အကြောင်းကြား နို့တစ်စာ

15-Aug-21 အခြား
အကြောင်းကြား နို့တစ်စာ

       တရားမမှုများ စွဲဆိုရာတွင် တချို့အမှုများမှာ အကြောင်းကြား 

နို့တစ်စာ ရေးရန် မလိုသော်လည်း တချို့ အမှုများမှာ နို့တစ်မပေးက 

တရားစွဲ၍မရပေ ။ တရားမကျင့်ထုံး ဥပဒေ ပုဒ်မ ၈၀ အရ အစိုးရ 

အပေါ်ဖြစ်စေ တာဝန်အရ ဆောင်ရွက်သည့် အစိုးရ အရာရှိ အပေါ်

တွင် ဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုရန် ရှိလျှင် လည်းကောင်း 

အိမ်ရှင် အိမ်ငှား နှင်လိုမှုများတွင် ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေ

ပုဒ်မ ၁၀၆ ၊ ၁၁၁ ၊ ၁၁၃ နှင့် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်

ဥပဒေ ပုဒ်မ ၁၂ ၊ ၂ ၊ ( က ) အရ နို့တစ် ပေးရန် ပြဋ္ဌာန်း ထားပါသည် ။ 

 

     အစိုးရ ( သို့မဟုတ် ) တာ ဝန် အရ ဆောင်ရွက်သည့် အစိုးရ အရာရှိ 

အပေါ်နို့်တစ်စာ ပေး၍ ၂ လ ပြည့်ပြီးမှာ တရားစွဲရန်နှင့် အိမ်ငှားနှင့် လိုမှု

ဖြစ်က ( ၁၅ ) ရက်ကြိုတင်၍ အိမ်ငှား လက်ဝယ် ရောက်ဖို့ လိုပါသည်။ 

ထိုသို့မရောက်ပါက နို့တစ်စာမှ ဥပဒေနှင့် မညီညွှတ်သဖြင့် အမှုတစ်ခုလုံး 

ပျက်ပြယ် ပါသည် ။ သို့ဖြစ်ရာ အမှုအလိုက် စည်းကမ်းချက်နှင့် အညီ 

နို့တစ် ပေးဖို့ လိုပါသည် ။ သက်ဆိုင်ရာ ဥပဒေကိုလည်း ကျေညက် စွာ 

လေ့လာထား ရပါမည် ။ မြင်းကို သံခွာ မရိုက်မိ သည်နှင့် စစ်ပွဲကြီး တစ်ခု

လုံး ရှုံးရဘိ သကဲ့သို့ မှားယွင်းစွာ နို့တစ်ပေး မိသည့်အတွက် တရားမမှုကြီး 

တစ်ခုလုံး ရှုံးနိမ့် နိုင်သဖြင့် သတိကြီးစွာ ဆောင်ရွက်ဖို့ လိုပါသည် ။

နောက်ထပ် သတိပြုရမည့် အချက်မှာ မိမိ ပေးပို့သည့် နို့တစ်စာအတည် 

ဖြစ်ရန်အတွက် စာတိုက်မှ မှတ်ပုံတင်၍ ပေးပို့ရပါမည် ။ နို့တစ် အတည်

မဖြစ်က တရာစွဲဆိုရန် အကြောင်း ပေါ်ပေါက်ခြင်း မရှိသဖြင့် အမှုပလခြင်း 

ခံရပါမည် ။ 

 

    အချို့ က တရားမမှုအစ နို့တစ်က ဟု ဆိုစမှတ် ပြုကြ ပါသည် ။ မှန်ပေ

သည် ။ တရားမမှု စွဲဆိုတော့မည် ဆိုလျှင် ရှေးဦးစွာ တစ်ဖက်လူ ( တရား

ပြိုင် ) အားနို့တစ် ပေး၍ အသိပေး အကြောင်းကြား ရပါသည် ။ အပေးခံ

ရသူက နို့ တစ်ကို ပြန်ကြား လျှင်လည်း ရသည် ။ မပြန်ကြားဘဲ နေလျှင်

လည်း ရပါသည် ။ နို့တစ်ကို မလွဲမသွေ ပြန်ကြားရ မည်ဟု ဥပဒေ ပြဋ္ဌာန်း

ချက် မရှိပါ ။ နို့်တစ်ပေးသူ အနေဖြင့် နို့တစ်ကို မပြန်ကြားက တောင်းဆို

သည့် ကိစ္စအပေါ် ( သက်သာခွင့် ) မလိုက်နာဟု မှတ်ယူပြီး တရားစွဲဆိုရန် 

ဆက်လက် ဆောင်ရွက် ကြပါသည် ။

 

( ဦးမြင့်လွင် - တရားလွှတ်တော် ရှေ့နေ ၊ တရားမ နို့တစ် ၁၀၀ ၊ 

စာရေးသူ၏ အမှာစာ ) ။ ဓာတ်ပုံ - အင်တာနက် ။ 

 

Credit#DVBlawlab

 

 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate