ငွေတိုးချေးစားသူများ နှင့် တရားစွဲဆိုခွင့်
ငွေတိုးချေးစားသူများ နှင့် တရားစွဲဆိုခွင့်
=======================
ငွေတိုးချေးစားသူများအက်ဥပဒေကို ၁၉၄၅
ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည်၊၊ ၁၉၆၂ ခုနှစ်
တွင် ယင်းဥပဒေကို ပယ်ဖျက်၍ ၁၉၆၂ ခုနှစ်
ငွေတိုးချစားသူများ အက်ဥပဒေကို အသစ်
ရေးဆွဲခဲ့သည်။ သို့ရာတွင် ဥပဒေ အသစ်ကို
အမိန့်ကြော်ငြာစာ ထုတ်ဆင့်၍ အတည်မပြု
သေးပေ။ ထို့ကြောင့် ယခုအခါ ၁၉၄၅ခုနှစ်
ငွေတိုးချစားသူများ အက်ဥပဒေသာလျှင်
အတည်ဖြစ်လျက်ရှိသည်၊၊
(ဒေါ်တင့် နှင့် ဒေါ်သန်းမေ၊ ၁၉၆၆ ရုံးချုပ် ၁၁၉၇)။
ငွေတိုးချစားသူများသည် မှတ်ပုံတင်ရန်လိုသည်။
မှတ်ပုံတင်ရှိမှသာလျှင် တရားရုံးတွင် အနိုင်ဒီကရီ
ရနိုင်မည်။ မှတ်ပုံတင်လက်မှတ်မှာ အနိုင်ဒီကရီ
ချမှတ်နိုင်ချိန်တွင် အတည်ဖြစ်ရန်လိုသည်။
မှတ်ပုံတင် သက်တမ်းကုန်ဆုံးနေလျှင်သော်
လည်းကောင်း၊ အသစ်မလဲလှယ်ရသေးလျှင်
သော်လည်းကောင်း အနိုင်ဒီကရီမရနိုင်ပေ။
အနိုင်ဒီကရီ ရပြီးပြန်လျှင်လည်း မှတ်ပုံတင်
လက်မှတ် သက်တမ်းရှိနေမှသာလျှင် ဒီကရီအတိုင်း
ဆောင်ရွက်စေ လိုမှု လျှောက်ထားနိုင်ခွင့်ရှိသည်။
ငွေချေးစားသူသည် မူလ တရားမကြီးစွဲဆိုစဉ်က
ငွေချေးစားသူ ဟုတ်,မဟုတ် ဆိုသည့် ပြဿနာ
မပေါ်ပေါက်ခဲ့၍ အဆုံးအဖြတ် မရှိစေကာမူ
ဒီကရီရရှိ၍ ဒီကရီအတိုင်း အကျိုးသက်ရောက်
အောင် ဆောင်ရွက်ရန် လျှောက်ထားမှု့တွင်
တရားရှုံးက တရားနိုင်သည် ငွေချေးစားသူဖြစ်
ကြောင်း ကန့်ကွက် ပိုင်ခွင့်ရှိသည်။ မှတ်ပုံတင်
မယ့်ငွေချေးစားသူ ဟုတ်, မဟုတ် ဆိုသည့်
အချက်ကို ယင်းအမှုမျိုးတွင် စိစစ်ခွင့်ရသည်။
ငွေတိုးချေးလျှင် အာမခံနှင့် ချေးယူသည့်
ငွေအတွက် ကျပ်တရာလျှင် အတိုးတကျပ်
သာရခွင့်ရှိသည်။ အာမခံမရှိပဲ ငွေချေးလျှင်
တလတကျပ်ခွဲနှုန်းသာရယူခွင့်ရှိသည်။ သို့ရာတွင်
အတိုးအရင်းပေါင်းပြီး အတိုးနှုန်းထပ်ယူသည့်
စာချုပ်လုပ်ထားလျှင် ၎င်းစာချုပ်သည်
ပျက်ပြယ်သည်။အတိုးသည်ငွေရင်း၏ တဆ
ထက်ပို၍ ရနိုင်ခွင့် မရှိပေ။ငွေချေးရာတွင်
စာချုပ်စာတမ်း ရေးမှတ်ရာ၌ ချေးယူငွေကို
အတိအကျဖော်ပြနိုင်ရန်လိုသည်။ ထိုနည်းအတူ
အတိုးနှုန်း၊ စာချုပ်နေ့စွဲနှင့် ပေးဆပ်ရန် အချိန်
ကာလ စသည်တို့ကိုလည်း တိကျပြည့်စုံစွာ
ရေးရန်လို သည်။အဆိုပါ အချက်များကို မရေးပဲ
ကွက်လပ်ဗလာထားရှိပါက ယင်းစာချုပ်သည်
ပျက်ပြယ်သည်။
လက်ရှိဥပဒေအရ ငွေထုတ်ချေးသည့်အလုပ်ကို
လုပ်ကိုင်သူအား ငွေတိုးချစားသူဟုခေါ်ဆိုရမည်။
ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခုအနေဖြင့်
လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု
ခေါ်ဆိုနိုင်မည်ဖြစ် သည်။လုပ်ငန်းအနေဖြင့်မဟုတ်ပဲ
မိတ်ဆွေတဦးအား ကူညီသည့်အနေဖြင့် တခါတရံသာ
ငွေထုတ်ချေးခြင်းဖြစ် ပါမူ ထိုသူကို ငွေတိုးချစားသူ
ဖြစ်သည်ဟု သတ်မှတ်ခြင်း မပြုနိုင်။
ငွေထုတ်ချေးသည့် လုပ်ငန်းတခုတည်းကို အသက်
မွေးဝမ်းကျောင်း အလုပ်အဖြစ် လုပ်ကိုင်စားသောက်
သူကိုမှသာ ငွေတိုးချစားသူ ဖြစ်သည်ဟု
ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ကောက်ယူရန်
မသင့်ပေ။ ဥပမာ လူတစ်ယောက်သည်
ကုန်သည်အလုပ်ကို လုပ်ကိုင်ရင်း
ငွေချေးလုပ်ငန်းကိုလည်း လုပ်နေပါမူ
ထိုသူအား ငွေတိုးချစားသူ ဖြစ်သည်ဟု
ကောက်ယူရမည်ဖြစ်သည်၊၊ထိုသူသည် သာမန်
ကုန်သည် တယောက်သာ ဖြစ်သည်ဟု မဆိုနိုင်ပေ။
လူတဦးတယောက်သည် ငွေထုတ်ချေးခြင်းကို
လုပ်ငန်းတခုအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း
ရှိ,မရှိဆိုသော အဖြစ်ပေါ်မူတည်၍ ထိုသူသည်
ငွေတိုးချစားသူ ဟုတ်,မဟုတ် ဆိုခြင်းကို
ဆုံးဖြတ်ရပေမည်။ ထိုသို့ အဖြေရှာရာတွင်
ငွေတိုးချစားသည့်အလုပ်ကို ထင်ထင်ပေါ်ပေါ်
လုပ်ကိုင်သူနှင့် တိတ်တဆိတ်လုပ် ကိုင်သူဟူ၍
နှစ်မျိုးနှစ်စားရှိခြင်းကို သတိပြုရမည်။
အတည့်အလင်း ငွေတိုးချေးစားသူကို အလွယ်
တကူနှင့် သိနိုင်မည်ဖြစ်သော်လည်း တိတ်တဆိတ်
လုပ်သူကိုမူ ဖော်ထုတ်ရန် မလွယ်ကူပေ။အခြေ
အနေနှင့် ပတ်ဝန်းကျင် အထောက်အထားများ
အပေါ် မှီငြမ်းပြု၍ ဖော်ထုတ်ရမည်ဖြစ်သည်။
ရွှေကုန်သည်တယောက်သည် ကုန်သည်လုပ်ငန်းကို
ထင်ထင်ပေါ်ပေါ် လုပ်နေသူဖြစ်သော်လည်း
လူလေး ငါးဦးအား ငွေတိုးယူ၍ ချေးနေကြောင်း
ပေါ်လွင်ထင်ရှားလျှင် ထိုသူသည်
ငွေတိုးချစားသူဖြစ်သည်ဟု ကောက်ယူ
ဆုံးဖြတ်နိုင်သည်။
( ဦးထွန်းရွှေ နှင့် ဦးဝင်း၊ ၁၉၆၇ ရုံးချုပ် ၁၄၅)။
ငွေတိုးချစားသူတဦးသည် မှတ်ပုံတင်လက်မှတ်မရှိပဲ
ငွေရလိုမှု တရားစွဲဆိုလျှင် တရားရုံးက ၎င်း၏
အမှုကို ပလပ်ရမည်ဟူ၍ ယခင်က စီရင်
ဆုံးဖြတ်ခဲ့ဖူးသော်လည်း တရားရုံးချုပ်၏
နောက်ဆုံးစီရင်ထုံး များ အရမူယင်းအမှုမျိုးကို
ပယ်ရန်မဟုတ်ပေ။ ယင်းအမှုကို ဒီကရီချမပေးပဲ
ရပ်ဆိုင်းထားရန်သာဖြစ်သည်။
(ဦးထွန်းလှိုင် နှင့် ဦးချစ်လှ၊ ၁၉၇၀ ရုံးချုပ် ၁၈၅) ။
ငွေတိုးချစားသူတဦးသည် ၎င်းရရှိထားသည့်
အနိုင်ဒီကရီအတိုင်း ဆောင်ရွက်ပေးရန်
လျှောက်ထားခြင်း မပြုရဟု တားမြစ်ခြင်းမရှိပေ။
ဇာရီရုံးအနေဖြင့် ယင်းလျှောက်လွှာကို
လက်ခံပြီးလျှင် တရားရှုံး၏ ကန့်ကွက်ချက်
အရသော် လည်းကောင်း ၊ တရားနိုင်၏
တောင်းဆိုချက်အရ သော်လည်းကောင်း၊
ယင်းဇာရီမှုကို ပိတ်ထားရန်သာ ရှိသည်။
(ဦးစံတင် နှင့် ဘာနာစီလား ပါ ၂၊
၁၉၆၉ ရုံးချုပ် ၂၃၂ )။
မြီရှင်တဦးသည် မြီစားထံမှ ချေး
ငွေအတိအကျကို စာဖြင့်ရေးသားဖော်ပြချက်၊
အတိုးနှုန်း၊ချုပ်ဆိုသည့်ရက် စသည်တို့ကို
ကွက်လပ်ထားရှိသည့် အော်ဒီမန်စာချုပ်ကို
ယူမထားနိုင်ပေ။ယင်းသို့ ကွက်လပ်များပါသော
အော်ဒီမန်စာချုပ်မှာ ပျက်ပြယ်သည်။
အခြားဥပဒေများက မည်သို့ပင် ဆိုထားစေကာမူ
ငွေချေးစားသူများ အက် ဥပဒေအရ
ယင်းစာချုပ် သည် ပျက်ပြယ်၍
ယင်းစာချုပ်ကိုမူ တည်ပြီး တရားစွဲဆိုခွင့်မရှိပေ။
[ကာမလင်ဆင်း နှင့် ယူစီပေါ(လ်)၊
၁၉၇၀ ရုံးချုပ် ၁၁၆] ။
ငွေရှင်က ငွေချေးသူထံက အတိုးနှုန်းယူရန်
မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်းကို
ငွေချေး စာချုပ်တွင် မဖော်ပြခဲ့လျှင်
ထိမ်ဝှက်ခြင်း မြောက်သောကြောင့်
စာချုပ်ပျက်ပြယ်သည်။ ငွေချေးစဉ်က
အတိုး မည်မျှပေးရမည်ဟု သတ်မှတ်ခြင်းလည်း မပြု၊
စာချုပ်တွင်လည်း ရေး သားဖော်ပြခြင်းမရှိလျှင်
ငွေတိုးချစားသူ မဟုတ်သည့် ငွေရှင်တဦးသည်
ငွေရင်းကို တရားစွဲခွင့်ရှိသော်လည်း
အတိုးကို တောင်းခံစွဲဆိုပိုင်ခွင့် မရှိချေ။
(ကာစီပရာဆပ် နှင့် ဒလစ်ဆင် ၊၁၉၇၁ ရုံးချုပ် ၃၈)။
( ဦးမြစိန် ၊ အသုံးချဥပဒေပေါင်းချုပ် ၊
ဒုတိယအကြိမ်၊၁၉၈၂ မတ်လ၊ စာ ၃၃၅ ) ။
Credit- ဥပဒေရေးရာ
Related Posts
ငွေယုံကြည် အပ်နှံခြင်း ကတိစာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူ သူများ သတိထား
ဒီလို စာချုပ်မျိုး ချုပ်မည် ဆိုလျှင် ငွေယူသူများ သတိထား "စာချုပ်တွင် ကွက်လပ်များ ထား၍ လက်မှတ်ထိုးလက်ဗွေနှိပ်ခြင်း မပြုပါနှင့် ။ငွေယုံကြည် အပ်နှံခြင်း ကတိ စာချုပ်များ ချုပ်ဆို၍ ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ လိမ်လည်မှုဖြင့်တရားစွဲဆို နေကြခြင်း ။ဥ...
ငွေပေးတဲ့ အခါတွေမှာ ကျုပ်က စာချုပ်နဲ့ သေသေချာချာ ပေးတာ ၊၊ ငွေပြန် မပေးနိုင်ရင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ယုံကြည်အပ် နှင်းခြင်း ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ရမရ သိချင်လို့ပါ ။
မိတ်ဆွေကြီး ကိုချစ်တီး ပါလား ၊ မတွေ့တာ အတော်ကြာ ပြီနော် ၊ ဝလို့ဖြိုးလို့ ဝမ်းဗိုက် ကြီးတောင် ရွှဲလို့ပါလား ၊ ကျန်မားရေးလည်း ဂရုစိုက် ဦးနော် ကိုချစ်တီး ။ ။ အခု လိုမျိုး သတိပေးတာ ကျေးဇူးတင် ပါတယ်ဗျာ ၊ အရောက် အပေါက် နည်းသွားတာကအလုပ် တွေမျ...
လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိတာကို မပေးပဲတိမ်းရှောင်နေတဲ့ အတွက် သူ့အိမ်မှာရှိတဲ့ ပစ္စည်းကို ၀င်သိမ်းလို့ ရပါသလား။
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့...