ယခု ကာလ အိမ်ထောင်ရှင် အမျိုးသမီးတွေ တော်တော်များများသိချင်နေကြပြီး အလျှင်အမြန် ဆောင်ရွက်နေကြသော မိမိမရှိတော့သည့်အချိန်တွင် စိတ်အေးရအောင် မိမိကြိုးစားပန်းစားရှာဖွေထားသော မိမိပိုင်ပစ္စည်းများအား မိမိ၏သားသမီးများထံသို့ စာချုပ်စာတမ်းဖြင့်လွှဲပြောင်းထားနည်း။

ယခု ကာလ အိမ်ထောင်ရှင် အမျိုးသမီးတွေ တော်တော်များများသိချင်နေကြပြီး အလျှင်အမြန် ဆောင်ရွက်နေကြသော မိမိမရှိတော့သည့်အချိန်တွင် စိတ်အေးရအောင် မိမိကြိုးစားပန်းစားရှာဖွေထားသော မိမိပိုင်ပစ္စည်းများအား မိမိ၏သားသမီးများထံသို့  စာချုပ်စာတမ်းဖြင့်လွှဲပြောင်းထားနည်း။

ယခု ကာလ အိမ်ထောင်ရှင် အမျိုးသမီးတွေ တော်တော်များများသိချင်နေကြပြီး အလျှင်အမြန် ဆောင်ရွက်နေကြသော မိမိမရှိတော့သည့်အချိန်တွင် စိတ်အေးရအောင်
မိမိကြိုးစားပန်းစား ရှာဖွေထားသော မိမိပိုင်ပစ္စည်းများအား မိမိ၏သားသမီးများထံသို့ 
စာချုပ်စာတမ်းဖြင့် လွှဲပြောင်းထားနည်း။ 
စိန်၊ရွှေအစရှိသည့် ရွေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကို ပေးကမ်းတဲ့နေရာမှာ စာချုပ်ချုပ်ပြီး ပေးကမ်းလို့လည်း ရတယ် ၊ စာချုပ်မချုပ်ဘဲလည်း ပေးလို့ရပါတယ်။
မြေ၊အိမ်အစရှိတဲ့ မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း တစ်စုံတစ်ရာကို ပေးကမ်းမယ် ဆိုလျှင်တော့ ပေးကမ်းခြင်းစာချုပ် ပြုလုပ်ရပါမယ်။ပေးကမ်းစာချုပ်ဟာ အောက်ပါအတိုင်း ဖြစ်ရပါမည်။
၁။ စာချုပ်စာတမ်း ပြုလုပ်ရပါမည်။
၂။ အနည်းဆုံး သက်သေ၂ယောက် လက်မှတ်ရေးထိုး ရပါမည်။
၃။ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ မေတ္တာသက်၀င်မှုအရ ပေးတာဖြစ်ရပါမယ်။
၄။ ပစ္စည်းရသူ ဒါမှမဟုတ် သူ့ရဲ့ကိုယ်စားလှယ်က ပစ္စည်းပေးကမ်းတာကို သဘောတူတဲ့အကြောင်း ၊ လက်ခံတဲ့အကြောင်း ဖွင့်ဟ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမည်။
၅။ စာချုပ်ကို ရေစစ္စရီ မှတ်ပုံတင် ပြုလုပ်ရပါမည်။
စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်း အလုံအလောက် ထမ်းဆောင်ဖို့ လိုပါတယ် ။ တံဆိပ်ခေါင်းအက်ဥပဒေဇယား-၁ ၊ အပိုဒ်၃၃အရ ပစ္စည်းရဲ့တန်ဖိုးအပေါ်မှာ တံဆိပ်ခေါင်းပါစာချုပ်နဲ့ ရေးသားချုပ်ဆိုရပါမယ်။
ပစ္စည်းပိုင်ရှင်အနေနှင့် မိမိပိုင်ပစ္စည်းတွေကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့်ရှိတယ်လို့ အခြေခံသဘောအားဖြင့် ဆိုရမှာဖြစ်ပေမယ့် မိမိပိုင်ပစ္စည်းအားလုံး ပေးခွင့် ရှိ ၊ မရှိ ဆိုတဲ့ ပြဿနာတစ်ရပ် ရှိလာပါတယ် ။ ၁၉၄၉ခုနှစ် မြန်မာနိုင်ငံစီရင်ထုံး ၊ လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာ ပါတဲ့အချက်ဟာ သတိပြုရမယ့်အချက်ပဲ ဖြစ်ပါတယ်။
အသက်၂၇နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူဟာ မသေမီ၉ရက်အလိုမှာ မှတ်ပုံတင်အရာရှိကို အိမ်ကိုခေါပြီး ပေးကမ်းစာချုပ် ပြုလုပ်မှတ်ပုံတင် စေပါတယ် ။ စာချုပ်မှာ သူ့ရှိသမျှ ပစ္စည်းအားလုံးကို နှစ်ပေါင်းများစွာ သူ့ကို ပြုစုနေခဲ့တဲ့သူကို ပေးကမ်းလိုက်ခြင်း ဖြစ်ပါတယ် ။ ဒေါ်ရွှေရီဟာ နှစ်ပေါင်း အတော်ကြာကြာ ကိုယ်ရေပြားရောဂါ ဖြစ်နေပြီး မှတ်ပုံတင်စာချုပ်ချုပ် လုပ်တဲ့အချိန်မှာတော့ကျန်းမာရေး မကောင်းတော့ပါ ။ ဒါကြောင့် ဒီစာချုပ်ကို မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနဲ့ မညီညွတ်တဲ့အတွက် လွှတ်တော်က အတည်မပြုပါ ။ တရားလွှတ်တော်က အကြောင်းရင်း နှစ်ရပ် ပြပါသည်။
ပထမအကြောင်းက သေခါနီးဆဲဆဲ ပေးကမ်းတာ ဖြစ်ပါတယ်။
ဒုတိယအကြောင်းက သေသူဟာ ရှိသမျှပစ္စည်းအားလုံးကို ပေးကမ်းတာ ဖြစ်ပါတယ်။
အထက်စီရင်ထုံးနဲ့ ဓမ္မသတ်ခြောက်စောင်တွဲအခန်း၈ ၊ ပုဒ်မ ၇၅တို့ကို ထောက်ထားပြီး ပစ္စည်းရှင်ဟာ မိမိပိုင်ပစ္စည်းကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့် ရှိပေမယ့် အမွေစား အမွေခံတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်လောက်အောင် ရှိသမျှပစ္စည်းအားလုံး ပေးကမ်းခွင့် မရှိဘူးဆိုတဲ့ သဘောပါ။
၁။မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးကမ်းတာဆိုလျှင် စာချုပ်ပြုလုပ် ချုပ်ဆိုရပါမည်။
၂။အဆိုပါ စာချုပ်ကို မှတ်ပုံတင်ရပါမည်။
၃။အလိုအလျောက် မေတ္တာသက်၀င်ချစ်ခင်မှုဖြင့် ပေးကမ်းတာမျိုး ဖြစ်ရပါမယ်။
၄။ပေးကမ်းခြင်း ခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိ ရပါမယ်။
၅။ပေးကမ်းတဲ့ပစ္စည်း စာရင်းဇယား ဖော်ပြပါရှိ ရပါမယ်။
၆။ဆိုင်ရာက ထုတ်ပေးတဲ့ပစ္စည်း တည်ရှိရာ မြေပုံ ၊ မြေရာဇ၀င် ပူးတွဲပါ ရှိရပါမယ်။
၇။ပေးကမ်းသူ ပိုင်ဆိုင်ကြောင်း မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြပါရှိ ရပါမယ်။
၈။စာချုပ်မှာ အသိသက်သေနှစ်ဦး  အနည်းဆုံးပါရှိ ရပါမယ်။
၉။ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိပြီးမှ ပေးနိုင်ခွင့် ရှိပါမယ်။
၁၀။လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲ လက်ခံနိုင်ပါမယ် ။ သေဆုံးမှဆိုလျှင် ပေးကမ်းခြင်း ပျက်ပြယ်ပါမည်။
၁၁။တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကို ပေးကမ်းခြင်း မပြုနိုင်ပါ။
၁၂။အပေးခံရတဲ့သူဟာ တစ်ဦးထက် ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံသူတွေ အတွက်ကတော့ ပေးကမ်းခြင်းက အတည်ဖြစ်ပါတယ်။
၁၃။ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုလျှင် ပေးစဉ်အခါက ပေးသူမှာ တင်ရှိနေတဲ့ ကြွေးမြီးအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီလက်ခံသူ အပေါ်မှာ တာ၀န်ရှိပါသည်။
၁၄။ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းအက်ဥပဒေဇယား(၁)အပိုဒ်၃၃နဲ့အညီ တံဆိပ်တော် ခေါင်းထမ်းဆောင်ရပါမည်။

Credit - ဥပဒေရေးရာ

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate