လင်မယား ကွာရှင်းရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီး ကွာရ ပါတယ် ဆိုတာအကြိမ်ပေါင်း များစွာ ဖြေခဲ့ပါတယ်။ ကွာလောက်တဲ့ အိမ်ထောင်ရေး ပြစ်မှု သက်သေ ခိုင်ခိုင်မာမာ ရှိရ ပါမယ်။

လင်မယား ကွာရှင်းရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီး ကွာရ ပါတယ် ဆိုတာအကြိမ်ပေါင်း များစွာ ဖြေခဲ့ပါတယ်။  ကွာလောက်တဲ့ အိမ်ထောင်ရေး ပြစ်မှု သက်သေ ခိုင်ခိုင်မာမာ ရှိရ ပါမယ်။

           လင် မယား ကွာရှင်း ရာတွင် တစ်ဘက်က မကွာပေးလျှင် တရားစွဲပြီး ကွာရပါတယ် ဆိုတာ အကြိမ်ပေါင်း များစွာ ဖြေခဲ့ပါတယ် ။  ကွာလောက်တဲ့ အိမ်ထောင်ရေး ပြစ်မှု သက်သေ ခိုင်ခိုင်မာမာ ရှိရပါမယ် ။ အရင်က အသေးစိတ် ဖော်ပြခဲ့ပေမယ့် လာမေး ကြတဲ့မေးခွန်း တွေက မထူး ခြားနား တွေပဲ ဖြစ်နေပါတယ် ။ ကျနော် ညံ့တာပဲ နေမှာပါ ။ အမျိုးသား နှိပ်စက်ခံ ရလို့ ကွာချင်ပါတယ် ရှေ့နေဌားဖို့လည်း မတတ်နိုင် ဖြစ်နေလို့ ဆွေးနွေးပေး ဖူးခဲ့တဲ့ ရွာဖက်က မိတ်ဆွေ အမျိုးသမီးတစ်ယောက် ဟိုတလော ကပဲ ကွာလိုခွင့်လျှောက်တာ အမှုနိုင် သွားပါတယ် ။ သူကိုယ်တိုင် အမှုရင်ဆိုင် တာပါ တဖက်က သူနဲ့ ရင်ဆိုင်ရတဲ့ ဆရာက တရားလွှတ်တော် ရှေ့နေပါ။ ပြောချင်တာက ကွာရှင်း လိုခွင့် သက်သေ ခိုင်မာတဲ့ အတွက် ဟိုဖက်က ဘယ်လောက်ပဲ တော်နေပါစေ ။ အနိုင်ရ ပါတယ် ဆိုတာပြောချင်တာပါ ။ ဟိုဖက်က ပိုက်ဆံ တတ်နိုင်လို့  ငါက မိန်းမသားမို့ မလုပ်နိုင် လောက်ဘူး မတတ် နိုင်လောက်ဘူး ။ အကြောင်း မပြပါနဲ့ မကြောက် ပါနဲ့ အားမလျှော့ ပါနဲ့ မိမိကိုယ်သာ ကိုးကွယ် ရာပါ ။ သက်သေ ရအောင်စုပါ လို့ အကြံပေး ချင်ပါတယ် ။ ကြံ့ခိုင် ကြပါစေ ။ (အောက်မှာ အိမ်ထောင်ရေး ပြစ်မှု အကြောင်း စီရင်ထုံးနဲ့ တကွ ဖော်ပြပေး လိုက်ပါတယ် ) 

 

