မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများ အတွက် တည်ဆဲ ပြဌာန်းဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများရဲ့ ဥပဒေပါ အခွင့်အရေးများ၊ဥပဒေရဲ့အကာအကွယ်များရှိကြောင်း သိစေလို၍ ဝေမျှခြင်း ဖြစ်ပါတယ်။
ယခု တလော လိုင်းပေါ်မှာ နာမည်ကြီး နေတဲ့ " အိမ်ထောင် " ဇာတ်လမ်းတွဲကို ကိုယ်တိုင်လည်း အားပေးကြည့်ရှု ဖြစ်ပါတယ် ။
ဇာတ်လမ်းထဲမှာ ဆရာဝန်မကြီး ( အိမ်ရှင်မ ) နှစ်ဦးမှ ခင်ပွန်းများ၏ ဖောက်ပြန်မှုကြောင့်
နာကျင်စွာ ခံစားကြရခြင်း
တစ်ဦးမှာ မိမိ အသက်သေဆုံးမှုထိ ဖြစ်ခြင်းတို့ တွေ့မြင်ရပါတယ်။
ဒါကြောင့် တရားဝင်ဇနီး များအနေ နှင့်
ဖောက်ပြန်သော ခင်ပွန်းများ နဲ့ပတ်သက်ပြီး
တစ်ဘက်သတ် အလျော့ပေးခြင်း
အရှုံးပေးခြင်း ၊တစ်ဘက်သတ် နာကျင်ခံစား ရခြင်း
အသက် ဆုံးပါး သည်အထိ နာကျည်းမှု ဝေဒနာတစ်ဖက် သတ်ခံစားရခြင်း
တို့ မဖြစ်ကြဖို့ ရည်ရွယ်ပြီး -
မြန်မာနိုင်ငံတွင် တရားဝင်ဇနီးများ အတွက် တည်ဆဲပြဌာန်းဥပဒေ ၊ ဓလေ့ထုံးတမ်း ဥပဒေများ ရဲ့ ဥပဒေပါ အခွင့်အရေးများ ၊ ဥပဒေရဲ့အကာအကွယ်များ ရှိကြောင်း သိစေလို၍ ဝေမျှခြင်း ဖြစ်ပါတယ်။
လင်ဖြစ်သူက မိမိတွင် အိမ်ထောင်ရေး ပြစ်ချက်မရှိပဲ ၎င်း ဖောက်ပြန်ပြီး နောက်တစ်ယောက် ထပ်လိုချင်၍ အကြောင်းမဲ့ ကွာရှင်းခိုင်းလျှင် ဇနီးသည်၌ လင်မယား သံယောဇဥ် မပြတ်ပါက မကွာပေးပဲ နေလို့ရပါတယ် ။
နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အမှန်တကယ် သဘောတူမှ ဆောင်ရွက်သင့်ပါတယ် ။
ခင်ပွန်းက ကွာရှင်းခွင့် ရချင်လို့ မည်သည့် တရားရုံးတွင် တရားစွဲပါစေ ဇနီး၌ အိမ်ထောင်ရေး ပြစ်ချက်မရှိပါက ကွာရှင်းခွင့် ရနိုင်မည်လည်းမဟုတ်ပါ။
မကွာပေးလို့ ဖိအားပေးလိုတဲ့ သဘောနဲ့ ရိုက်နှက်ခြင်း ပြုပါက ပြစ်မှုမြောက်သော လုပ်ရပ်သာ ဖြစ်၍ သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်နိုင်ပါတယ် ။ ရရှိတဲ့ ဒဏ်ရာများ ရှိပါက ပြည်သူ့ ဆေးရုံမှာ ပြသပါ ။ ဆေးစာက ပြစ်မှုအတွက် သက်သေ အထောက်အထား ဖြစ်နိုင်လို့ပါ ။ လင်ဖြစ်သူက အကြောင်းမဲ့ ဇနီးမယားကို ထားခဲ့တာဆိုရင် ယင်းလင်ထံမှ မယားစရိတ် ၊ ကလေးရှိလျှင် ကလေးစရိတ်တောင်းနိုင်ပါတယ် ။ ထောက်ပံ့ရမယ် ဆိုတဲ့ ဥပဒေရှိပြီး ဖြစ်ပါတယ် ။
ခင်ပွန်း အနေဖြင့် ဖောက်ပြန်တဲ့ အဆင့်က ကျော်လွန်ပြီး ထပ်မံလက်ထပ် ပေါင်းသင်းပါက ပြစ်မှုကျုးလွန်ပြီ ဖြစ်ပါတယ် ။
တစ်လင်တစ်မယား ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေအရ တိုင်ကြားနိုင်ပါတယ် ။
( အာမခံ မရပါ ၊ အမှုပေါ်ပေါက် လျှင်လည်း ထောင်ချရမည့် ဥပဒေပုဒ်မ ဖြစ်ပါတယ် ။)
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အိမ်ထောင်ကြီးမှာ ဖြစ်ထွန်းတဲ့ ပစ္စည်းများအား နောက်အိမ်ထောင်မှ ရပိုင်ခွင့်မရှိပါ ။
တရားဝင် လင်မယားချင်း တရားဝင် မကွာရှင်းသရွေ့ တရားဝင်လင်မယား သာဖြစ်ပါတယ် ။
တရားဝင် ကွာပြီးရင်တော့ ဇနီးရနိုင်တဲ့ ဥပဒေကပေးတဲ့ အခွင့်အရေး ၊ အကာအကွယ် မရှိတော့ပါဘူး ။
ရေးသားသူ
ဒေါ်ခင်နှင်းသစ်
တရားလွှတ်တော်ရှေ့နေ
နေပြည်တော်။
Post အားကူးယူဖော်ပြ ခြင်းဖြစ်ပါသည်။
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...