကွာပေးလို့ ဖိအားပေးလိုတဲ့ သ​ဘောနဲ့ ရိုက်နှက်ခြင်း ပြုပါက ပြစ်မှုမြောက်သော လုပ်ရပ်သာ ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်နိုင်ပါတယ် ။ ရရှိတဲ့ ဒဏ်ရာများ ရှိပါက ပြည်သူ့ ဆေးရုံမှာ ပြသပါ ။ ဆေးစာက ပြစ်မှုအတွက် သက်သေ အထောက်အထား ဖြစ်နိုင်လို့ပါ ။ လင်ဖြစ်သူက အကြောင်းမဲ့ ဇနီးမယားကို ထားခဲ့တာဆိုရင် ယင်းလင်ထံမှ မယားစရိတ် ၊  ကလေးရှိလျှင် က​လေးစရိတ်တောင်းနိုင်ပါတယ် ။ ထောက်ပံ့ရမယ် ဆိုတဲ့ ဥပဒေရှိပြီး ဖြစ်ပါတယ် ။


       ခင်ပွန်း အနေဖြင့် ဖောက်ပြန်တဲ့ အဆင့်က ကျော်လွန်ပြီး ထပ်မံလက်ထပ် ပေါင်းသင်းပါက ပြစ်မှုကျုးလွန်ပြီ ဖြစ်ပါတယ် ။
တစ်လင်တစ်မယား ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေအရ တိုင်ကြားနိုင်ပါတယ် ။
( အာမခံ မရပါ ၊  အမှုပေါ်ပေါက် လျှင်လည်း ထောင်ချရမည့် ဥပဒေပုဒ်မ ဖြစ်ပါတယ် ။)


       မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်ကြီးမှာ ဖြစ်ထွန်းတဲ့ ပစ္စည်းများအား နောက်အိမ်ထောင်မှ ရပိုင်ခွင့်မရှိပါ ။
တရားဝင် လင်မယားချင်း တရားဝင် မကွာရှင်းသရွေ့ တရားဝင်လင်မယား သာဖြစ်ပါတယ် ။
တရားဝင် ကွာပြီးရင်တော့ ဇနီးရနိုင်တဲ့ ဥပဒေကပေးတဲ့ အခွင့်အရေး ၊ အကာအကွယ် မရှိတော့ပါဘူး ။


ရေးသားသူ
ဒေါ်ခင်နှင်းသစ်
တရားလွှတ်တော်ရှေ့နေ
နေပြည်တော်။
Post အားကူးယူဖော်ပြ ခြင်းဖြစ်ပါသည်။ 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate