အိမ်ရှင် နှင့် အိမ်ငှား

အိမ်ရှင် နှင့်  အိမ်ငှား

      “   ကျွန်မ  အိမ်ကနေ အိမ်လခ   မပေးပဲ   နေခိုင်းထားတာ  ဘယ်လောက်လောက်   တောင်ကြာနေပြီလဲ
ကျွန်မက တစ်လအတွင်း  ဆင်းပေးဖို့  တောင်းဆို  ခဲ့တာကို ရှင်တို့က ဆင်းမပေး  တဲ့အပြင် ဟက်ကော့ကြီး  နေပြီး  ကျွန်မကို  ကြည့်နေလိုက်  ကြသေးတယ်  ပေါ့လေ  ”


            အခု လိုမျိုး  စိတ်ဆိုး မာန်ဆိုးနဲ့  ရွတ်ရင်း  ဒေါ်ခင်လှ  တစ်ယောက် သူ့အမေ အမည်ပေါက် အိမ်သို့ သွားကာ 
ထို  အိမ်မှာ  နေထိုင်နေကြ  ကုန်သော ဒေါ်စောထွေး တို့ မိသားစုအား ထိုအိမ်မှ ဆင်းပေးရန်  နှင်ချ  ပါတယ် ။
ဒေါ်စောထွေး  ဆိုသူက  လည်း


          “  ဒီအိမ်မှာ  နေလာတာ နှစ်တွေလည်း  အတော်  ပေါက်နေပြီ ဒီအိမ်ကနေ လုံးဝဆင်း  မပေးနိုင်  ပါဘူး ” လို့
ဆိုပါတယ် ။ အဲဒီ  အခါမှာ ဒေါ်ခင် လှက 
“ အဲဒါ ဆိုရင်လည်း ရှင် နဲ့ ကျွန်မ တရားရုံမှာ တရားရင်ဆိုင်ဖို့  အသင့်ပြင်  ထားပေတော့  ” ဟူ၍ စိတ်ဆိုးမာန်  ဆိုး  နှင့်  ပြောပြီး  ထွက်ခွာသွား ပါတယ် ။

 

              ထို့ နောက် အိမ်ရှင်  ဖြစ်တဲ့ ဒေါ်ခင်လှက လုံးဝ  ဆင်းမပေးတဲ့ နေထိုင်သူတွေ အိမ်ပေါ်ကနေ ဆင်းပေး ရန်အတွက် အိမ်ခြံ မြေနှင့်ပတ်သက်သည့် ကိစ္စအဝဝ ကိုသိသော သူထံ  ရောက်လာပါတယ် ။

“  အိမ်ငှားက ကျွန်မတို့  အိမ်မှာ  လခမပေးပဲ  နေခွင့်ပြုထားလို့  နေထိုင်လာတာ  တော်တော်လေး  ကိုကြာ  နေပါပြီ အခု အိမ်ပေါ်ကနေ ဆင်းပေး  ဖို့တောင်းဆို  တော့လည်း လုံးဝဆင်းမပေး  နိုင်ပါဘူးတဲ့  ရှင့် ၊ ကျွန်မ ဘယ်လို လုပ်သင့်လဲ ”

 

“ သူတို့  နေထိုင်  လာတာ ၁၂ နှစ် ကျော်ပြီလား ဟ ”
“  ၁၂ နှစ်  မကျော်သေး  ပါဘူးရှင့်  ၊  ၂  နှစ်ခွဲ ကျော်ကျော်ပဲ  ရှိသေးတာပါ ”
“ အဲဒါ  ဆိုရင် သူတို့ကို အခွင့်အမိန့်  အရနေထိုင်  သူများအဖြစ် နှင်လိုမှု့  နှင့်စွဲဆို  ခွင့်ရှိတယ် ”
“ တကယ်လို့  များ ၁၂ နှစ်ကျော်ရင်  ဘာဖြစ်လို့ပါလဲ ”


 ၁၂ နှစ်ကျော်နေထိုင်လာတယ်ဆိုရင်တော့ ကာလ စည်းကမ်းသတ် အက် ဥပဒေ  အရ ပိုင်ရှင်တွေက တရားစွဲဆို  ဖယ်ရှားပိုင်   ခွင့်မရှိကြတော့ လို့ပါ ။  ဒီလိုမျိုး  တရားစွဲ  ဆိုင်ခွင့်  မရခဲ့ကြတဲ့ သူတွေစတဲ့ သာဓကများ ရှိပါတယ် ”
" အဲဒါ ဆိုရင် အဲဒီ သူတွေကို အခွင့်အမိန့်အရ နေထိုင်သူများ အဖြစ် နှင်လိုမှု့  နှင့်စွဲဆိုပြီး ကျွန်မဘက်က ခိုင်မာတယ်  ဆိုတော့ အနိုင်ရနိုင် တာပေါ့  ဟုတ်လား"

"  ဟုတ်ပါတယ်  ခင်ဗျာ "

 

Related Posts

အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း

 အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ

- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း

၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ -  ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate