ဆရာ ဂရန်အသစ် လျှောက်ရင် ဘာလိုမလဲ ဂရန်သက်တမ်း တိုးရင် ဘာလိုမလဲ ဂရန် ခွဲစိတ်ချင်ရင် ဘာလိုမလဲ ။ အမည်ပေါက် ပြောင်းရင် ဘာလိုမလဲ
ဂရန်သစ် လျှောက်လျှင် ဘာတွေလိုလဲ
( 1 ) နိုင်ငံသား စီစစ်ရေး ကတ်ပြား
( 2 ) ပါမစ် ( သို့ ) လိုင်စင်မြေ
( 3 ) မှတ်ပုံတင် စာချုပ် စာတမ်း ( စကွာတာမြေ )
( 4 ) နောက်ဆုံး ပေးဆောင် ထားသည့် မြေခွန်ပြေစာ
( မူရင်း ) တို့နှင့်အတူ ဋ္ဌာနမှ သတ်မှတ်ပုံစံတွင်
ဖြည့်စွက် လျှောက်ထားရမည် ။
စီစစ် / လက်ခံခြင်း
အထောက်အထား မိတ္တူများကို မူရင်းနှင့် တိုက်ဆိုင်
စီစစ်ပါသည် ။ တင်ပြသည့် အထောက်အထား
များနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှု
ရှိပါက မြို့နယ်ထွေ / အုပ် ဦးစီး အုပ်ချုပ်ရေး မှုးရုံးနှင့်
ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးများတွင် ( ၁၄ ) ရက်မတွင်း
ကန့်ကွက်ရန် ရှိ / မရှိ ကြော်ငြာ နိုင်ပါသည် ။
အမည်ပေါက် မဟုတ်ပါက ၁၄ရက်အတွင်း ကန့်ကွက်ရန်
ရှိ / မရှိ ကြော်ငြာ နိုင်သည် ။
ဂရန်သစ် ထုတ်ပေးခြင်း
ကန့်ကွက်မှု တစုံတရာ မရှိပါက ဋ္ဌာနမှ ခွင့်ပြုပေးပြီး
သတ်မှတ် ဝန်ဆောင်ခများ ပေးသွင်း ရပါမည် ။
ပါမစ် ( သို့ ) လိုင်စင် မူရင်းကို ဋ္ဌာနသို့ အပ်နှံရပါမည် ။
ဋ္ဌာနမှုးနှင့် လျှောက်ထား သူတို့သည် နှစ်ဖက် သက်သေ
( ၁ ) ဦးစီဖြင့် မြေငှားစာချုပ် ပေါ်တွင် လက်မှတ်
ရေးထိုး၍ မြေငှားစာချုပ် ( ဂရန် ) ထုတ်ပေးပါသည် ။
ဒါတွေ သင်လုပ်ရမည်
လျှောက်ထား သူသည် ရရှိသည့် မြေငှားစာချုပ် ( ဂရန် ) တွင်
အခွန်ရုံးမှ မြန်မာ နိုင်ငံ တံဆိပ်ခေါင်း အခွန်ဥပဒေအရ
သတ်မှတ်နှုန်း အတိုင်း အထူးကပ် တံဆိပ်ခေါင်း သွားရောက်
ကပ်ရပါမည် ။ မြေငှား စာချုပ် ( ဂရန် ) ထုတ်ပေးခံရသူ
အမည်ဖြင့် ၃လတစ်ကြိမ် ၊ ၁နှစ် ( ၄ )ကြိမ် စည်းကြပ်သော
မြေငှားခ ( မြေခွန် ) ပေးဆောင်ရမည် ။ သတ်မှတ် သက်တမ်း
ကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ် သက်တမ်းတိုး
လျှောက်ထား ရမည် ။ မြေငှားစာချုပ် ( ဂရန် ) ပျောက်ဆုံး
/ ပျက်စီးလျှင် မြေငှားဂရန် စာချုပ်မူရင်း ပျောက်ဆုံးလျှင်
သော်လည်းကောင်း ၊ ပျက်စီးလျှင် သော်လည်းကောင်း
မြေငှားဂရန် စာချုပ်မိတ္တူ လျှောက်ထား နိုင်ပါသည် ။
ထို့သို့ လျှောက်ထား လာပါက မူလ
အမည်ပေါက်ဖြင့် ပင်မြေငှားစာချုပ် ( ဂရန် ) မိတ္တူမှန်
ထုတ်ပေးပါမည် ။ နိုင်ငံသား စီစစ်ရေး ကတ်ပြား ၊ မြေငှား
ဂရန်စာချုပ် အမှန်တကယ် ပျောက်ဆုံး ပျက်စီးကြောင်း
တရားရုံး ကျမ်းကျိမ်လွှာ ၊ ပျောက်ဆုံး ခြင်းကြောင့်
ဖြစ်ပါက မြို့နယ်ထွေ / အုပ် ဦးစီး အုပ်ချုပ်ရေးမှုးရုံး
ထောက်ခံချက် ၊ ရဲစခန်းသို့တိုင်ကြားချက် ၊ မှတ်ပုံတင်
စာချုပ်စာတမ်း ( သို့မဟုတ် ) တရားရုံး စီရင်ချက်နှင့်
ဒီဂရီအရ လျှောက်ထားခြင်း ဖြစ်လျှင် ယင်း အထောက်
အထားများ ၊ နောက်ဆုံး ပေးဆောင် ထားသည့်
မြေခွန်ပြေစာ ( မူရင်း ) တို့နှင့်အတူ ဋ္ဌာနမှ သတ်မှတ်
ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည် ။
စီစစ် ထုတ်ပေးခြင်း
- ဋ္ဌာနမှ ကွင်းဆင်း စစ်ဆေးခြင်း
- မြို့နယ်ထွေ / အုပ် ဦးစီးဋ္ဌာန အုပ်ချုပ်ရေးမှုးရုံးနှင့်
ရပ်ကွက် အုပ်ချုပ် ရေးမှုးရုံးများတွင် ( ၁၄ )ရက်
အတွင်း - ကန့်ကွက် နိုင်ကြောင်း ကြေငြာခြင်းနှင့်
သတင်းစာများတွင် သီးခြားကြေငြာခြင်း တို့ကို
ပြုလုပ်ပါသည် ။
- ကန့်ကွက်သူ မရှိ ၊ တရားရုံးအမှု အခင်းများ ကင်းရှင်းပြီး
မြေပြင်တွင် ပြဿနာတစ်စုံ တရာမရှိပါက ဂရန်သစ်ထုတ်
ပေးစဉ် သကဲ့သို့ပင် -သတ်မှတ်ဝန် ဆောင်ခ ပေးသွင်း
စေပြီး မြေငှားဂရန် မိတ္တူ ထုတ်ပေး ပါသည် ။
-မြေငှား ဂရန်စာချုပ် အမှန်တကယ် ပျောက်ဆုံး
ပျက်စီးကြောင်း တရားရုံးကျမ်းကျိမ်လွှာ
ဂရန်မိတ္တူ တွင် အခွန်တံဆိပ် ခေါင်းကပ်ရန် မလိုပါ ။
မြေငှားစာချုပ် ( ဂရန် ) သက်တမ်းတိုးခြင်း
- သတ်မှတ် သက်တမ်း ကာလ ကုန်ဆုံးသောအခါ
သက်တမ်းတိုး လျှောက်ထား ရမည် ။
- အမည်ပေါက်သူ ၊ မှတ်ပုံတင်စာချုပ် အဆင့်ဆင့်ဖြင့်
နောက်ဆုံး ပိုင်ဆိုင်သူ ၊ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍
တရားရုံး စီရင်ချက်နှင့် -ဒီဂရီ ရထားသူကသာ
လျှောက်ထား နိုင်သည် ။
-ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး
ကတ်ပြား ၊ သက်တမ်း ကုန်ဂရန်နှင့် အမည်ပေါက်
ပိုင်သူ မဟုတ်ပါက - ပိုင်ဆိုင်မှု စာချုပ် စာတမ်း ( သို့ )
တရားရုံး စီရင်ချက် ဒီဂရီနှင့် နောက်ဆုံး ပေးဆောင်
ထားသည့် မြေခွန်ပြေ စာမူရင်း တို့ဖြင့် လျှောက်ထား
ရမည် ။
- သက်တမ်း ကုန်ဆုံး သောအခါ ဂရန်အား ပြန်လည်
အပ်နှံ ရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံး နေပါက သတ်မှတ်
ဒဏ်ကြေးငွေ ပေးဆောင်ရမည် ။
မြေငှား ဂရန်စာချုပ် ခွဲစိတ်ပေးခြင်း
-သက်တမ်းရှိ မြေငှား စာချုပ်ကို ဂရန်ခွဲအဖြစ် ထုတ်ပေး
နိုင်ပါသည် ။
-ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား ၊
ပိုင်ဆိုင်မှု အထောက်အထား များနှင့်အတူ ဋ္ဌာနမှ ခွင့်ပြုထုတ်
ပေးထားသည့် - မြေကွက်ခွဲ အတည်ပြုပုံစံ နှင့်မြေကွက်
ခွဲစိတ် တိုင်းတာသည့် မြေပုံများ တင်ပြရမည် ။
-အမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာ
ကြေငြာခြင်း မပြုဘဲ အမည်ပေါက်သူမှ လျှောက်ထားခြင်း
မဟုတ်ပါက - သတင်းစာတွင် ( ၁၄ ) ရက်အချိန်ပေး
ကြေငြာပါသည် ။
- ကန့်ကွက်သူ မရှိပါက သတ်မှတ် ဝန်ဆောင်ခ ပေးသွင်း
စေပြီး မြေကွက် အမှတ်အသစ်ဖြင့် ဂရန်ခွဲ ထုတ်ပေးပြီး
မူလ မြေငှား စာချုပ်အား ပြန်လည် သိမ်းယူမည် ။
- မူလ မြေငှားစာချုပ် ( ဂရန် ) ၏ အစိတ်အပိုင်း ကိုသာ
ဂရန်ခွဲထုတ်ခြင်း ဖြစ်ပါက ထို့သို့ ဂရန်ခွဲထုတ် ကြောင်းကို
မူလ စာချုပ်ပေါ်တွင် ရေးမှတ် ပေးပါသည် ။ ဂရန်ခွဲထုတ်
ပေးသူအမည်ဖြင့် မြေခွန်စည်း ကြပ်နိုင်ရေး ဆောင်ရွက်
ပါသည် ။
အမည်ပေါက် ပြောင်းလဲ ပေးခြင်း
-မြေပိုင် မြေ ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင် မြေ ၊ ဂရန်ရှိ
မြေပိုင် မြေနှင့် သက်တမ်းရှိသော မြေငှား ဂရန်မြေ တို့ကို
မြေအမည်ပေါက် ပြောင်းလဲ မှတ်သား ပေးပါသည် ။
- ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး
ကတ်ပြား ၊ မြေပိုင် မြေဖြစ်ပါက အမည်ပေါက် စာချုပ် ၊
ဂရန်မြေ ဖြစ်ပါက မြေငှားဂရန် ၊ - နောက်ဆုံး ပေးဆောင်
ထားသည့် မြေခွန်ပြေစာ ၊ စာချုပ် အဆက်ဆက်ဖြင့်
ပိုင်ဆိုင်သူ ဖြစ်ပါက မြေငှား ဂရန် ၊ -နောက်ဆုံး ပေးဆောင်
ထားသည့် မြေခွန်ပြေစာ ၊ စာချုပ် အဆက်ဆက်ဖြင့်
ပိုင်ဆိုင်သူ ဖြစ်ပါက စာချုပ်သက်တမ်း ၊ -တရားရုံး
အမိန့်ရရှိ ထားသူ ဖြစ်ပါက ပိုင်ဆိုင်မှု နှင့်ပတ်သက်၍
စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထား ရမည် ။
-ဂရန်သစ် လျှောက်ထားစဉ် သကဲ့သို့ပင် စီစစ်ပြီး
ကန့်ကွက်သူ မရှိပါက သတ်မှတ် ဝန်ဆောင်ခ
ပေးသွင်းစေပြီး စာချုပ်မူရင်း - ( သို့မဟုတ် )
မြေငှားဂရန် မူရင်းတွင် အမည် ပြောင်းလဲခြင်း
မှတ်တမ်း ရေးဖြည့်၍ ပြည်လည် ထုတ်ပေးမည် ။
-ဂရန်မြေ ဖြစ်ပါက အမည်ပြောင်း၍ မြေခွန်
စည်းကြပ် နိုင်ရေး ဆက်လက် ဆောင်ရွက်ပါသည် ။
Credit ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...