စလစ်မြေဆိုတာ အိမ်ဆောက်လုပ်နေထိုင်ခွင့် ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။

များသောအားဖြင့်တော့ လယ်ယာမြေ ဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါ.
ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့ ။ ဒဂုံမြို့သစ်တောင် ၊ လှိုင်သာယာ ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေ ရှိတယ် ''
မြေချစလစ် ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ် စာချုပ် ချုပ်ဆို ဝယ်ယူလို့ရတယ် ။
စလစ် ၊ ပါမစ် ၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ် ဟုတ် မဟုတ် ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက် စုံစမ်းဖို့ လိုပါတယ် ''
အမှန်တကယ် မြေကွက် ဟုတ် မဟုတ် ။ မြေကွက် တည်နေရာကိုလည်း သွားရောက် ကြည့်ရှုရပါမယ် ။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက် နေထိုင် ကျူးကျော်နေသူတွေ ရှိတတ်တယ် ။ သေချာလေ့လာ ကြည်ရှုဖို့တော့ လိုတယ် ''
'' အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး ။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ် ''
'' ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ ။ ဒါပေမယ့် ဂရန်အဆင့် ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ် ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ် ။ အိမ်တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင် ကြရတယ် ။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန် မဆောင်ချင် ကြဘူး ။ စျေးသက်သာပြီး အရပ်ကတိ အရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြတာပဲ ဖြစ်ပါတယ် ။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...