မြေချပါမစ် မူရင်း မိတ္တူဝယ်ရင်ကွယ် မူရင်းကြည့်ဖို့လည်း မမေ့သင့်

  မြေချပါမစ် မူရင်း မိတ္တူဝယ်ရင်ကွယ် 

  မူရင်းကြည့်ဖို့လည်း မမေ့သင့်


  ခုတစ်လော အိမ် ခြံ မြေကွက် ဝယ်သူတွေကို 

  ကြည့်ရတာ ပွဲစားမပါပဲ ရောင်းသူနဲ့ ဝယ်သူ Online မှာ

  တွေ့ဆုံပြီး စရံငွေပေးစာချုပ် ချုပ်လိုက်ကြတယ် ။ 

  ပွဲစားမပါပဲ ရောင်းသူနဲ့ ဝယ်သူ နှစ်ဦးသဘောတူ

  ဈေးညှိနှိုင်းပြီး ဝယ်လိုက်ကြတယ် ။  ပွဲစားမပါဘူး

  ဆိုတော့လည်း ရောင်းသူက ရောင်းဈေး ပြောတယ် ။

  ဝယ်သူကလည်း ပေးနိုင်တဲ့ ဈေးပေးပြီး စရံငွေ 

  ပေးလိုက်ကြတာဘဲ ။


  ရောင်းသူကတော့ အရိုးခံပဲ ၊ မိမိ လက်ဝယ်မှာ ရှိပြီး 

  အိမ် ခြံ မြေ နဲ့ ပက်သက်တဲ့ စာချုပ်စာတမ်းတွေ

  ထုတ်လိုက်တာဘဲ ။ ဝယ်သူကလည်း မိမိနားလည်သလောက်

  သေသေချာချာ လေ့လာပြီး စရံငွေ ပေးလိုက်တာပဲ ။

  ဒါပေမဲ့ အဲ့ဒီ အိမ် ခြံ မြေကွက်က ဂရန်မိတ္တူ ဖြစ်နေမယ် ။

  မြေချပါမစ် မိတ္တူ ဖြစ်နေရင် ဝယ်ယူရမယ့် ဝယ်နည်းကို 

  ပြောပြပါမယ် ။

  မြေချပါမစ် တစ်ဝက်ခွဲ ဝယ်တဲ့ ပုံစံမျိုးပါ ။ စာချုပ် 

  အဆက်အစပ်တွေကလည်း မှန်တယ် ၊ 

  အမည်ပေါက်ကလည်း မှန်တယ် ၊ အရှုပ်အရှင်းလည်း

  ကင်းတယ် သိရတာနဲ့  ကျန်ငွေ ပေးချေဖို့ ရောင်းသူကို 

  အကြောင်း ကြားလိုက်ပါ ။ စာချုပ်မူရင်းတွေ ကြည့်ပါ ။

  တကယ်မူရင်း စာချုပ်တွေကိုလည်း စစ်ပါ ။
  ( ပိုစိတ်ချချင်ရင်တော့ သတင်းစာ ကြေငြာ သင့်ပါတယ် ။ )


  မြေချပါမစ် မိတ္တူ ၊
  ပါမစ်တစ်ခုရဲ့  အင်္ဂါရပ်တွေ ဖြစ်တဲ့ မိသားစု ဓာတ်ပုံရယ် ၊ 

  မြေကွက်ရထားသူရဲ့  ကိုယ်ရေးရာဇဝင် အကျဉ်း ၊ 

  မှီခိုနေထိုင်သူ စာရင်း ၊ အိမ်ရာ ဆောက်လုပ်ခွင့်ပြုချက် 

  အစုံ တွေ့ရပါတယ် ။ ဓာတ်ပုံ နောက်ကျောမှာ ပါတဲ့ 

  မူလနေထိုင်ခဲ့တဲ့ ရဝတ ဥက္ကဌရဲ့  လက်မှတ်စည်း တံဆိပ် ၊ 

  အိုးအိမ်ဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးရဲ့  စည်းတံဆိပ်

  လက်မှတ်တွေ အပြည့်အစုံပါလို့ အမှန်အကန် ပါမစ်မိတ္တူ 

  တစ်ခုလို့  ဆိုနိုင်ပါတယ် ။
  ပါမစ်မိတ္တူ ဝယ်ရင် မူရင်းပါမစ်ကိုလည်း ကြည့်ဖို့ လိုပါတယ် ။
  အကယ်၍ ပါမစ်မြေကနေ နှစ် ( ၆၀ ) ဂရန်သစ် 

  လျှောက်ရင်တော့ ( ၂ ) ယောက် မည် နဲ့ ရလာတဲ့ 

  နှစ် ( ၆၀ )ဂရန်ကို ( ပေ ၂၀ X ပေ ၆၀ ) စီ တစ်ဝက် 

  ဂရန်ခွဲ လျှောက်ယူရမှာ ဖြစ်ပါတယ် ။

 

  Credit (  ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate