အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက် မေးခွင့်ပြုပါခင်ဗျာ။
အိမ်ရှင်နှင့် အိမ်ဌား ကိစ္စအတွက်
မေးခွင့်ပြုပါခင်ဗျာ။
၁။ အိမ်ရှင်အနေဖြင့် အိမ်ဌားတဦးအား
၃လ၊ ၆လ၊ ၁နှစ် အဌါးစာချုပ်ဖြင့်
၇ နှစ်ဆက်တိုက်ဌားရမ်းထားမိပါက
ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း
ဆင်းခိုင်း၍မရတော့ခြင်းစသည့် ဥပဒေအရ
တနည်းနည်းဖြင့် အကြပ်ကိုင် ခံရနိင်ပါသလား?
၂။ သိုမဟုတ် ဘယ်နှနှစ်ဆက်တိုက်
အိမ်ဌားတဦးတည်းအား အဌားစာချုပ်ဖြင့်
ဌားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး
ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ?
၃။ ထိုသို့ပြသနာများမဖြစ်ပေါ်စေရန်
အိမ်ရှင်အနေဖြင့် မည်သို့သောအကာအကွယ်ကို
ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ?
ကျေးဇူးပြု၍ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။
အရပ်စကားအရ...အိမ်ငှားထားရင် ကိုယ့်အိမ်မှာ
နှစ်ရှည်အငှားမထားနဲ့ နှင်လို့မရဖြစ်သွားမှာ
စိုးရိမ်တယ်။ တချို့ကနှစ်ကြာသွားရင်
အိမ်ပိုင်သွားတယ်.. အဲလိုတွေ စိတ်ပူတတ်ကြပါတယ်။
�အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ထားတဲ့သူက
ဘယ်နှနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားထား
အိမ်ငှားက အိမ်ငှားပါပဲ အိမ်ပိုင် ဖြစ်လာစရာ
အကြောင်းမရှိပါဘူး။
ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း
သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား
ဆယ်နှစ်ငှားငှားအနှစ် နှစ်ဆယ်ငှားငှား ၊
အိမ်ငှားကအိမ်ပိုင်ရှင် ဖြစ်မလာနိုင်ပါဘူး။
�ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု
ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိပါတယ်။
ဥပမာ ခွင့်ပြုချက်နဲ့ထားတယ် ။
အဲဒီခွင့်ပြုချက်နဲ့ထားတဲ့သူကိုဖယ်ချင်ပြီဆိုရင်
ဦးလေးရေ ဖယ်ပေးပါလို့ ပြောလိုက်လို့
အေးဆေးဖယ်ပေးလို့ရှိရင် ပြဿနာမရှိပါဘူး။
အကယ်၍ မဖယ်ပေးဘူးဆိုရင် နို့တစ်စာ
ထုတ်ရပါတယ်။
�နို့တစ်စာ ထုတ်တယ်ဆိုတာကတော့
ခွင့်ပြုချက်နဲ့နေထိုင်ခွင့်ပြုထားတဲ့ဟာကို
ရပ်စဲလိုက်ပါပြီလို့ ဆိုလိုတာပါ။
အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်
နဲ့ရပ်စဲပြီးပြီးဆိုမှသာ တရားစွဲလို့ရတာပါ။
ခွင့်ပြုချက်ကို မရုပ်သိမ်းပဲ နို့တစ်စာမပေးပဲနဲ့
တရားစွဲဆိုလို့မရဘူး။
တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်။
ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲတဲ့အချိန်
ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။
အဲ့ဒီလိုမစွဲဖြစ်ဘူး ဖြစ်သွားရင်
ကာလစည်းကမ်းသတ် ဥပဒေ
ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ
အမှုကစွဲရမယ်။
မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့်
ကာလစည်းကမ်းသတ် ဥပဒေကိုတော့
လူတိုင်းသိသင့်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေက....ခွင့်ပြုချက်နဲ့ထားတာကို
ရပ်စဲလိုက်ပြီး အိမ်ငှားကမဆင်းပေးဘူးဆိုရင်
၆နှစ်အတွင်း တရားစွဲလို့ရပါတယ်။
၆ နှစ်ကျော်သွားပြီးဆိုရင်တော့ ခွင့်ပြုချက်နဲ့ထားတဲ့သူကို
နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒ
ါက သတိထားရမဲ့ အချက်ပါ။
အဲလိုပဲ အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။
သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊
အိမ်ပိုင်မဖြစ်လာနိုင် ဘူး။သို့သော်
အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိိုရင်...
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေနဲ့အညီ နို့တစ်စာ
ပေးရတာပေါ့ ။ ဘယ်နေ့၊ ဘယ်ရက်မှာတော့
ဆင်းပေးပါ တော့ဆိုတာ ဒီနို့တစ်စာမှာ ပါရပါမည်။
ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ မှာ
နောက်ဆုံးထားပြီး အိမ်ကို ပိုင်ရှင်ထံသို့
လက်ရောက်ပေးအပ်ပါတော့.. ဆိုပြီး
နို့တစ်စာ ထုတ်ရပါတယ်။
နောက်တနည်းကတော့ အိမ်ငှားစာချုပ်ထဲမှာ
ချုပ်ဆိုထားတဲ့အတိုင်း ငှားရမ်းခြင်းမပြည့်မီ
(၁)လကြိုတင် အကြောင်းကြားပေးရပါမယ်။
ဒါက ဥပဒေနှင့်အညီ အိမ်ငှားကို နေအိမ်မှ
ဖယ်ရှားခိုင်းခြင်းဖြစ်ပါတယ်။
နို့တစ်စာထုတ်သည်ဖြစ်စေ၊ အကြောင်းကြားသည်
ဖြစ်စေ ပိုင်ရှင်မှ ငှားရမ်းခဖြတ်တောက်ပြီး
ကြည်ကြည်ဖြူဖြူ မဆင်းပေးရင်
တရားစွဲရလို့ရပါတယ်လေ။ အဲ့ဒီလို တရားမစွဲပဲ
နေပါစေ နောက်မှ ပြောမရတဲ့အဆုံးမှ တရားစွဲတဲ့အခါ
အချိန်လွန်သွားမှ ဆိုရင် အမှုရှုံးနိုင်ကြောင်း
ကာလစည်းကမ်းသတ်ဥပဒေမှာ ဖော်ပြထားတယ်။
ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း ပိုင်ရှင်က
တရားစွဲရတာပါ။ ၁၂နှစ်အတွင်းမှ မစွဲရင်
အဲဒီအိမ်ငှားကို နောက်ပိုင်း တရားစွဲပြီး
နှင်ထုတ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။
အဲ့ဒီမှာသတိပြုဖို့ကတော့ - ဥပမာ မစွဲဖြစ်ဘူး
ဆိုပါတော့ နို့တစ်ထုတ်လိုက်တယ်၊တရားမစွဲဖြစ်ဘူးဆိုရင်
အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။
�တရားဝင်ပြန်ရုပ်သိမ်းထားရတာပါနော်။ ဒါဆိုရင်
ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။
သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့
ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံးဝင်သွားလို့ ခွင့်ပြုချက်နဲ့
ထားတဲ့သူဆိုရင် ၆နှစ်အတွင်းတရားစွဲ ၊ မ
စွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။
အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင်
၁၂နှစ်အတွင်း တရားစွဲရင် စွဲ နို့တစ်ပေးပြီး
ဖြတ်တောက်ပြီးပြီးဆိုရင် တရားစွဲရင်စွဲ၊မစွဲဖြစ်ရင်လဲ
ပြန်ရုပ်သိမ်းလိုက်ပါ ။ မရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ်
ကျော်ရင် တရားစွဲနှင်လို့မရတော့ပါဘူး။
နှင်လို့မရဘူးလို့ပြောတာနော် အိမ်ပိုင်သွားတာတော့မဟုတ်ပါ
နှစ်ရှည်ငှားတဲ့သူများအတွက် သတိပြုစေလိုပါတယ်။
အကယ်၍ နှစ်ရှည်ငှားမယ်ဆိုရင်
မှတ်ပုံတင်ရုံးမှာ register တင်ထားပြီး
ငှားရင်တော့ ပိုစိတ်ချရပါမယ်။
Credit- ဥပဒေရေးရာ
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...