အိမ်ရှင် နှင့် အိမ်ငှား
“ ကျွန်မ အိမ်ကနေ အိမ်လခ မပေးပဲ နေခိုင်းထားတာ ဘယ်လောက်လောက် တောင်ကြာနေပြီလဲ
ကျွန်မက တစ်လအတွင်း ဆင်းပေးဖို့ တောင်းဆို ခဲ့တာကို ရှင်တို့က ဆင်းမပေး တဲ့အပြင် ဟက်ကော့ကြီး နေပြီး ကျွန်မကို ကြည့်နေလိုက် ကြသေးတယ် ပေါ့လေ ”
အခု လိုမျိုး စိတ်ဆိုး မာန်ဆိုးနဲ့ ရွတ်ရင်း ဒေါ်ခင်လှ တစ်ယောက် သူ့အမေ အမည်ပေါက် အိမ်သို့ သွားကာ
ထို အိမ်မှာ နေထိုင်နေကြ ကုန်သော ဒေါ်စောထွေး တို့ မိသားစုအား ထိုအိမ်မှ ဆင်းပေးရန် နှင်ချ ပါတယ် ။
ဒေါ်စောထွေး ဆိုသူက လည်း
“ ဒီအိမ်မှာ နေလာတာ နှစ်တွေလည်း အတော် ပေါက်နေပြီ ဒီအိမ်ကနေ လုံးဝဆင်း မပေးနိုင် ပါဘူး ” လို့
ဆိုပါတယ် ။ အဲဒီ အခါမှာ ဒေါ်ခင် လှက
“ အဲဒါ ဆိုရင်လည်း ရှင် နဲ့ ကျွန်မ တရားရုံမှာ တရားရင်ဆိုင်ဖို့ အသင့်ပြင် ထားပေတော့ ” ဟူ၍ စိတ်ဆိုးမာန် ဆိုး နှင့် ပြောပြီး ထွက်ခွာသွား ပါတယ် ။
ထို့ နောက် အိမ်ရှင် ဖြစ်တဲ့ ဒေါ်ခင်လှက လုံးဝ ဆင်းမပေးတဲ့ နေထိုင်သူတွေ အိမ်ပေါ်ကနေ ဆင်းပေး ရန်အတွက် အိမ်ခြံ မြေနှင့်ပတ်သက်သည့် ကိစ္စအဝဝ ကိုသိသော သူထံ ရောက်လာပါတယ် ။
“ အိမ်ငှားက ကျွန်မတို့ အိမ်မှာ လခမပေးပဲ နေခွင့်ပြုထားလို့ နေထိုင်လာတာ တော်တော်လေး ကိုကြာ နေပါပြီ အခု အိမ်ပေါ်ကနေ ဆင်းပေး ဖို့တောင်းဆို တော့လည်း လုံးဝဆင်းမပေး နိုင်ပါဘူးတဲ့ ရှင့် ၊ ကျွန်မ ဘယ်လို လုပ်သင့်လဲ ”
“ သူတို့ နေထိုင် လာတာ ၁၂ နှစ် ကျော်ပြီလား ဟ ”
“ ၁၂ နှစ် မကျော်သေး ပါဘူးရှင့် ၊ ၂ နှစ်ခွဲ ကျော်ကျော်ပဲ ရှိသေးတာပါ ”
“ အဲဒါ ဆိုရင် သူတို့ကို အခွင့်အမိန့် အရနေထိုင် သူများအဖြစ် နှင်လိုမှု့ နှင့်စွဲဆို ခွင့်ရှိတယ် ”
“ တကယ်လို့ များ ၁၂ နှစ်ကျော်ရင် ဘာဖြစ်လို့ပါလဲ ”
“ ၁၂ နှစ်ကျော်နေထိုင်လာတယ်ဆိုရင်တော့ ကာလ စည်းကမ်းသတ် အက် ဥပဒေ အရ ပိုင်ရှင်တွေက တရားစွဲဆို ဖယ်ရှားပိုင် ခွင့်မရှိကြတော့ လို့ပါ ။ ဒီလိုမျိုး တရားစွဲ ဆိုင်ခွင့် မရခဲ့ကြတဲ့ သူတွေစတဲ့ သာဓကများ ရှိပါတယ် ”
" အဲဒါ ဆိုရင် အဲဒီ သူတွေကို အခွင့်အမိန့်အရ နေထိုင်သူများ အဖြစ် နှင်လိုမှု့ နှင့်စွဲဆိုပြီး ကျွန်မဘက်က ခိုင်မာတယ် ဆိုတော့ အနိုင်ရနိုင် တာပေါ့ ဟုတ်လား"
" ဟုတ်ပါတယ် ခင်ဗျာ "
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...