တိုက်ခန်း ဝယ်တော့ မယ်ဆိုရင် တောင်းယူ ရမည့် စာရွက် စာတမ်းများ

တိုက်ခန်း ဝယ်တော့ မယ်ဆိုရင် တောင်းယူရမည့် စာရွက် စာတမ်းများ တိုက်ခန်း ဝယ်တော့ မယ်ဆိုရင်. တိုက်ခန်း အရောင်း အဝယ် လုပ်တဲ့အခါ ဝယ်ယူသူတွေ အနေနဲ့ ပိုပြီး ခိုင်မာ မှုရှိအောင် တောင်းယူရမယ့် စာရွက် စာတမ်း တချို့ကို မဖြစ်မနေ တောင်းယူသင့်ပါတယ် ။အရောင်း အဝယ် လုပ်တဲ့အခါ ရောင်းသူနဲ့ ပွဲစားတွေရဲ့ ပြောစကားတွေ ကိုသာ ဝယ်သူတွေက ယုံကြည် ကြရပါတယ် ။ ဒါကြောင့် အရောင်း အဝယ် လုပ်တဲ့အခါ ပိုပြီး စိတ်ချ နိုင်အောင် လုပ်သင့်တာတွေ ရှိပါတယ် ။ စရန်ပေးရင် ပိုင်ဆိုင်မှု မိတ္တူ တောင်းပါ ။ ဝယ်ယူ သူတွေ အနေနဲ့ တိုက်ခန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ မှန်ကန်အောင် ပြည့်စုံအောင် သေချာ မသိကြဘူး ။ ဈေးတန်ရင် ဈေးဆစ်ဝယ် ကြတာပါပဲ ။ ကိုယ်ဝယ်မယ့် တိုက်ခန်းစာရွက် စာတမ်း တွေကလည်း စရန်မြေပေး စာချုပ်ချုပ်တော့မှ ထုတ်ပြ ကြတာပါ ။ တစ်ခါတရံ ရောင်းသူတွေက ကျန်ငွေချေတဲ့ အခါမှသာ မူရင်းပေးမယ်လို့ ပြောတတ် ကြပြီး ဒါတွေကို သတိထား သင့်ပါတယ် ။ စာရွက် စာတမ်း ကျွမ်းကျင်သူ ဝယ်သူ တော်တော် များများက စရန်ပေး စာချုပ်ချုပ် တဲ့အခါ ရှေ့နေခေါ်ဖို့ မလိုဘူးထင်ပြီး ပွဲစားတွေ ယူလာတဲ့ အိမ် ခြံ မြေ အရောင်း အဝယ် စာချုပ်တွေ တိုက်ခန်း အရောင်း အဝယ် စာချုပ်တွေနဲ့ပဲ စရန်ငွေပေးပြီး စလွယ် လုပ်တတ်ကြပါတယ် ။
ဒါကြောင့် ဝယ်တဲ့အခါ ခိုင်မာအောင် စာရွက်စာတမ်း ကျွမ်းကျင်သူတွေကို ခေါ်ယူသင့် ပါတယ် ။ ရောင်းသူထံက တောင်းယူမယ့် စာရွက် စာတမ်း ကန်ထရိုက်ထံက တိုက်ခန်း တိုက်ရိုက် ဝယ်ယူတဲ့အခါ မြေရှင်နဲ့ ကန်ထရိုက်တို့ အခန်းအပေးအယူ သဘောတူစာချုပ်ချုပ်ထားတဲ့ ကတိစာချုပ် ( မိတ္တူ ) ၊ ရောင်းသူနဲ့ ကျန် ကန်ထရိုက်တာ နှစ်ဦး အခန်းခွဲဝေတဲ့ သဘောတူ စာချုပ် ( မူရင်း ) ၊ BCC လူနေထိုင်ခွင့် လက်မှတ် ( မိတ္တူ ) တွေကို ရောင်းသူထံက တောင်းယူဖို့ လိုအပ်ပါတယ် ။ ပြီးမှ ရောင်းသူထံက မှတ်ပုံတင်မိတ္တူနဲ့ အိမ်ထောင်စု စာရင်းမိတ္တူ တောင်းယူ သင့်ပါတယ် ။ မြေရှင် လက်မှတ်ယူပါ ။ တိုက်ခန်း အရောင်း အဝယ် စာချုပ်ပြီး အခွန်မဆောင်ရင်တော့ မိမိဝယ်တဲ့ တိုက်ခန်းနဲ့ မြေရှင် လက်မှတ် ယူသင့်ပါတယ် ။ အရင်ဆုံး မြေရှင် လက်မှတ် ထိုးခအဖြစ် မြေနဲ့ အိမ်တန်ဖိုး ပေါ်မူတည်ပြီး တစ်ရာခိုင်နှုန်း ပေးရပါတယ် ။ မြေရှင်လက်မှတ် ထိုးပေးတဲ့အတွက် အရောင်းအဝယ် ကောင်းစွာ ပြုလုပ် နိုင်ပါတယ် ။
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...