အိမ်ရှင် အိမ်ငှား ကိစ္စ သိမှတ်ဖွယ်ရာ

အိမ်ရှင် အိမ်ငှား ကိစ္စ သိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

 

-  မြို့ပြဒေသ ( Uban Area ) နှင့် သက်ဆိုင်သော နေရာဒေသမှ 

   အိမ်ငှား ၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀ - ပြည့်နှစ် ငှားရမ်းခ 

   ကြီးကြပ်ရေး အက်ဥပဒေ နှင့် အကျုံးဝင် သက်ဆိုင်ပါသည် ။ 

   မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင် ငှားရမ်းခြင်း 

   ဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့် သက်ဆိုင်ပါသည် ။

 

-  သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက် ငှားရမ်းခြင်း

   တို့ကို အိမ်ရှင် နှင့် အိမ်ငှားတို့က အိမ်ငှား ပဋိညာဉ်စာချုပ်ကို 

   ချုပ်ဆို၍ ဆောင်ရွက် ကြပါသည် ။

 

- အင်္ဂလိပ် လ ၊ ရက်ဖြင့် ငှားရမ်းခြင်းလား သို့မဟုတ် 

   မြန်မာလ ၊ ရက်ဖြင့် ငှားရမ်းခြင်းလား အိမ်ငှား စာချုပ်တွင် 

   တိတိကျကျ ဖော်ပြချုပ်ဆိုရန် ဖြစ်ပါသည် ။

 

-  အင်္ဂလိပ်လ ( ၁ )ရက်နေ့မှ စတင်၍ လအလိုက် ငှားရမ်းခြင်း 

   ဖြစ်ပါက ( ၃၀ ) သို့မဟုတ် ( ၃၁ ) ရက်နေ့တွင် တစ်လဟု

   သတ်မှတ်ပါသည် ။  လကုန်ရက်မှာ ( ၃၀ ) ဖြစ်ပါက 

   ( ၃၀ ) ရက်နေ့ကို တစ်လဟု သတ်မှတ်ပါသည် ။

 

-  အိမ်ငှား သေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏ တရားဝင် 

   ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက ( By Operation of law ) 

   အသိအမှတ် ပြုသည် ။

 

-   အိမ်ငှား သေဆုံးသွားပါက အိမ်ငှားနှင့် အတူနေသော 

    အမွေစား ၊ အမွေခံတို့သည် ဥပဒေအရ တရားဝင် 

    အိမ်ငှား ဖြစ်သွားပါသည် ။

 

-   ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၅ တွင် 

    “ A lease of immoveable property is

      the tranfer of the right to enjoy ” ဟု 

      ဖွင့်ဆို ထားပါသည် ။

 

-   မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စဲ ( terminate ) လိုပါက 

    အိမ်ငှားထံ ရက်သတ္တပတ် ( ၃ ) ပတ် ကုန်ဆုံးပြီးနောက် 

     ဖယ်ရှားပေးရန် နို့တစ်စာ ပေးရမည် ။ ငှားရမ်းသည့် 

     လကုန်ဆုံးသည့် နေ့ရက်နှင့်လည်း ကိုက်ညီမှု ရှိရန် လိုပါသည် ။

     မြို့ပြဒေသ မဟုတ်သော နေရာဒေသ အတွက် ပစ္စည်းလွှဲပြောင်းခြင်း

     အက်ဥပဒေပုဒ်မ ၁၀၆ အရ ( ၁၅ ) ရက် ကုန်ဆုံးပြီးနောက်

     ဖယ်ရှားပေးရန် နို့တစ်စာ ပေးရပါမည် ။

 

-  အိမ်ရှင် ရရန်ရှိသော ငှားရမ်းခများ အနက် ( ၃ ) နှစ် 

    ကျော်လွန်သော ငှားရမ်းခများကို တောင်းဆိုရန် 

    ကာလစည်းကမ်းသတ် ဥပဒေအရ ဆုံးရှုံးသွားပြီး 

    ဖြစ်၍ တောင်းခံနိုင်ခွင့် ရှိမည် မဟုတ်ပါ ။

 

- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်း

   ပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါသည် ။ အိမ်မီးလောင်  

   သွားသော်လည်း အိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို

   စွန့်လွှတ်ခြင်း မရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေကို  

   ပြန်လည် ချထားပေးရာတွင် နေထိုင် ခွင့်ပြုမည် ဖြစ်ပါသည် ။ 

   အိမ်ရှင်က မီးလောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး 

    အိမ်ငှားအား  လက်မဲ့ ဖြစ်စေရန် ဆောင်ရွက်နိုင်ခွင့် မရှိပါ ။

 

-  အိမ်ကို ပြန်လည် ဆောက်လုပ်ရန် အကြောင်းပြချက် ပေးပြီး

   အိမ်ငှားက ဖယ်ရှားပေးရန် တရားရုံးက ဒီကရီ ချမှတ်ပေးသည့်

   အမှုတွင် အိမ်ကို တရားရုံးက သတ်မှတ်ပေးသည့် ကာလအတွင်း 

   အိမ်သစ်ကို အိမ်ရှင်က အပြီး ဆောက်လုပ်ရပါမည် ။ 

   အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအား 

   ပြန်တင်ပေးရပါမည် ။ အိမ်ငှားအား ပြန်မတင်ပါက

   တရားရုံးက ဒီကရီအရ မလွှဲမသွေ ပြန်လည် ဝင်ရောက် 

   နေထိုင်ခွင့် ပြုရမည့် အပြင် ခံဝန်ချုပ်ပယ်ဖျက်မှု အရ 

    ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်စေရမည်ဟု 

    အမိန့်ချမှတ် ရပါမည် ။ ( ပုဒ်မ ၁၂ ( ၁ ) ( ဂ ) ကို ကြည့်ပါ )

 

-  အိမ်ရှင် အိမ်ငှား စာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု 

   အတိအလင်း ပါရှိသည့် ကိစ္စတွင် အိမ်ငှားသည် တစ်ဆင့်ခံ အိမ်ငှား   

  ( Sub – tenant ) ချထားပါက အိမ်ရှင်သည် အိမ်ငှား အပေါ်  

   အိမ်ငှား စာချုပ်ပါ စည်းကမ်းချက် ဖောက်ဖျက်မှု အရ 

   အိမ်နှင်လိုမှု စွဲဆိုနိုင်ခွင့် ရှိပါသည် ။ 

   ( ပုဒ်မ ၁၂ ( ၁ ) ( က ) ဒုတိယပိုင်းကို ကြည့်ပါ )

 

-  အိမ်ငှားအပေါ် ငှားရမ်းသည့် နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင်

   တစ်ဆင့်ခံ အိမ်ငှားအား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရန် 

   လိုအပ်မည် မဟုတ်ပါ ။ အကြောင်းမှာ တရားရှုံး အိမ်ငှားကို 

    အကြောင်းပြုပြီး နေထိုင်သူ အားလုံး ( မိသားစု အပါအဝင် ) 

    ဒီကရီတွင်  အကျုံးဝင်မည် ( bound by the decree ) ဖြစ်၍

    ဖယ်ရှားနိုင်မည် ဖြစ်ပါသည် ။

 

-  ကြွေးကျန် အိမ်ငှားခများ ရလိုမှု အရ အိမ်ငှားအပေါ်စွဲဆိုသည့်

  အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခ ကြွေးကျန်များ      

  ကို အမှုအတွင်း ဖြစ်စေ ၊ တရားရုံးက သတ်မှတ်ပေးသည့်

  ကာလအတွင်း အပြေအကျေ ပေးသွင်းပါက အိမ်ငှားရမ်းအား

   ဖယ်ရှားခြင်း မပြုနိုင်ပါ ။

 

-  ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး 

   အက်ဥပဒေပုဒ်မ ၁၅ ( ၁ ) အရ ဒီကရီအရ အိမ်ငှားက 

  ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျ ပေးဆောင်ခြင်း 

  ပြုရန် တရားရုံးတွင် လျှောက်ထားနိုင်ခွင့် ရှိပါသည် ။ 

  တရားရုံးကလည်း အရစ် သတ်မှတ်ပေးပြီး ပေးသွင်းရမည်ဟု 

  အမိန့် ချမှတ်နိုင်ခွင့် ရှိပါသည် ။ တရားရုံးက အရစ်ကျ ပေးဆပ်ရန်

  သတ်မှတ်ပေးသည့် အမိန့်ကို အိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှ 

  ဖယ်ရှားပေးရန် တရားရုံးက ဆောင်ရွက်ပေးရပါမည် ။

 

- အိမ်ရှင် အိမ်ငှား အမှုတွင် တရားရုံး အဆင့်ဆင့်၌ အိမ်ငှား

  အမှုရှုံးနိမ့်ခဲ့ပြီးနောက် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ 

  ပုဒ်မ ၁၃ ( ၁ ) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ်

  အသိအမှတ်ပြု၍ ယင်းဥပစာတွင် ဆက်လက် နေထိုင်ခွင့်ပြုရန်

  လျှောက်ထား လာပါက ငှားရမ်းခ ကြီးကြပ်ရေးဝန်က တရားရှုံး

  အိမ်ငှားအား အချင်းဖြစ် အိမ်ခန်းတွင် ဆက်လက် နေထိုင်ခွင့် ပြုပါက

   ဥပဒေနှင့် ညီညွတ်သော အမိန့် ဖြစ်မည် မဟုတ်ပါ ။ အကြောင်းမှာ 

   ပုဒ်မ ၁၃ ( ၁ ) တွင် “ အိမ်ငှား မဟုတ်စေကာမူ ” ဆိုသည့် စကားရပ်တွင်  

   အိမ်ငှား မပါဝင်ကြောင်း ယခင် နိုင်ငံတော်ကောင်စီက အဓိပ္ပာယ်  

    ဖွင့်ဆိုခဲ့ပြီး ဖြစ်ပါသည် ။

 

- ငှားရမ်းခြင်း သက်တမ်းကုန်ဆုံးပြီးနောက် အိမ်ငှားက ဖယ်ရှားမပေးဘဲ 

  ဆက်လက် နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ ။

  အချို့အမှုတွင် ငှားရမ်းခြင်း ကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှား 

  မပေးသဖြင့် နှစ်ဘက် ညှိနှိုင်းရာ ( ၆ )လ သို့မဟုတ် ( ၁ ) နှစ်        

  အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုသည့် ကတိစာချုပ်ကို ချုပ်ဆိုသည့်

 တိုင်အောင် အိမ်ငှားဟု ဆိုရပါမည် ။ ထိုသို့ ( ၆ )လ ၊ ( ၁ ) နှစ်            

 အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုသည့် ကတိစာချုပ်ကို ချုပ်ဆိုသည့် 

 တိုင်အောင် အိမ်ငှားဟု ဆိုရပါမည် ။ ထိုသို့ ( ၆ ) လ ၊ ( ၁ ) နှစ်            

  အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုပြီးနောက် အိမ်ငှားက ဖယ်ရှား 

  မပေးပါက အခွင့်အမိန့်ဖြင့် ဖယ်ရှားပေးစေလိုမှု မစွဲဆိုနိုင်ပါ ။ 

  အိမ်ရှင် အိမ်ငှား ဥပဒေအရ အိမ်ငှားအား ဖယ်ရှားပေးစေလိုမှုသာ 

  စွဲဆိုလျှင် form of suit မှန်ကန်ပေမည် ။

 

    Credit ( အညွှန်း -  ဦးဗကြိုင် ( B.A , B.L ) ၊ လူတိုင်းအတွက် တရားမမှုဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ စာ ၁)

 

    Credit (  ဥပဒေရေးရာ )

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate