BOT-Build Operate Transfer, စနစ်နဲ့ ဌားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ ဘိုးဘွားပိုင် မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်

BOT-Build Operate Transfer, စနစ်နဲ့ ဌားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ ဘိုးဘွားပိုင် မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်

BOT မြေပေါ် ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေပေါ်  ဆောက်တဲ့ 

တိုက်ခန်း ကွာခြားချက် BOT-Build Operate Transfer,  စနစ်နဲ့

ဌားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းနဲ့ ဂရန်မြေ ဘိုးဘွားပိုင်မြေ 

ပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့ ကွာခြားချက်ကို 

နိူင်းယှဉ် ဖော်ပြ ပေးလိုက် ပါရစေ ဘီအိုတီစနစ်နဲ့ ဌားထားတဲ့ 

မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေကို ဝယ်ရင် အစိုးရဆီကနေ ဘီအိုတီ စနစ်နဲ့

ဌားထားတယ် တိုက်ခန်း ဆောက်တဲ့ ကုမ္ပဏီ ကိုယ်တိုင်က

အစိုးရဆီက ဌားထားရတော့ ဌားထားတဲ့ သက်တမ်း ပြည့်ရင်

ပြန်အပ်ရမှာပါ  Build Operate Transfer ဖြစ်တာကြောင့်

သက်တမ်းပြည့်ရင် အရှိအတိုင်း ပြန်အပ်ရမှာ ဖြစ်ပါတယ်

ကွန်ဒိုမီနီယမ် တိုက်ခန်း ဖြစ်လာရင် အခန်းဝယ်တဲ့ သူက

မြေကြီးပါ ရှယ်ယာ ပိုင်တဲ့သဘော ဖြစ်လာတယ်လို့ သိရပါတယ်

မြန်မာနိုင်ငံ ဆောက်လုပ် ရေးများအသင်း ဥက္ကဌ U Htay Thar က

ဘီအိုစီစနစ်က နှစ်၅၀ ဌားထားတယ် ထပ်တိုး Extension က

ဆယ်နှစ် + ဆယ်နှစ်နဲ့ နှစ်ပေါင်း  ၇၀ သက်တမ်း ပြီးရင်တော့ ပြီးပြီပေါ့

သက်တမ်း ထပ်တိုးပေးဖို့ ကတော့ အဲဒီအချိန်မှာ တိုင်းပြည်ကို

စီမံခန့်ခွဲ နေတဲ့ သူတွေရဲ့ အဆုံးအဖြတ် ပေါ်မှာ မူတည်ပါတယ် ။ 

 

သူက နှစ် ၇၀ လောက်ဆိုရင် အဆောက်အအုံရဲ့ သက်တမ်း ကကုန်ပြီ

အဲဒီ အဆောက်အအုံ ပေါ်မှာ နေထိုင်တဲ့သူတွေက ဘာပိုင်မလဲ ဆိုတာ

ကတော့ မပြောနိုင်ပါဘူး  ဝယ်တဲ့ သူတွေက နှစ် ၅၀ - ၇၀ လောက်

နေရရင် ကျေနပ်တယ် ဆိုရင် ဝယ်နိုင်တယ်

သက်တမ်း ကျန်သေး ရင်တောင် အဆောက်အအုံတွေက ပြင်ကြမှာဘဲ

အဲဒီ အချိန်ကျရင်တော့ ပိုင်ဆိုင်မူ ရူပ်ထွေး နိုင်တယ် ။ 

ဘိုးဘွားပိုင် မြေ ဂရန်မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေကို ဝယ်ရင်

ကွန်ဒို မီနီယမ် တိုက်ခန်း ဖြစ်လာရင် အခန်းဝယ်တဲ့ သူက မြေကြီးပါ

ရှယ်ယာပိုင်တဲ့ သဘောဖြစ် လာတာကြောင့် ဘိုးဘွား ပိုင်မြေနဲ့

ဂရန် မြေပေါ်မှာ ဆောက်ရင် အဲဒီ မြေကြီးပါ ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်

ဂရန်သက်တမ်း ကုန်သွားရင်လဲ အစိုးရဆီမှာ သက်တမ်း ထပ်တိုးနိုင်မှာ

ဖြစ်ပါတယ် ။ တချို့  ဆောက်လုပ်ရေး ကုမ္ပဏီတွေက ဘယ်ဥပဒေကို မဆို 

လိုက်နာပါမည် ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ် ချုပ်ပေးတယ် 

အဲဒီလိုမျိုး ဝယ်ရင်တော့ ဝယ်တဲ့သူတွေ မနစ်နာနိုင်ဘူးလို့ သိရပါတယ် ။

 

crd:ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate