မြေချပါမစ် မှ ဂရန်သစ် လျောက်ထားမည့်သူများသတိပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြေချပါမစ် မှ ဂရန်သစ် လျောက်ထားမည့် သူများ သတိပြုနိုင်ရန်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် မြေချပါမစ်ဖြင့် ဂရန်သစ် လျှောက်ထားပါက
၁ - မြေချပါမစ် မူရင်း
၂ - အရောင်းအဝယ် အရပ်ကတိစာချုပ် အဆက်ဆက် မူရင်း
၃ - မြေငှါးဂရန်သစ် လျှောက်ထားမည့် သူရဲ့ မှတ်ပုံတင် မူရင်း
အထက်ပါ သုံးမျိုးအား မိတ္တူဆွဲပြီး ၊ ဂရန်သစ် အမူ့တွဲ လျှောက်လွှာအား ဖြည့်ပြီး ၊ ဂရန်သစ် လျှောက်ထားရပါမည် ။ ( မူရင်းနှင့် မိတ္တူများ အားလုံး ယူသွားရပါမည် ။ )
အခုတလော ဂရန်သစ် လျှောက်ထားရင်း တန်းလန်း အဆင်မပြေသဖြင့် လာရောက် မေးမြန်းကြသော မိတ်ဆွေများနှင့် မိမိတို့ ကိုယ်တိုင် ဆောင်ရွက်လိုသော မိတ်ဆွေများ အခက်ခဲမရှိစေရန် တင်ပြခြင်း ဖြစ်ပါသည်။
မြေချပါမစ်မှ ဂရန်သစ် လျှောက်ထားမည်ဆို
ဥပမာ ။ ပါမစ်အမည်ပေါက် ဦးဖြူ
ဦးဖြူဆီမှ အရပ်ကတိစာချုပ် အရ ဒေါ်နီမှ ဝယ်ပါတယ်။
ဒေါ်နီထံမှ ယခု ဂရန်သစ် လျှောက်ထားမည့်သူ ဦးလှမှ ထပ်မံ ဝယ်ယူပါတယ်။
အရပ်ကတိစာချုပ် နှစ်ဆက် ဆိုလျှင် အဆိုပါ စာချုပ်နှစ်ဆက်လုံး တင်ပြ လျှောက်ထားရပါမည်။
မိတ်ဆွေအချို့မှာ ဂရန် လျှောက်ထားချိန်တွင် ဦးဖြူ နဲ့ ဦးလှ အရပ်ကတိစာချုပ်အား ဖန်တီးလိုက်ပြီး ၊ လျှောက်ထားကြပါတယ်။
( စာချုပ်အဆက် များနေသဖြင့် )
မြေစာရင်းအား မစစ်ဆေးပဲ ဂရန်သစ် လျှောက်ထားခဲ့ကြပါတယ် ။ အဆိုပါ မြေကွက်အား ဒေါ်နီမှ ဂရန်သစ် လျှောက်ထားပြီး ၊ အမူ့တွဲအား ဆက်မဆောင်ရွက်ပဲ ၊ ဦးလှသို့ ရောင်းချခဲ့ပါတယ် ။
မြေစာရင်းတွင် ဒေါ်နီမှ ဂရန်သစ် လျှောက်ထားခြင်း ပေါ်ပေါက်သဖြင့် ဌာနမှ ဒေါ်နီ ဂရန်သစ် လျှောက်ထားခြင်း ကိစ္စ ဖြေရှင်းစေ ပါတယ် ။ ဦးလှ မှလည်း ဒေါ်နီ ကို ခေါ်မရ ။ ဒါမှမဟုတ် ဒေါ်နီကို မမြင်ဖူး အဆက်သွယ်မရ ဆိုလျှင် ဦးလှ လျှောက်ထားသော ဂရန်သစ်အမူ့တွဲ ရွာလည်ပါပြီ။
သို့ပါ၍ မိတ်ဆွေများအနေဖြင့် အရပ်ကတိစာချုပ် အဆက်များ သဖြင့် စာချုပ်အဆက် ဖြတ်လျှောက်ထားမည် ဆိုလျှင် မြေရာဇဝင် စစ်ဆေးပြီးမှ ပြုလုပ်ကြပါရန် ၊ အကြံပြု လိုပါတယ် ။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...