အိမ်ထောင်ရေး ပြစ်မှု ဆိုသည်မှာ
~~~~~~~~~~~~~~~~~~~~
         အိမ်ထောင်ရေး ပြစ်မှုတွင် သာမန် အိမ်ထောင်ရေး ပြစ်မှု နှင့် ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု ဟူ၍ ခွဲခြားတွေ့ရှိနိုင်သည် ။


သာမန် အိမ်ထောင်ရေး ပြစ်မှု ဆိုသည်မှာ 
( က ) ရက်စက်မှု ( ခ ) လင်၏ ဖောက်ပြန်မှု ၊ ( ဂ ) ဒုတိယ မယားယူမှု ၊ ( ဃ ) စွန့်ပစ်မှု ၊ ( င ) လီဆယ်မှု တို့ဖြစ် သည် ။

 

 ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု ဆိုသည်မှာ

 ( က ) မယား၏ ဖောက်ပြန်မှု ( ခ ) ကြီးလေးသော ရက်စက်မှု တို့ဖြစ်သည်။
အိမ်ထောင်ရေး ပြစ်မှု များတွင် သာမန် အိမ်ထောင် ရေး ပြစ်မှုနှင့် ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု ဟူ၍ ခွဲခြားထား ရခြင်းမှာ လင်မယား ကွာရှင်း ခွင့်ပြုခြင်း မပြု ခြင်းအတွက် အဓိက မဟုတ်ပါ ။ လင်မယား ကွာရှင်း ခဲ့သော် ပစ္စည်းခွဲဝေ သည့်အခါ ကျူးလွန်သောပြစ်မှုကို အခြေပြု ၍ ခွဲဝေရခြင်း ကြောင့် ဖြစ်သည် ။


သာမန် အိမ်ထောင်ရေး ပြစ်မှုများ
~~~~~~~~~~~~~~~~~~~~
         ရက်စက်မှု ။ ။ ရက်စက်မှု ဆိုရာတွင် သာမန် ရက်စက်မှု နှင့် ကြီးလေးသော ရက်စက် မှုဟူ၍ နှစ်မျိုး ရှိသည် ။ သာမန် ရက်စက်မှုနှင့် ကြီးလေးသော ရက်စက်မှု ခွဲခြားရာတွင် လက်ရောက်မှု ကျူးလွန် ခြင်းကြောင့် ရရှိသည့်ဒဏ်ရာ သည် ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ဝ အရ အပြင်းအထန် နာကျင်စေမှု ဖြစ်ခဲ့သော် သို့မဟုတ် မယားအား ကွာရှင်းခွင့် မတောင်း တောင်းအောင် ရည်ရွယ်ချက် ဖြင့် ညှဉ်းပန်း နှိပ်စက်နေခဲ့သော် သို့မဟုတ် လင်ဖြစ်သူက သူနှိပ်စက် ညှဉ်းပန်းခြင်းကို နောင်တမရဘဲ သူကပင် ကွာရှင်း ပြတ်စဲ ရန်လိုလားနေခဲ့သော် ထိုရက်စက်မှုသည် ကြီးလေးသော ရက်စက်မှု ဖြစ်သည် ။ ( ဒေါ်ပု နှင့် မောင်ထွန်းခ ၊ ၁၉၄၆ ခုနှစ် ၊ မတစ ၊ ၁၂၅ ) 
ဥပဒေ သဘောအရ ရက်စက်မှု ဆိုရာတွင် ကိုယ်ကာယ ဆင်းရဲခြင်း သာမက စိတ်ဆင်းရဲ ခြင်းလည်း ပါဝင်သည် ။ စိတ်ဒုက္ခ ခံစားရမှုများသည် ကိုယ်ထိ လက်ရောက် ရိုက် နှက်ခြင်းခံ ရသော ကိုယ်ကာယ ဆင်းရဲခြင်း ထက်ဆိုး သည် ။ ထို့ကြောင့် စိတ်ဆင်း ရဲအောင် ရက်စက်မှု ကျူးလွန်လျှင် ကွာရှင်း ခွင့်ရသည် ။ ( မစ္စစ်ပရိုတီမာဂို့( ရှ် ) နှင့် ဘီလာလန် ဒူးဂို့( ရှ် ) ၊ ၁၉၆၃ ခုနှစ် ၊ မတစ ၊ ၅၂၆ )
လင်နှင့် မယားတို့ တစ်ခါတစ်ရံ စိတ် သဘောထားချင်း မတိုက်ဆိုင် သဖြင့် ပဋိပက္ခဖြစ်ကာ စိတ်လိုက် မာန်ပါ လင်က မယားအား ရိုက်နှက်ဆုံးမ ခြင်းမျိုးကို ဥပဒေအရ ရက်စက်မှု ကျူးလွန် သည်ဟု မဆိုနိုင် သော်လည်း မကြာ ခဏ လင်က မယားအား ကိုယ်ထိလက်ရောက် ရိုက်နှက် ခြင်း ၊ ဆံပင်ဆွဲခြင်း စသည့် ပြုမူချက်များကို ပြုလုပ်ခဲ့ ပါလျှင် လင်ဖြစ် သူသည် ရက်စက်မှုကို ကျူးလွန်ခဲ့သည်ဟု ကောက်ယူရ မည်ဖြစ် ကြောင်းဆုံး ဖြတ်သည် ။ ( မစ္စစ် ပါး ( လ် ) ကျော်နှင့် ဦးကျော် ၊ ၁၉၆၇ ခုနှစ် ၊ မတစ ၊ ၂၄၉ )


           မယား၏ ရက်စက်မှု ။ ။ '' လင် ဖြစ်သူက ရက်စက်၍ မယား ကကွာလို သည့်အမှုမျိုးမှာ သမားရိုးကျ ဖြစ်သည် ။ တရားရုံးများတွင်  အစဉ်  တွေ့နေ ရသည် ။ တရား လွှတ်တော် နှင့် တရားရုံးချုပ် တို့၏ စီရင် ထုံးများကို လေ့လာ လျှင် လင်၏ ရက်စက်မှုနှင့်ပတ်သက်သည့် အမှုများကို သာတွေ့ ရသည် ။   ထို့ကြောင့်   မယားက ရက်စက်မှု ကျူးလွန်လျှင် လင်၌ ကွာရှင်းခွင့် ရှိ ၊  မရှိ ဆိုသည့်ပြဿနာ ကို ဆင်ခြင်ရာတွင် စီရင်ထုံးသည် ဥပဒေ မဟုတ် ၊ စီရင် ထုံးအရပ်ရပ် မတင်ပြ ကာမျှဖြင့် ရှိရင်းစွဲ ဥပဒေအရ ဆောင်ရွက်မှုကို မပိတ်ပင်နိုင်ဟု သဘောရရှိသည်။ ဤသို့ စွဲဆိုခွင့် မရှိဟု တားမြစ်လျှင် မယားသည် လင် ယောက်ျားကို အလွန်အမင်း ရက်စက်မှုများ ပြုလုပ် စေကာမူ လင်ယောက်ျားက မယား၏ ရက်စက်မှုကို အကြောင်းပြု၍ မယားကွာ လိုမှု မစွဲရဟု ပိတ်ပင်ရာ ရောက်သည့် အပြင် တရား မျှတမှုလည်း ရှိနိုင် မည်မဟုတ် ပေ ။ ယခင် စီရင်ထုံး ဓမ္မသတ်များ၌ ရက်စက် မှုတွင် မြန်မာ့ ဓလေ့ ထုံးတမ်း အရ လင်မယားကွာရှင်း ပေးစေရန် အတွက်  တောင်းဆို နိုင်သည့်  အိမ်ထောင်ရေး ပြစ်မှု တစ်ရပ် ဖြစ်သည်ဟု ဖော်ပြ ထားသည် ။ အဆိုပါအခွင့် အရေးကို လင်က သော်လည်း ကောင်း ၊ မယားက သော် လည်းကောင်း ရယူနိုင်ကြောင်း ဆုံးဖြတ်ထား ချက်အရ လင်ဖြစ် သူက ရက်စက်မှု ကျူးလွန်လျှင် မယား၌ ကွာရှင်း ခွင့် ရှိသည့်နည်းတူ မယားဖြစ်သူက ရက်စက်မှု ကျူးလွန် လျှင်လည်း လင်၌ ကွာရှင်း ခွင့်ရှိကြောင်း ထင်ရှားသည် ။ ''
ဤသည်မှာ ၂ဝ၁၅ ခုနှစ်တွင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က  လမ်းညွှန် ဆုံးဖြတ်ခဲ့သည့် စီရင် ထုံးပါ ဆုံးဖြတ်ချက် ဖြစ်သည် ။ ( ၂ဝ၁၅ ခုနှစ် ၊ မတစ ၊ စာ - ၁၅၇  )


          လင်၏ ဖောက်ပြန်မှု ။ ။ လင်ဖြစ် သူသည် အခြားမိန်းမ နှင့် ကျူးလွန်ပြီး မယားဖြစ် သူအား နှိပ်စက် ညှဉ်းပန်းလျှင် ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည့် အတွက် မယား၌ ကွာရှင်းခွင့် ရနိုင်သည် ။  (  မောင်ငွေ စန်း နှင့် မကြီး ၊ ၁၉၂၉ ခုနှစ် ၊ ရန်ကုန်၊ ၆၄ ) 


          ဒုတိယ မယားယူမှု ။ ။ ပထမမယားကြီးရှိလျက်နှင့် ဒုတိယမယားယူခြင်းသည် ရက်စက်မှုကို ကျူးလွန်ခြင်း ဖြစ်သောကြောင့် ပထမမယား၌ ကွာရှင်းခွင့်ရှိသည်။ (မောင်ဆက်မောင်နှင့် မကြင်သွေး၊ ၁၉၆၃ ခုနှစ်၊ မတစ၊ ၂၉၅)


         စွန့်ပစ်မှု ။ ။ စွန့်ပစ်ခြင်းနှင့် ပတ်သက်၍ လင်က မယားအား စွန့်ပစ်ထားပြီး သုံးနှစ်ပတ်လုံး ဟင်းရွက် တစ်ရွက် ၊ ထင်း တစ်ချောင်းမျှပင်   မထောက်ပံ့ လျှင်သော် လည်းကောင်း ၊ မယားက လင်အား တစ်နှစ်ပတ်လုံး ဟင်းရွက် တစ်ရွက် ၊ ထင်း တစ်ချောင်းကိုမျှ မထောက်ပံ့ လျှင်သော်လည်း ကောင်း လင်နှင့် မယားကွာရှင်း ပိုင်ခွင့် ရှိကြောင်း ''မနု ကျယ်ဓမ္မသတ်'' ပဉ္စမတွဲ အခန်း ၁၇ ၌ ဖော်ပြထားသည် ။  မညွန့်နှင့် မောင်စံသိန်း စီရင်ထုံးတွင် စွန့်ပစ်ခြင်း အတွက် သတ်မှတ်ထားသော နှစ်ကာလ စေ့လျှင် လင် မယားအဖြစ်မှ အလို အလျောက် တရားဝင် ကွာရှင်းခြင်းသို့ ရောက်သည်ဟု ဆုံးဖြတ်ခဲ့ သည် ။ ( ၅ ရန်ကုန် ၊ ၅၃၇ ) 
သို့သော် လင်မယား နှစ်ဦးသည် လင်ဖြစ်သူက သုံးနှစ် ၊ မယားဖြစ်သူက တစ်နှစ် စွန့်ပစ်ထားရုံ နှင့် မပြတ်စဲသေး ပေ ။ စွန့်ပစ်ခြင်းခံရသူက ပြတ်စဲ လိုသော ဆန္ဒကို ထုတ် ဖော်ပြောမှ သာလျှင် ပြတ်စဲ နိုင်သည် ။  ( သိန်းဖေနှင့် ဦးပက် ၊ ၃ အယ်ဘီအာ ၁၇၅ ) 
ထို့ပြင် စွန့်ပစ်မှုနှင့် ပတ်သက်၍ ထိမ်းမြားမှုအလို အလျောက် မပျက်ပြယ် ကြောင်း ၊ ထိမ်းမြားမှု ပျက်ပြယ် လိုသည့်ဆန္ဒကို အထင်အရှား ဖြစ်စေ ၊ သိသာထင်ရှား သည့် အမူအရာ ဖြင့်ဖြစ်စေ ပေးရမည် ။ ထိုသို့ ဆန္ဒမပေး သမျှ ထိမ်းမြားမှု တည်မြဲနေသည်ဟု ဒေါ်ခင်ပု နှင့် ဒေါက်တာသာမြ အမှုတွင် ဆုံးဖြတ်သည် ။ ( ၁၉၄၉ ခုနှစ် ၊ မတစ ၊ ၂၈၃ ) 
မခင်မြ နှင့် ကုလားစီရင် ထုံးတွင်လည်း စွန့်ပစ်သော ကာလ အပိုင်းအခြား ကုန်ဆုံးသော အခါ၌  စွန့်ပစ်ခြင်း ခံရသူက လင်ခန်းမယား ခန်းပြတ်စဲ လိုသော မိမိ၏ဆန္ဒ ကို ထုတ်ဖော် ပြောဆိုရ ပါမည် ။ စွန့်ပစ်သွား သူ၏ ဆန္ဒ တစ်ခုတည်းဖြင့် ကွာရှင်းခွင့် မရနိုင်ပေ ။ စွန့်ပစ်ခြင်းခံရ သူက ကွာရှင်း လိုမှသာလျှင် ကွာရှင်း နိုင်သည် ။ ( ၁၉၅၆ ခုနှစ် ၊ မတစ ၊ ၂၆၄ ) 


            လီဆယ်မှု ။ ။ ယောက်ျားဖြစ် သူက သားကြီးမယား ကြီးရှိ လျက်နှင့် လူပျိုပါဟု လည်းကောင်း ၊ ယခင် မယားကြီး နှင့် ကွာရှင်းပြီးပြီဟု လည်းကောင်း အဖြစ်မှန်ကို လီဆယ် ပြောဆို ထိမ်းမြား လက်ထပ်ခြင်းသည် လီဆယ်မှုပင် ဖြစ်သည် ။ ထိုသို့ လီဆယ်မှုကျူးလွန်လျှင် မယားဖြစ်သူ ၌  ကွာရှင်းခွင့် ရနိုင်ကြောင်း  '' ဓမ္မသတ် သုံးဆယ့်လေး စောင်တွဲ ၊ အိမ်မှုခန်း ဓမ္မသတ် အခန်း ၇ ၊ ပုဒ်မ ၉၁ နှင့် အဍ္ဍသံခေပဝဏ္ဏနာ ကျမ်း ပုဒ်မ ၃၄၉ တို့တွင် ပြဆိုထား သည် ။ 
ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှုများ
~~~~~~~~~~~~~~~~~~~~~~~~~~
            မယား၏ ဖောက်ပြန်မှု။ ။ မယားသည် မိမိလင်မဟုတ် သည့်ယောက်ျားနှင့် ကာမစပ်ယှက်မှု ကျူးလွန်သည်ကို မယား၏ ဖောက်ပြန်မှု ဟုခေါ်သည် ။ ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှုဖြစ်၍ မြန်မာ ဓလေ့ ထုံးတမ်း ဥပဒေအရ ပစ္စည်းခန်း အခွင့်အရေးများ ဆုံးရှုံးခြင်းခံရ မည်ဖြစ်သည် ။ မယားဖြစ်သူ ဖောက်ပြန်လျှင် လင်ဖြစ်သူ ၌ ကွာရှင်း ခွင့်ရှိသည် ။ ( မောင်ပြားကြီး နှင့် မောင်ဖိုးခ ၊ ၉ ဘီအယ်တီ ၇၄


 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate