မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်

မြေချပါမစ် မူရင်းမိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်
ခုတစ်လော အိမ်ခြံမြေကွက် ဝယ်သူတွေကိုကြည့်ရတာ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ Online မှာ တွေ့ဆုံပြီး စရံငွေပေး စာချုပ်ချုပ်လိုက်ကြတယ်။ ပွဲစားမပါပဲ ရောင်းသူနဲ့ဝယ်သူ နှစ်ဦးသဘောတူ ဈေးညှိနှိုင်းပြီး ဝယ်လိုက်ကြတယ်။ ပွဲစားမပါဘူးဆိုတော့လည်း ရောင်းသူက ရောင်းဈေးပြောတယ်။ ဝယ်သူကလည်း ပေးနိုင်တဲ့ ဈေးပေးပြီး စရံငွေ ပေးလိုက်ကြတာဘဲ။
ရောင်းသူကတော့ အရိုးခံပဲ၊ မိမိလက်ဝယ်မှာရှိပြီး အိမ်ခြံမြေနဲ့ပက်သက်တဲ့ စာချုပ်စာတမ်းတွေ ထုတ်လိုက်တာဘဲ။ ဝယ်သူကလည်း မိမိနားလည်သလောက် သေသေချာချာ လေ့လာပြီး စရံငွေ ပေးလိုက်တာပဲ။ ဒါပေမဲ့ အဲ့ဒီ အိမ်ခြံမြေကွက်က ဂရန်မိတ္တူ ဖြစ်နေမယ်။ မြေချပါမစ် မိတ္တူဖြစ်နေရင်ဝယ်ယူရမယ့်ဝယ်နည်းကိုပြောပြပါမယ်။

မြေချပါမစ် တစ်ဝက်ခွဲဝယ်တဲ့ ပုံစံမျိုးပါ။စာချုပ်အဆက်အစပ်တွေကလည်း မှန်တယ်၊ အမည်ပေါက်ကလည်း မှန်တယ်၊ အရှုပ်အရှင်းလည်း ကင်းတယ် သိရတာနဲ့ ကျန်ငွေပေးချေဖို့ ရောင်းသူကို အကြောင်းကြားလိုက်ပါ။ စာချုပ်မူရင်းတွေ ကြည့်ပါ။ တကယ်မူရင်း စာချုပ်တွေကိုလည်းစစ်ပါ။
(ပိုစိတ်ချချင်ရင်တော့သတင်းစာကြေငြာသင့်ပါတယ်။)
မြေချပါမစ်မိတ္တူ၊
ပါမစ်တစ်ခုရဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ မိသားစုဓာတ်ပုံရယ်၊ မြေကွက်ရထားသူရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း၊ မှီခိုနေထိုင်သူစာရင်း၊ အိမ်ရာဆောက်လုပ်ခွင့်ပြုချက်အစုံ တွေ့ရပါတယ်။ ဓာတ်ပုံနောက်ကျောမှာပါတဲ့ မူလနေထိုင်ခဲ့တဲ့ ရဝတ ဥက္ကဌ ရဲ့ လက်မှတ်စည်းတံဆိပ်၊ အိုးအိမ်ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးရဲ့ စည်းတံဆိပ်လက်မှတ်တွေ အပြည့်အစုံပါလို့ အမှန်အကန် ပါမစ်မိတ္တူတစ်ခုလို့ ဆိုနိုင်ပါတယ်။
ပါမစ်မိတ္တူဝယ်ရင် မူရင်းပါမစ်ကိုလည်း ကြည့်ဖို့လိုပါတယ်။
အကယ်၍ ပါမစ်မြေကနေ နှစ်(၆၀)ဂရန်သစ်လျှောက်ရင်တော့ (၂)ယောက်မည်နဲ့ ရလာတဲ့ နှစ်(၆၀)ဂရန်ကို (ပေ ၂၀X ပေ ၆၀)စီတစ်ဝက် ဂရန်ခွဲလျှောက်ယူရမှာ ဖြစ်ပါတယ်။

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန်းဖေ၏ အိမ်ငှားအဖြစ်နေထိုင်ရာ နောက် ပိုင်း တွင် ဦးချစ်တီးတို့က အိမ်လခများပေးရန် ပျက်ကွက်သဖြင့် ရပ်ကွက်ပြည်သူ့...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်

နိုင်ငံခြားသားကို တိုက်ခန်း၊ မြေ စသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်

၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ ပုဒ်မ-  ၅အရ မည်သူမဆို မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံခြားသားပိုင်ကုမ္ပဏီအား ငှားရမ်းခြင်းမပြုရ ဟု ပြဌ...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate