ချေးငွေရလိုမှု တရားစွဲဆိုနည်း

 ချေးငွေ ရလိုမှု တရားစွဲဆိုနည်း


 ======================
  ချေးငွေ ရလိုကြောင်း စွဲဆိုမှုတွင် ရလိုသော

  ချေးငွေပေါ်တွင် ငွေပမာဏ အလျောက် 

  ထမ်းဆောင်ရသည် ။

    တရားလိုက သက်သေပြရန် အချက်များ
  ------------------------------------------------
၁ ။ တရားပြိုင်သည် တရားလိုထံမှ ငွေချေးယူကြောင်း ၊ 

၂ ။ တရားပြိုင်သည် တရားလိုအား ချေးငွေကို 

     အကျေအလည် ပေးဆပ်ခြင်း မပြုကြောင်း ၊

     ချေးငွေအတွက် ချုပ်ဆိုသော စာချုပ် ( ဥပမာ 

    အော်ဒီမံ စာချုပ် ) အရ စွဲဆိုသော အမှုမျိုးမှာ 

    ငွေချေးစာချုပ် ချုပ်ဆိုရာတွင် ချေးငွေအလိုက် 

    ချေးယူသူက တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်

    ရေးထိုးရသည် ။ ကျသင့်သော တံဆိပ်ခေါင်းပေါ်တွင်

    လက်မှတ်ရေးထိုးခြင်း မပြုလျှင် ၄င်းငွေချေးစာချုပ်သည်

    သက်သေခံ မဝင် ။


   ( မှတ်ချက် ၊ စာချုပ်ကို ဒဏ်တပ်ရိုက်ပြီး ( တနည်းအားဖြင့်

     သိမ်းချုပ် လုပ်ပြီး ) သက်သေခံ အဖြစ် လက်ခံခွင့် မရှိ ၊

     တံဆိပ်ခေါင်း ဥပဒေပုဒ်မ ၃၅ ခြွင်းချက် ( က ) )

     ထိုအခါ မြီရှင်ဖြစ်သူ တရားလိုသည် ငွေချေးစာချုပ်

     အပေါ်  မှီငြိမ်းပြု၍ တရားစွဲဆိုခွင့် မရှိ ၊ တရားပြိုင်က

     ငွေချေးယူကြောင်း တရားလိုက အခြားနည်းဖြင့် 

     သက်သေ ထူရသည် ။ ( ဥပမာ ငွေချေးခြင်းကို 

     သိသူအား သက်သေထူခြင်း ) ၊  ငွေချေးစာချုပ်ကို

     မှီး၍ တရားစွဲဆိုရာ၌ ငွေချေးစာချုပ်သည် သက်သေခံ

     မဝင်ကြောင်း တွေ့ရှိရသည့် အခါ တရားလိုအား 

     မူလချေး ငွေရလိုကြောင်း စွဲဆိုနိုင်ရန် အဆိုလွှာကို 

     လိုအပ်သလို ပြင်ဆင်စေ၍ စီရင်ဆုံးဖြတ်နိုင်သည် ၊
     ( အေအိုင်အာ ၁၉၂၅ ရန်ကုန် စာ ၂၈၂ မောင်ရွှေမြတ်

       နှင့် မောင်ဘိုးဆင်း ပါ ၂ )

   ပျက်ပြယ်သော ငွေချေးစာချုပ်များ
   -----------------------------------------
   ငွေချေးသူ ငွေရှင်က ချေးယူသူ မြီစားထံမှ အတိုးနှုန်းယူရန်

   မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်း ကို 

   ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင် စာချုပ်တခုလုံး

   ပျက်ပြယ်သည် ၊ ယင်းစာချုပ်ကိုသာ မှီခိုအားထားကာ 

   ငွေရှင်က တရားစွဲဆိုပိုင်ခွင့် မရှိ ၊
   ( ၁၉၇၁ မတစ ( တရားမ ) စာ ၃၈ ကာစီပရာဆပ် နှင့်

      ဒလစ်ဆင်း )

    မြီရှင်တစ်ဦးသည် မြီစားထံမှ ချေးငွေ အတိအကျဖြင့် 

    ရေးသားဖေါ်ပြခြင်း ၊အတိုးနှုန်း ၊ ချုပ်သည့်ရက် 

    စသည်တို့ အတွက် ဖြည့်စွက်ခြင်း မပြုဘဲ 

    ကွက်လပ်ထားရှိသည့် အော်ဒီမံစာချုပ်ကို 

    ယူမထားနိုင် ၊ ယင်းသို့ ကွက်လပ်များ ပါသော 

    စာချုပ်မှာ ပျက်ပြယ်သည် ၊
    ( ၁၉၇၀ မတစ စာ ၁၁၆ ကာမလင်ဆင်း ပါ ၂ နှင့် ယူစီပေါလ် )

   စည်းကမ်းသတ် ကာလ
  -----------------------------
  သာမန်အားဖြင့် ငွေချေးသည့် နေ့မှ ၃ နှစ် အတွင်း

  တရားစွဲရမည် ။ ငွေချေးသည့်နေ့မှ ၃ နှစ် မကုန်မှီ

   ငွေ ချေးယူသူက စာဖြင့် ရေးသားထားချက် 

   အပေါ်တွင်  ၄င်းကိုယ်တိုင် လက်မှတ်ရေးထိုး 

   ဝန်ခံထားလျှင် ထိုသို့ ဝန်ခံလက်မှတ် ရေးထိုးသည့် 

   နေ့မှ စ၍ ၃ နှစ် အတွင်း တရားစွဲဆိုခွင့် ရှိသည် ၊

   ငွေချေးသည့် နေ့မှ ၃ နှစ် မကုန်မှီ ငွေချေးယူသူက 

   ကြွေးမြီ အတွက် ငွေရင်း အချို့ကို ဖြစ်စေ ၊ 

   အတိုးကို ဖြစ်စေ ၊ ပေးဆပ်ပြီး ထိုသို့

   ပေးဆပ်ကြောင်းကို  ၄င်းကိုယ်တိုင် စာဖြင့် 

   ရေးသားခဲ့လျှင် သို့မဟုတ် စာဖြင့် ရေးသားထားချက်

   အပေါ်တွင်  ၄င်းကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့လျှင်

   ထိုသို့ ပေးဆပ်သည့် နေ့မှစ၍ ၃ နှစ်အတွင်း 

   တရားစွဲဆိုခွင့် ရသည် ။ ငွေချေးယူသူက ငွေဆပ်ရုံဖြင့်

   ထိုနေ့မှ စည်းကမ်းသတ် ကာလကို အသစ်ထပ်မံ 

   ရေတွက်ခွင့် မရချေ ။
   ( ၁၉၄၀ ရန်ကုန်စာ ၆၀၃ ယူဆွတ်ကားရဝါး အများ

      နှင့် မစ္စစ်နီမေးရာ ပါ အများ )

    ငွေဆပ်ကြောင်း ငွေချေးယူသူ က ကိုယ်တိုင် စာဖြင့် 

    ရေးရန် လိုသေးသည် ။ ( လက်မှတ် ရေးထိုးရန် မလို )

    သို့မဟုတ် အခြားသူတစ်ဦးက ငွေဆပ်ကြောင်း 

    ရေးသားထားချက်ပေါ်တွင် ငွေချေးယူသူက 

    ကိုယ်တိုင် လက်မှတ်ရေးထိုးရန် လိုသေးသည် ။

    တရားလိုသည် ငွေတိုးချစားသူ ဖြစ်လျှင် 

    ဒီကရီ ချမှတ် မပေးရ ။

    ဤအမှုများတွင် တရားပြိုင်ဘက်မှ တရားလိုသည်

    ငွေတိုးချစားသူ ဖြစ်သဖြင့် ဒီကရီ ချမှတ်မပေးသင့်ကြောင်း 

    ထုချေ တတ်သည် ၊ ထိုသို့ ထုချေလာလျှင် တရားလိုသည်
    ၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ ဥပဒေပုဒ်မ ၂ ( ၆ ) တွင်

    အဓိပ္ပါယ် ဖွင့်ဆိုထားသည့် ငွေထုတ်ချေးသော အလုပ်ကို

   လုပ်ကိုင်သည့် ငွေတိုးချစားသူ ဟုတ် / မဟုတ် စုံစမ်း

   ဆုံးဖြတ်ရသည် ။

    ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခု အနေဖြင့် လုပ်ကိုင်မှသာ

    ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည် ဖြစ်သည် ။ 

    လုပ်ငန်းအနေဖြင့် မဟုတ်ဘဲ မိတ်ဆွေ တစ်ဦးဦးအား

    ကူညီသည့် အနေဖြင့် တခါတရံသာ ငွေထုတ်ချေးခြင်း 

    ဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူ ဖြစ်သည်ဟု 

    သတ်မှတ်ခြင်း မပြုနိုင် ၊ တဘက်မှလည်း ငွေချေးသည့်

    လုပ်ငန်းတခုတည်းကို အသက်မွေးဝမ်းကျောင်း အလုပ်

    အဖြစ် လုပ်ကိုင်စားသောက်သူကိုမှသာ ငွေတိုးချစားသူ

    ဖြစ်သည်ဟု မဆိုနိုင် ၊


    ( ဥပမာ လူတစ်ယောက်သည် ကုန်သည် အလုပ်ကိုလည်း 

     လုပ်ကိုင်သည့် အပြင် ငွေထုတ်ချေးခြင်း လုပ်ငန်းကိုလည်း

     လုပ်ဆောင်နေပါမူ ထိုသူသည် ငွေတိုးချေးစားသူ ဖြစ်သည် ၊

     သာမန်ကုန်သည် တစ်ယောက် ဖြစ်သည်ဟု မယူဆနိုင်ပေ ၊

      ၁၉၆၇ မတစ စာ ၁၄၅ ဦးထွန်းရွှေ နှင့် ဦးဝင်း  )

     အခြားလုပ်ကိုင် လုပ်ကိုင်စဉ် မိမိ မိတ်ဆွေများအား 

     တစ်နှစ်လျှင် နှစ်ကြိမ် ၊ သုံးကြိမ် ငွေချေးသောသူသည်

     ငွေတိုးချစားသူ ဖြစ်သည် ဟု မယူဆနိုင်ပေ ၊
   ( ၁၉၄၀ မတစ စာ ၄၄၉ ဘစ်ရ်ှဝါးနတ်ရိုင်း နှင့် ကာရှီနတ်ရိုင်း )

    တရားလိုသည် ငွေချေးစားသူ ဖြစ်ပါက ငွေချေးစားသူ

    အဖြစ် မှတ်ပုံတင် လက်မှတ် မတင်ပြနိုင်လျှင် ဒီကရီ 

    ချမှတ်ပေးခြင်း မပြုရ ၊ သို့သော် အမှုကို မပယ်ရ ၊ 

    တရားလိုအား မှတ်ပုံတင် လက်မှတ်တင်ပြရန် 

    သင့်လျော် လုံလောက်သော အချိန်ပေးပြီး 

    လက်မှတ်တင်ပြနိုင်သော အခါမှသာ ဒီကရီ 

    ချပေးရန် ဖြစ်သည် ၊
   ( ၁၉၇၀ မတစ စာ ၁၈၅ ဦးထွန်းလှိုင် နှင့် ဦးချစ်လှ )

  အရစ်ကျ ပေးဆပ်ခွင့်ပြုခြင်း ။
  -------------------------------------

  တရားပြိုင်က လျောက်ထားလျင် ချေးငွေကို 

  အရစ်ကျပေးရန် ခွင့်ပြုနိုင်သည် ၊ ချေးငွေ 

  ပေးဆပ်ရန် အမိန့်ချရာ၌ အရစ်ကျ ပေးဆပ်ခွင့်

  ပြုကြောင်းလည်း ဆုံးဖြတ်နိုင်သည် ၊
 ( တရားမကျင့်ထုံးအမိန့် ၂၀ နည်း ၁၁ ) 

   ချေးငွေ ပေးဆပ်ရန် အမိန့်ချပြီးမှ လျောက်ထားလျင်လည်း

   ခွင့်ပြုနိုင်သည် ၊ သို့သော် အမိန့်ချပြီး ၆ လအတွင်း

   လျောက်ထားရန် လိုသည် ။
   ( တရားမကျင့်ထုံး အမိန့် ၂၀ နည်း ၁၁ )

   မူလရုံး၏ ဆုံးဖြတ်ချက်ကို အယူခံဝင်လျှင် 

   အယူခံရုံး ဒီကရီ ချမှတ်သည့်နေ့မှ ၆ လအတွင်း 

   လျောက်ထားရမည် ။
   ( ၁၉၆၅မတစ စာ၁၉၂ ( ရုံးချုပ် ) မောင်ဘုဒင် နှင့် ဦးခင်မောင် ၊

     ၁၉၆၅ မတစ စာ ၉၉၈ (ရုံးချုပ်) ဦးဘိုနီ ပါ ၂ နှင့် ဦးထွန်း ပါ ၂ )

   ဒီကရီကို အရစ်ကျပေးဆပ်ရန် အမိန့်ချရာ၌ 

   အမှုအကြောင်းခြင်းရာ ပတ်ဝန်းကျင် အခြေအနေများကို 

   သုံးသပ်ရန် လိုသည် ၊ သူတပါး၏ ငွေကို ချေးသောသူသည်

   ချေးယူသည့်ငွေ ပြေလည်အောင် ပေးဆပ်ရန် တာဝန် ရှိသည် ၊

   အရစ်ကျ ပေးဆပ်ခွင့် ရနိုင်ရန် သက်သေပြရမည် ။
   ( ၁၉၆၄ မတစ စာ ၂၂၇ အေအင်အဗဒူကရင် နှင့် 

     အက်စ် ရှိတ်အီဘရာဟင် )

    အမှုအကြောင်းခြင်းရာ နှင့် သက်ဆိုင်ရာ ဥပဒေကို 

    လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက်ချသော ဒီကရီငွေကိုသာ

    အရစ်ကျ ပေးသွင်းရန် အမိန့်ချမှတ်နိုင်သည် ၊ နှစ်ဦးနှစ်ဘက်

    သဘောတူညီချက်ဖြင့် တရားပြိုင်က တရားလိုသို့ ပေးဆပ်ရန် 

    ရှိသော ငွေများကို မည်သည့် အရစ်ဖြင့် ပေးဆပ်ရမည် ၊ 

    အရစ်ကျငွေ တစ်ရပ်ရပ် ပေးဆပ်ရန် တရားပြိုင်က 

    ပျက်ကွက်လျှင် မပြေကျန်ငွေ အားလုံးကို ရရှိရန်

    အတွက် တရားလိုက ဇာရီ ပြုလုပ်နိုင်သည်ဟု 

    ဒီကရီချ မှတ်ထားရာတွင် တရားပြိုင်က အရစ်ကျငွေ

    တရစ်ပေးရန် ပျက်ကွက်သဖြင့် တရားလိုက မပြေကျန်ငွေ

    အားလုံး ရရှိရန် ဇာရီ ပြုလုပ်သည့်အခါ တရားပြိုင်က 

    အရစ်ကျ ပေးဆောင်ရန် လျှောက်ထားခွင့် မရှိတော့ချေ ၊
    ( ၁၉၆၂ မတစ စာ ၇၀ ( ရုံးချုပ် ) ဘရမာနန်ဒီဘီယာရာ နှင့်

        ရမ်ဆမှု ဂျီချောင်ဒရီ ပါ ၂ )

    Lawyer's Handbook 

 

     Credit (  ဥပဒေရေးရာ )

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate