လင် မယား တို့သည် တစ်ဦးနှင့် တစ်ဦး စိတ်သဘော ထားချင်း မတိုက် ဆိုင်တော့ ၍ ဆက်လက် ပေါင်းသင်းရန် ဆန္ဒ မရှိတော့ သည့်အခါ ကွာရှင်း လိုကြ သည်။

လင် မယား တို့သည် တစ်ဦးနှင့် တစ်ဦး စိတ်သဘော ထားချင်း မတိုက် ဆိုင်တော့၍ ဆက်လက် ပေါင်းသင်းရန် ဆန္ဒမရှိ တော့သည့် အခါကွာရှင်း လိုကြသည် ။ နှစ်ဦး သဘောတူ ကွာရှင်း နိုင်ခြင်း ကတော့ အမြန်ဆုံး ၊ အကောင်းဆုံး ဖြစ်ပါသည် ။ သို့သော်လည်းတဘက်မှ ကွာရှင်း မပေးလျှင်တော့ ကွာရှင်း ခွင့်စွဲ ဆိုပြီး တရားရုံး အဆုံးအဖြတ် ရယူရ ပါလိမ့်မည် ။ ကွာရှင်းခွင့် ရနိုင်သည့်အိမ်ထောင်ရေး ပြစ်မှုများ ရှိပါမှ လည်းကွာ ရှင်းခွင့် အနိုင်ဒီကရီ ရရှိမှာ ဖြစ်ပါသည် ။ အိမ်ထောင်ရေး ပြစ်မှုများ နှင့် ပတ်သက်သောစီရင် ထုံးများကို လေ့လာသော အခါသာမန် အိမ်ထောင်ရေး ပြစ်မှု ငါးမျိုး အနက်မှ
( 1 ) ရက်စက်မှု
ကွာရှင်း ခွင့်ပေး လောက်အောင် ကျုးလွန်ခြင်း ရှိ / မရှိ ၊ ရက်စက်မှု မြောက် မမြောက်မှာ အမှုအကြောင်း ခြင်းရာ ပေါ်မူ တည်နေကြောင်း အချုပ်အား ဖြင့် ရေးသား ရပေသည် ။
( 2 ) ပထမ မယား ခွင့်ပြုချက် မရဘဲ ဒုတိယမယား ယူမှု
လင်သည် ဇနီး မဟုတ်သည့် မိန်းမ တစ်ယောက် နှင့် ကာမဂုဏ် ကျုးလွန် မှုကို လင်၏ ဖောက်ပြန်မှု ဟုခေါ်ဆိုသည် ။ ဖောက်ပြန်မှု ဆိုသည်မှာ ဒုတိယ မယားယူမှု အဆင့်သို့ မရောက် သေးပေ ။ ယင်းဖောက် ပြန်သည့် ပြစ်မှုနှင့် ကားမယား၌ ကွာရှင်း ခွင့်မရနိုင်ပေ ။ မသိန်းနွယ် နှင့် မောင်စ7 ၊ ရန်ကုန် ၊ စာ-451 ပထမ မယားခွင့်ပြု မရှိဘဲ ဒုတိယမယား ယူလျှင် ကွာရှင်း ခွင့်ရှိသည် ။
( မောင်ဆက်မောင် နှင့် မကြင်သွေး 1963 ၊ မတစ ၊ 295 )
(3)စွန့်ပစ်မှု
လင် နှင့် မယားတို့သည် တစ်ဦး က တစ်ဦး အားဆိုခဲ့သည့် နှစ်အပိုင်း အခြားအတိုင်း စွန့်ပစ်ထား ရုံဖြင့် ထိမ်းမြားမှု အလိုလိုမပြတ်စဲ ၊ မပျက် ပြယ်ပေ ။ စွန့်ပစ်ခြင်း ခံရသူက ထိမ်းမြားမှုကို ပျက်ပြယ် လိုပါက ပျက်ပြယ်အောင် ပြုနိုင်ခွင့် ပေးထားခြင်း မျှဖြစ်ပေသည်။ ပြစ်မှု ကျုးလွန်သူ ( သို့မဟုတ် ) စွန့်ပစ် ထွက်ခွာ သွားသူ၌ ၎င်း၏ ဆန္ဒတစ်ခု တည်းဖြင့် ကွာရှင်း နိုင်ခွင့် မရှိပေ ။ စွန့်ပစ် ခြင်းခံရသူက ကွာရှင်း လိုမှ သာလျှင် ကွာရှင်းနိုင် ပေသည် ။
(4)မယား၏ ဖောက်ပြန်မှု
စသော ပြစ်မှု လေးမျိုးတွင် နစ်နာသူက ကွာရှင်းခွင့် ရှိကြောင်း တွေ့ရသည် ။ စွန့်ပစ်မှုနှင့် ပတ်သက်၍ အချိန်မည်မျှ ကြာအောင် ပစ်ထား စေကာမူ လင်ခန်း မယားခန်း အလိုအလျောက် ပြတ်စဲ ခြင်းမရှိပေ ။ စွန့်ပစ်ခြင်း ခံရသူက လင်မယား ကွာရှင်း ခွင့်ရရန် တရားစွဲနိုင်သည် ။ လီဆယ်သည့် ပြစ်မှု နှင့် ပတ်သက်၍ မူကား ကွာရှင်းခွင့် ရနိုင် သော်လည်း စီရင်ထုံးမ ထွက်သေးပေ ။ လင်ဖြစ်သူ" ကြီးလေးသော ရက်စက်မှု " ကို ကျုးလွန်လျှင် သော်လည်း ကောင်း ၊ မယား ဖြစ်သူ ဖောက်ပြန်လျှင် သော်လည်း ကောင်း ၎င်းတို့ ခင်ပွန်းသည် များ၌ ကွာရှင်းခွင့် ရရှိရုံ သာမက ကျုးလွန်သူသည် ပစ္စည်းခန်း အခွင့်အရေး များကို ဆုံးရှုံးခြင်းခံ ရပေဦးမည် ဟု အချုပ်အားဖြင့် ရေးသား ရပါသည် ။
ဦးမြစိန် ၊ မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...